From : mrtv4
www.MyanmarExpress.net
ဂျပန်သုတေသန ပညာရှင်တွေဟာ iPS ဆဲလ်နည်းပညာကို အသုံးပြုပြီး ကင်ဆာ ကိုတိုက်ဖျက်နိုင်တဲ့ T ဆဲလ်တွေကို အောင်မြင်စွာ ဖန်တီး
ထုတ်လုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ တီလ်ဆဲလ် ဒါမှမဟုတ် သွေးဖြူဆဲလ်လို့ခေါ်တဲ့ အဆိုပါ ဆဲလ်တွေဟာ ကင်ဆာရောဂါ တိုက်ဖျက်ရာမှာ အဓိက အခန်းကဏ္ဍက ပါဝင်ပါတယ်။ တိုကျိုးဆေးသိပ္ပံ တက္ကသိုလ်မှ ပရော်ဖက်ဆာ Hiromitsu Nakauchi ဦးဆောင်တဲ့ သုတေသနအဖွဲ့ဟာ တီဆဲလ် လို့ခေါ်တဲ့ သွေးဖြူဆဲလ်တွေကို HIV ပိုးကူးခံနေရတဲ့ ဝေဒနာရှင်တွေရဲ့ သွေးထဲကနေ ထုတ်ယူခဲ့ပြီး iPS ဆဲလ်တွေအဖြစ် ပြန်လည်စီမံခဲ့ပါတယ်။
အဆိုပါ iPS ဆဲလ်တွေဟာ ဖန်တီးပြုလုပ်ထားတဲ့ ဆဲလ်အမျိုးအစား ဖြစ်ပြီး လူ့ခန္ဓာကိုယ်ရဲ့ ဘယ်လိုတစ်ရှူးမျိုးကိုမဆို ဖန်တီး ဖြစ်ပေါ်စေနိုင်ပါတယ်။ သိပ္ပံပညာရှင်တွေဟာ အခြားသွေးဖြူဆဲလ်တွေနဲ့အတူ iPS ဆဲလ်တွေကို တီလ်ဆဲလ်အသစ်တွေ ဖန်တီးဖို့အတွက် ၁၀ပတ်ကြာ ပြုစုပျိုးထောင်ခဲ့ရပါတယ်။ အဲ့ဒီလို ပြုစုပျိုးထောင်ထားတဲ့ တီဆဲလ် အသစ်တွေဟာ ကင်ဆာရောဂါနဲ့ အေအိုင်ဒီအက်စ် ရောဂါတွေကုသရာမှာ အသုံးပြုနိုင်ဖို့ စွမ်းရည် ရှိနိုင်သလို မူလကရှိခဲ့တဲ့ တီဆဲလ်တွေထက် ၁၀ကြိမ်မှ အကြိမ် ၁၀၀အထိ မြန်မြန်ဆန်ဆန် ဆဲလ်တိုးပွားမှုကို ဖြစ်ပေါ်စေပြီး သက်တမ်းရှည်ရှည် နေထိုင်နိုင်တာကို ပညာရှင်တွေက လေ့လာ တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

1 comments:
1 step closer to make resident evil into reality
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်