Subscribe to our RSS Feed

KIA အဖွဲ့သည် အစိုးရကို ပုန်ကန်နေသောသူပုန်အဖွဲ့ဖြစ်ကြောင်း KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင် ကိုယ်တိုင် ထုတ်ဖော်ဝန်ခံပြောကြားခြင်း (ပေးစာ-၂၂၄)

From : ဦးစခုန်ဇော်ရော် (ဝိုင်းမော်)

    ယခုတလော အင်တာနက်စာမျက်နှာတွေပေါ်မှာ အစိုးရတပ်တွေက KIO/ KIA အဖွဲ့အပေါ် လေကြောင်းမှ ပြင်းပြင်းထန်ထန်တိုက်ခိုက်ချေမှုန်းတဲ့သတင်းများနှင့်အတူ ဂယောင်ချောက်ချားနဲ့ သက်ပြင်း တချချလုပ်ပြီး ဘုရားသခင်က တိုက်ခိုင်းလို့ ကျူးကျော်သူဗမာတပ်ကို တိုက်ခိုက်နေရပါတယ်ဆိုတဲ့ ဗိုလ်ချုပ် ဂမ်ရှောင်ရဲ့ Interview ကို အံ့သြဖွယ်ရာ နားထောင်လိုက်ရပါတယ်။


    ဘာဖြစ်လို့ အံသြရသလဲဆိုတော့ ဗိုလ်ချုပ် ဂမ်ရှောင်ရဲ့  Interview ဖြေဆိုချက်တွေအရ   KIA အဖွဲ့ ဟာ အစိုးရကို ပုန်ကန်နေတဲ့ သူပုန်အဖွဲ့ဖြစ်ကြောင်း၊ တရုတ်ဗဟိုအစိုးရက KIA ကို မထောက်ခံပေမဲ့ ယူနန်ပြည်နယ် အစိုးရနဲ့ ရွှေလီမှာရှိတဲ့ တရုတ်စီးပွားရေးသမားများက KIA ကို ထောက်ခံနေကြောင်း၊ တရုတ်ပညာရှင်များ အကူအညီနဲ့ လက်နက်များထုတ်လုပ်သုံးစွဲပြီး တိုက်ပွဲကြီးများကို ရင်ဆိုင်နိုင်တဲ့ စစ်သွေး ကြကချင် လူမျိုးများ စုစည်းမှုရှိနေကြောင်း၊ ကချင်အချင်းချင်း စည်းလုံးညီညွတ်မှုရှိလာပါတယ်လို့ပြောပြီး လချိတ်လူမျိုး အများစုဖြစ်တဲ့ NDAK အဖွဲ့က ဘိန်းစိုက်နေကြောင်း ၊ ဗမာလူမျိုးများက ကချင်တွေကို မူးယစ်ဆေးဝါးရောင်းခိုင်း၊ စိုက်ခိုင်း၊ သုံးစွဲခိုင်းတယ်ဆိုတဲ့ ယုတ္တိမရှိတဲ့စွပ်စွဲချက်တွေနဲ့ ကိုယ့်ကချင်လူမျိုးတွေ ကိုနိမ့်ချပြီး ကချင်တွေဟာ ဘိုးဘွား အစဉ်အဆက်မူးယစ်ဆေးဝါးသုံးစွဲတတ်တယ်ဆိုတဲ့ အကြောင်းအရာ တွေကို မကြောက်မလန့်နဲ့ ခပ်တည်တည် Internet မှတစ်ဆင့် သက်သေခံချက်ဆိုပြီး ကိုယ်တိုင် ထုတ်ဖော်ဝန်ခံ ပြောကြားခဲ့ပါတယ်။ 



