Subscribe to our RSS Feed

ကေအိုင်အေ ထောင်ထားသည့် မိုင်းနင်းမိ၍ ဒဏ်ရာရရှိ

From :ရဲဇာနည်

 
၅-၁-၂၀၁၃ ရက်နေ့ ၀၆၃၀ အချိန် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရှရော်ခကျေးရွာနေ ရေမဆေးကျောက်ရှာသူ ဦးလော်စုန်းယိမ်း(၄၂)နှစ်သည် နေအိမ်သို့ရေမလာသဖြင့် ရှရော်ခချောင်းမှ နေအိမ်သို့သွယ်တန်းထားသော တောင်ကျရေလာရာ ပိုက်လိုင်းအတိုင်း လိုက်လံစစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးခဲ့ရာ နေအိမ်နှင့်(၆)ဖာလုံခန့်အကွာအရောက်၌ ကေအိုင်အေ သောင်းကျန်းသူများ ထောင်ထားသည့် မိုင်း(၁)လုံး နင်းမိပေါက်ကွဲခဲ့သဖြင့် ၀ဲလက်ဖျံမိုင်းစထိမှန်၊ ၀ဲဘက်ပေါင် မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့၍ ဖားကန့်မြို့နယ်ပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသလျက်ရှိကြောင်း သတင်းရရှိသည်။
www.MyanmarExpress.net
 

1 comments:

Kia ကို အ ပြတ်ချေမှုန်းပေစေခြင်ပါတယ် ကချင်ပြည်သူတွေ ငြိမ်းချမ်းစေ ချင်လို့ပါ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်