ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့ညနေ ၆ နာရီတွင် နေပြည်တော်ရှိ တော်ဝင်ကုမုဒြာ ဟိုတယ်၌ ကျင်းပရာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ
ရှေးဦးစွာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက နိုင်ငံတော်အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့အနေဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိသည်အထိ အတူလက်တွဲပူးပေါင်း ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတကြီးက KNU ခေါင်းဆောင်များနှင့် မကြာခဏ တွေ့ဆုံသွားရန် ဖိတ်ကြားထားပါကြောင်း၊ ယနေ့ နိုင်ငံတော်သမ္မတကြီးနှင့် တွေ့ဆုံဆွေးနွေးမှုသည် အောင်မြင်သည့် ဆွေးနွေးပွဲတစ်ခု ဖြစ်ပါကြောင်းဖြင့် ပဏာမ ရှင်းလင်းပြောကြားသည်။
ထို့နောက် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက နိုင်ငံတော်သမ္မတ၏ ဖိတ်ကြားချက်အရ ယခုကဲ့သို့ လာရောက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံရာတွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ပထမဦးစွာ အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ရပါကြောင်း၊ ဆက်လက်၍ ပီပီပြင်ပြင် ဖြစ်လာသည်အထိ ဆွေးနွေးသွားရမည် ဖြစ်ပါကြောင်း၊ ယခု ကချင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ကိစ္စသည် ဆက်လက်တွေ့ဆုံဆွေးနွေးရန် အနှောင့်အယှက် မဟုတ်သော်လည်း အဟန့်အတား အနည်းငယ် ဖြစ်စေခဲ့ပါကြောင်း၊ သို့သော်လည်း ဆက်လက်၍ ငြိမ်းချမ်းရေး ပီပြင်လာအောင်၊ ပြေလည်လာအောင် ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကချင်ပြည်နယ် ကိစ္စကိုလည်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖြင့် ဆွေးနွေးခဲ့ကြောင်း ပြောကြားသည်။
ယင်းနောက် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာကြသည့် သတင်းထောက်များ၏ မေးမြန်းချက်များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။
www.MyanmarExpress.net



1 comments:
Boo! Wow!
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်