အထူးသဖြင့် Interview မေးမြန်းသူရဲ့ ပညာသားပါတဲ့ အတို့အထောင်မေးခွန်းတွေအပေါ် လူမျိုးရေး အမြင်ကျဉ်းမြောင်းတဲ့ ဗိုလ်ချုပ်ဂမ်ရှောင်ရဲ့ ပြောကြားချက်များကြောင့် ကချင်လူမျိုးများကို နိုင်ငံတကာမှ သနားညှာတာမှု၊ မေတ္တာသက်ဝင်မှုမဖြစ်စေဘဲ တယူသန်၊ ခေါင်းမာသူများရဲ့ လက်နက်အားကိုး ၊ အကြောက် တရားနဲ့ ဖိနှိပ်ခံထားရတဲ့ ပညာမတတ်၊ ဆင်းရဲနုံချာတဲ့ ဘ၀ပေးမကောင်းသူလူ့အသိုင်းအ၀န်း အဖြစ်သာ မြင်စေပါတယ်။
    အဆိုးဆုံးကတော့ ဘုရားသခင်ရဲ့အလိုကျ၊ ဘုရားသခင်ရဲ့ ခိုင်းစေချက်ကြောင့် စစ်တိုက်နေရ ပါတယ်ဆိုတဲ့ အယူအဆဟာ ဒီနေ့ကမ္ဘာက လက်မခံတဲ့ အစ္စလာမစ်အစွန်းရောက်အကြမ်းဖက်အဖျက်သမား များရဲ့ အယူအဆနဲ့ထပ်တူ ဖြစ်နေတာကို စိုးရိမ်ဖွယ်ရာ မြင်တွေ့နေရပြီး ဒီလိုလူမျိုးတွေ KIA အဖွဲ့တွင်း ရှိနေခြင်းဟာ ကချင်မျိုးနွယ်စုများအတွက် အလွန် အန္တရာယ်ကြီးပါတယ်။
   

 
ဗိုလ်ချုပ်ဂမ်ရှောင်ရဲ့အမိန့်အရ ဒီနေ့ ကချင်ပြည်နယ်အတွင်းမှာ စစ်ပွဲများနဲ့  မဆိုင်တဲ့ တံတားတွေကို မိုင်းခွဲဖျက်ဆီးတာ၊ အပြစ်မဲ့တဲ့ ကချင်လူငယ်တွေ ကိုယ့်မိုင်းကိုယ်ကွဲပြီး သေကြေပျက်စီး ရတာ၊ အဖိုးအဖွား ကလေးငယ်တွေ ဒုက္ခသည်စခန်းကို ရောက်ရှိရတာ၊ အေးချမ်းစွာလုပ်ကိုင်စားသောက်နေတဲ့ ပြည်သူလူထုကို အခွန်ဆိုပြီး မတရားသဖြင့် ဆက်ကြေးကောက်ခံတာတွေကို ဘုရားသခင်ခိုင်းလို့ လုပ်ရပါတယ်ဆိုတာကတော့ ရူးကြောင်ကြောင် သွေးရူးသွေးတန်းစကား ဖြစ်ပါတယ်။ သူပုန်အဖွဲ့ရဲ့ အဖျက်လုပ်ရပ်တွေကို ကျွန်တော်တို့ ကချင်လူမျိုးများ အပါအ၀င် ယဉ်ကျေးတဲ့လူ့အသိုင်းအ၀န်းက လက်ခံမယ်မထင်ပါဘူး။ ဒါ့ကြောင့်လည်း ဘုရားသခင်ရဲ့ အမည် နာမတော်နဲ့ သမ္မာကျမ်းစာတွေကို အစွန်းရောက်ပြီး အဓိပ္ပါယ်ကောက်မှားတဲ့ တစ်နေ့သုံးကြိမ် ဘုရားဝတ်ပြုတဲ့ စာတန်ဂမ်ရှောင်ကို ဘုရားသခင်ရဲ့အလိုတော်ကျ တပည့်များကလက်စွမ်းပြ လိုက်ပြီဖြစ် ပါတယ်။ ဗိုလ်ချုပ် ဂမ်ရှောင်ကို ဘုရားသခင် ကောင်းချီးပေးပါစေ.....

 www.MyanmarExpress.net

 

2 comments:

So boring news....kia nld zaganar. Kyaw thu lu min zin wine and daw su etc...for MEG..daly news really shit..

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်