Subscribe to our RSS Feed

ရထားပို့ဆောင်ရေး ၀န်ကြီးဌာန မြန်မာ့မီးရထား (မန္တလေး) မှ ၂၀၁၂-၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ရထားလမ်းပိုင်း အဆင့်မြှင့် ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများအတွက် ကျပ်သန်း ၉၀ သုံးစွဲမည်

From :Eleven


ရထားပို့ဆောင်ရေး ၀န်ကြီးဌာန မြန်မာ့မီးရထား (မန္တလေး) မှ ၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအတွက် ငွေကျပ်သန်း ၉၀ သုံးစွဲမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်သော မီဒီယာ တွေ့ဆုံရှင်းလင်းပွဲမှ သိရသည်။

မန္တလေးဘူတာ ရပ်ဝန်းရထားလမ်းပိုင်း၊ မန္တလေး-ရန်ကုန် ရထားလမ်းပိုင်း၊ မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းနှင့် မန္တလေး-မင်းစု ရထားလမ်းပိုင်း
များကို အဆင့်မြှင့်ပြုပြင်ခြင်းများ၊ သစ်သားဇလီဖားတုံး နေရာများတွင် ကွန်ကရစ်ဇလီဖားတုံးများဖြင့် အသစ်လဲလှယ်ခြင်းများ လုပ်ဆောင်
လျက်ရှိကြောင်း သိရှိရသည်။

"ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို မိုင်နှုန်းများလျော့ချနိုင်ဖို့ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်းမှာပဲ အပြီးသတ် လုပ်ဆောင်သွားဖို့ရာ ရှိပါတယ်။ ရထားလမ်းပိုင်း အကြီးစား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ဒီနှစ်ပိုင်းလောက်မှ စလုပ်ဖြစ်တာပါ။ နှစ် ၅၀၊ ၆၀ သက်တမ်းရှိပြီဖြစ်တဲ့ သစ်သား ဇလီဖားတုံးတွေနေရာမှာ ကွန်ကရစ် ဇလီဖားတုံးတွေနဲ့ အစားထိုးနေပါတယ်။ လမ်းမြှောက် ပက်ကင်ရိုက်ဖို့အတွက်ကိုတော့ စက်နဲ့လူအင်အားကို အများဆုံးသုံးရပေမယ့် လူအင်အားကိုတော့ အများဆုံးသုံးရပါတယ်" ဟု တိုင်းအမှတ် (၃) မြို့ပြတိုင်းအင်ဂျင်နီယာမှူးကြီး ဦးမောင်မောင်သန်းက ပြောသည်။

မီးရထားလမ်းပိုင်းများ အကြီးစားအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများတွင် လမ်းလွှဲ၊ လမ်းကူးများ ပြုပြင်ခြင်း၊ တာပေါင်များ ပြုပြင်ခြင်း၊ သံလမ်းပြုပြင်ခြင်းနှင့် သံလမ်းဆက်နေရာ ပြုပြင်ခြင်းများလည်း လုပ်ဆောင်လျက်ရှိကြောင်း သိရှိရပါသည်။


  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်