Subscribe to our RSS Feed

တစ်ပတ်အတွင်းလဂျားယန်တောင်ကြားရှိ ပွိုင့် ၇၇၁ စခန်းအပါအ၀င် စခန်းများစွာအား အစိုးရတပ်များမှ သိမ်းပိုက်ခဲ့

From : http://www.oppositeyes.info/2013/01/blog-post_8730.html

KIA ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့အား သဘာဝတံတိုင်းအတားအဆီးသဖွယ်ကာရံထားသော လဂျားယန် တောင်ကြော ရှိ ပွိုင့် ၇၇၁ စခန်းအပါအ၀င် KIA အခြေစိုက်စခန်းများအား ၂၀၁၂ ဒီဇင်ဘာ ၃၀ ရက်နေ့မှ စ၍ မြန်မာ စစ်တပ်မှ ဆက်တိုက် သိမ်းယူခဲ့ကြောင်း လဂျားယန်စခန်းတွင် တာဝန်ကျနေသော မြန်မာ စစ်တပ်မှ အရာရှိတစ်ဦးမှ ပြောကြားခဲ့သည်။ 
ယခုအခါ ပွိုင့် ၇၇၁ စခန်းအပါအ၀င် KIA ခံစစ်စခန်းတွေကို တပ်မတော်က ဆက်တိုက်ဆိုသလို သိမ်းပိုက် ခဲ့ပါတယ်။ လဂျားယန်ကြောကို ကောင်းကောင်းထိန်းထားနိုင်ပြီး ရဟတ်ယာဉ် တွေနဲ့ ရိက္ခာ၊ ခဲယမ်းတွေ ပို့နေ ပါပြီ။ မနေ့က လဂျားယန် စခန်းတောင်ဘက် မိုးလဲချောင်းရဲ့ တောင်ဘက် တောင်ကုန်းမှာရှိတဲ့ KIA ခံစစ်စခန်းတွေ အားလုံးကို ညနေစောင်းလောက်မှာ သိမ်းမိပါတယ်။
 KIA တွေခုခံမှု သိပ်မရှိတော့ဘူး၊ တိုက်မလို့ လက်နက်ကြီး စပစ်တာနဲ့ စခန်းပေါ် ကဆင်းပြေးကြ တာများပါတယ်ဟု ပြောဆို သွားသည်။ ယခုကဲ့သို့ KIA တပ်ဖွဲ့ဝင်များမှ ခုခံမှုကြီးကြီးမားမားမရှိဘဲ စခန်း စွန့်ခွာ ထွက်ပြေးနေမှု များကြောင့် ဌာနချုပ်လိုင်ဇာအား ၀န်းရံထားသော တောင်တန်းများအားလုံး ယခု ရက်ပိုင်း အတွင်း အစိုးရစစ်တပ် လက်အတွင်းသို့ ကျရောက်ဖွယ်ရှိကြောင်းသိရှိရသည်။
KIA အဖွဲ့၏ ၀ါဒဖြန့် Facebook စာမျက်နှာများတွင် စစ်တပ်သည် KIAအား ဇန်န၀ါရီလ (၈)ရက်အထိ တိုက် ၍ မနိုင်ပါက ဇန်န၀ါရီ(၉)ရက်နေ့မှ စ၍ လေယာဉ်ပေါ်မှ ဓါတုလက်နက်များနှင့် တိုက်ခိုက်သွားမည် ဟု ၀ါဒဖြန့်ထားသည်ကိုတွေ့ရှိရသည်။ ၎င်းဝါဒဖြန့်ချိမှုနှင့် ပတ်သက်၍ မြန်မာစစ်တပ်မှ အရာရှိကြီး တစ်ဦး က သူ တို့တွေစခန်းက ထွက်ပြေးရင်အရှက်မရအောင် ကြိုပြီးပြောထားတဲ့ သဘောပါ။ ကျွန်တော်တို့ တပ်မတော်မှာ ဓါတုလက်နက်သုံးတယ်ဆိုတာ ထုံးစံလဲမရှိပါဘူး။ သုံးလဲမသုံးပါဘူး ဟုပြောဆိုသွားသည်။
 www.MyanmarExpress.net
 

6 comments:

အ ကုန် ရှင်း ပေး ပါ ဒါ မှ စစ် မှန် တဲ့ငြိမ်း ချမ်း ရေး ရ မှာ ပါ တပ် မ တော် ကို ထောက် ခံ ရင်း ဂုဏ် ပြု ပါ တယ်

ကောင်းတယ်ဗျို့။ုမြန်မာ့တပ်မတော်ကွ သမိုင်းတကျော့ပြန်လာပါပြီ။အရင်ကလည်း ဒီကောင်တွေကို ဒီလိုဦးချိုးခဲ့တာပဲ။အခုတစ်ခါတော့အမြစ်ဖြုတ်ပစ်ပါ မြန်မာ့တပ်မတော်။

ကြိုက်တယ်ဗျာ ဆက်လုပ်ကြပါ ကိုယ်ကောင်းစားပြီးတပည့်တွေကောကချင်ပြည်သူတွေပါဒုက္ခရောက်အောင်လုပ်တဲ့kia/kioခေါင်းဆောင်တွေကိုမုန်းတယ်ဗျာ ဖြစ်နှိင်ရင်နောင်ဘယ်တော့မှပြန်ပြီးနာလန်မထူအောင်လုပ်ပေးစေချင်ပါတယ်။

If they don't accept peace talk, hit them hard for peace!

Myanmar patriotic Army is coming to crush KIA
terrorist group

ကချင်ပြည်သူတွေ မြန်မာပြည်သူတွေ စိတ်မချမ်းသာ

အောင် လုပ်တဲ့ သူတွေအားလုံးကို ဦးမင်းအောင်လှိုင်

လက်ထက်မှာ ဘုရားတကြပေတော့ ပြည်သူ့တပ်မတော်လာပြီ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်