Subscribe to our RSS Feed

အပစ်အခတ်ရပ်စဲရေးမှသည် နိုင်ငံရေးစကားဝိုင်းဆီသို့

From : Yangon Media Group


ဇန်နဝါရီလ၅ရက်နေ့ ညနေ၄နာရီက နေပြည်တော်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ကရင်အမျိုးသား အစည်း အရုံး(KNU)ဥက္ကဋ္ဌသစ် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးတို့ လက်ဆွဲတွေ့ ဆုံနှုတ်ဆက်သည့်မြင်ကွင်းသည် ၂၀၁၃ ခုနှစ် နှစ်သစ် အတွက် ထူးခြားကောင်းမွန်၍ မင်္ဂလာရှိသော မြင်ကွင်းဖြစ်သည်ဟု ဆိုရပေမည်။ တစ်နည်း အားဖြင့် ယင်းသည် ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် အားတက်စရာ ပြယုဂ်လက္ခဏာ တစ်ရပ် လည်း ဖြစ်ပေ သည်။

ယင်းအခြေအနေသည် လွန်ခဲ့သည့်ရက်များက တင်းမာ မှုအရှိန်အဟုန်မြင့်မားလာနေခဲ့သည့် ကချင်ဒေသတိုက်ပွဲ သတင်း များကြားတွင် အားလျော့စိတ်ပျက်ဖွယ် အခြေအနေ ကို ပြန်လည်အားသစ်လောင်းပေးလိုက်သလို အနေအထား လည်း ဖြစ်ပေသည်။ မည်သည့်တိုင်းနိုင်ငံများ၏ ငြိမ်းချမ်းရေးခရီး လမ်းတွင်မဆို ငြိမ်းချမ်းရေး သည် သေနတ်ပြောင်းဝတွင်ရှိ မနေဘဲ စားပွဲဝိုင်းများပေါ်မှသာ ပေါ်ထွက်လာနိုင်သည်ကို တွေ့နိုင်ပေသည်။

ကျွန်ုပ်တို့နိုင်ငံ၏ လွတ်လပ်ရေးသက်တမ်းနှင့်အမျှ ပြည်တွင်းစစ်သက်တမ်းသည်လည်း ရှည်ကြာလာခဲ့ပြီဖြစ်ရာ ယင်းကို အဆုံးသတ်နိုင်ရေးသည် အသက်သွေးတမျှ အရေး ကြီးလှ သည်ကို ကျွန်ုပ်တို့နိုင်ငံ၏ အဖက်ဖက်က ချွတ်ခြုံ ကျနေ သော အခြေအနေက ဖော်ပြလျက်ရှိသည်ကို ကျွန်ုပ်တို့အမှန် တကယ် နှလုံးသွင်းဆင်ခြင်နိုင်ရန် အထူးလို အပ်လှပါသည်။

ယင်းကဲ့သို့ပင် ကျွန်ုပ်တို့နိုင်ငံ၏ စည်းလုံးညီညွတ်ရေး ပြိုကွဲမှုသည်လည်း နိုင်ငံလွတ်လပ်ရေးသက်တမ်းတမျှပင် ရှိခဲ့ပြီကိုလည်း ရှည်ကြာလာခဲ့ပြီဖြစ်သော ပြည်တွင်းစစ်များ က သက်သေ ခံလျက်ရှိပါသည်။ ယုံကြည်မှုများ လည်းပြိုကွဲ ခဲ့ရပေသည်။ ယင်းအနေအထားအောက်တွင် ဗမာအပါ အဝင် တိုင်းရင်းသားများအားလုံး ခါးစည်း ခံခဲ့ကြ ရသည် ကို ပြည်တွင်းကွက်ကွက် ကလေးမျှကိုသာမကြည့်ဘဲ အနည်းဆုံး အဆင့် အာရှဒေသနိုင်ငံများနှင့် ယှဉ်လျက်ကြည့်မြင်ပါက  ပိုမိုထင်သာမြင်သာ ရှိသည် ကို တွေ့မြင်နိုင်ပေသည်။ လက်ရှိ အနေအထား တွင် မြန်မာနိုင်ငံ၏ အဆင့်အတန်းသည် ဓားမ နောက်ပိတ်က သတ္တဝါအဆင့် တွင်ရှိနေသည်ကို တွေ့နိုင် ပေသည်။

ထိုအခြေအနေမှ တိုးတက်မြင့်မားလာရေးတွင် တိုင်းရင်း သားအားလုံး၏ စည်းလုံးညီညွတ်ရေးက အဓိကကျ လျက်ရှိ သည်။ သို့မှ ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်ပေမည်။ တိုင်းပြည် ငြိမ်းချမ်းမှုရှိမှ တည်ငြိမ်ကောင်းမွန်သော ပတ်ဝန်း ကျင်ကောင်း များကို ဆင့်ကဲဖန်တီးနိုင်ကာ လူမှုဘဝများ အခြေကျလှပ နိုင်စေမည်ဖြစ်သည်။ ထိုသို့ဖြစ်လာ စေရန် စားပွဲဝိုင်းထဲက စကားလုံးများဖြင့်သာ အဖြေရှာနိုင်မည်ဖြစ်သည်။


ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုဖြစ်စဉ်များမှ ကရင် အမျိုးသားအစည်းအရုံး(KNU)နှင့် အစိုးရသစ်တို့၏ ငြိမ်း ချမ်းရေးဖော်ဆောင် မှုဖြစ်စဉ်များ  ကိုကြည့်ပါက အပစ် အခတ် ရပ်စဲရေးလမ်းကြောင်းကို တစ်ဆင့်ချင်း ခိုင်ခိုင် မာမာ ဖော် ဆောင်နိုင်ပြီးမှသာ နိုင်ငံရေး  စကားဝိုင်းထိုင်သည့် အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည် ကို တွေ့နိုင်ပေ သည်။

ယင်းသို့ ဖြင့် အဆင့်ဆင့်တက်လှမ်းလာခဲ့ပြီးမှသာ ယခုကဲ့သို့ သမ္မတ နှင့် ထိပ်တိုက် တွေ့ဆုံကာ အပြန် အလှန်ယုံကြည်မှုတည် ဆောက်နိုင်ခဲ့ခြင်းဖြစ်သည်ကို တွေ့နိုင်ပေသည်။ ယင်းဥပမာ သည် ထာဝရငြိမ်းချမ်းရေး အတွက် ဥပမာကောင်းတစ်ခုလည်း ဖြစ်ပေသည်။


ယခုမြင်တွေ့ခဲ့ရသော နိုင်ငံတော်သမ္မတနှင့် ကရင်အမျိုး သားအစည်းအရုံး(KNU) ဥက္ကဋ္ဌသစ်တို့၏ တွေ့ဆုံမှုသည် အားလုံးသောတိုင်းရင်းသားအဖွဲ့အစည်းများနှင့် ငြိမ်းချမ်း ရေးတေးသံ စဉ်ကို အမြင့်မားဆုံး အသံညှိ ရန် အချက်ပြလိုက် သည့် လက္ခဏာတစ်ရပ်လည်းဆောင်နေသည်ဟု ယူဆနိုင် ပေသည်။ အကြောင်းမှာ ကချင်ဒေသတွင် တင်းမာမှု အမြင့် ဆုံးအနေအထားတွင် ယခုကဲ့သို့ နိုင်ငံတော်သမ္မတက ကရင် အမျိုးသား အစည်းအရုံး(KNU) ဥက္ကဋ္ဌသစ်နှင့် တွေ့ဆုံလိုက် ခြင်းကြောင့် ဖြစ်သည်။

ယင်းအနေအထားတွင် ထိုဥပမာကိုယူလျက် လက်ရှိဖြစ် ပွားနေသော တပ်မတော်နှင့် ကချင်အဖွဲ့ အစည်းများအကြား အပစ်အခတ်ရပ်စဲရေးကို အလျင်အမြန်အကောင် အထည် ဖော်ဆောင်ကာ နိုင်ငံရေး စကားဝိုင်းသို့ တက်လှမ်းနိုင်ပါစေ ကြောင်း ကျွန်ုပ်တို့က တိုက်တွန်းလိုက်ရပေသည်။

www.MyanmarExpress.net

1 comments:

လွယ် လွယ် လေး ပါ ဒီ မို က ရေ စီ စ နှစ် တိုင်း သွားပေါ့

အ ရည် အ ချင်း ရှိ ရင် သမ္မ တ တောင် လုပ် လို့ ရ တယ်

အ မေ ရိ ကန် စစ် စ တန် ကြိုက် လာုးဗြိ တိန် စ နှစ် ကြိုက် လား

ပြော ကြ ပါ ချော် ပြိး တော့ မ တောင်း ကြ ပါ မဲ့


နိုင် ငံ တော် ပြ ဒါန်း ခွင့် ဥ ပ ဒေ ထဲ မှာ လို ချင် တာ တောင်း ပေါ့

(1) ကိုယ် ပိုင် ပြ ဒါန်း ခွင့် မ တောင်း ရ

(2)မြန် မာ့ တပ် တော် သည် တ ခု တည်း ရှိ ရ မည်

မြန် မာ့ နယ် စပ် အား လုးံ လုံ ခြုံ ရန် တာ ဝန် ရှိ သည်

အဲ ဒါ ဖြစ် အောင် လုပ် ပါ တိုင်း ပြည် မ ကြာ ခင် တိုး တက် လာ ပါ လိမ့် မည်

လ ကောင်း (2) ချက် နှင့် ငြိ စွန်း နေ လျှင် တိုင်ုးပြည် ကြိး
မကြာ ခင်ု ပြို ကွဲ လိမ့် မည်

ပြည် တွင်း စစ် ကြိး ဖြစ် လိမ့် မည်

မ ယုံ လျှင် စောင့် ကြည့် ပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်