From : ရန်ကုန်တိုင်းမ်း
မန္တလေးတိုင်းဒေသကြီး ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို လိုက်နာမှုမရှိသော မော်တော်ဆိုင်ကယ်များကို လာမည့် ဇန်နဝါရီ၁၄ရက်မှ စတင်ကာ ထိရောက်စွာ အရေးယူတော့မည်ဖြစ်ကြောင်း သိရသည်။
မော်တော်ဆိုင်ကယ်စီးနင်းသူများအနေဖြင့် မြို့တွင်း၌ တစ်နာရီမိုင်၃၀နှုန်းအောက်သာ မောင်းနှင်ရန် နှစ်ယောက်ထက်ပိုမစီးရန် လမ်းပြောင်းပြန်မောင်းနှင်ခြင်း မပြုရန် ဆိုင်ကယ်ဦးထုပ်နှင့် အတူ မေးသိုင်းကြိုးတပ်ဆင် စီးနင်းကြရန် လိုင်စင့်မဲမော်တော်ဆိုင်ကယ်များ မစီးနင်းကြရန်စသည့် အချက်များကို ထုတ်ပြန် ထားပြီးဖြစ်ရာ လိုက်နာမှုရှိမရှိကို ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးဖမ်းဆီး အရေးယူမည်ဟု မန္တလေးတိုင်းဒေသကြီး ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၂ခုနှစ်က ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုများတွင် ဆိုင်ကယ်ပါသော ယာဉ်တိုက်မှု၃၃၇မှုဖြစ်ပွားရာ သေဆုံးသူ၁၂၀ဦး ဒဏ်ရာရှိသူ၃၈၅ဦးရှိသည်ဟု ဆိုပါသည်။''၂၀၁၂ ဒီဇင်ဘာတစ်လထဲမှာကို ဆိုင်ကယ်တိုက်မှု ၂၅မှုဖြစ်ပွားပြီး သေဆုံးသူ၁၂ဦးဒဏ်ရာရသူ၂၆ဦးရှိခဲ့ပါတယ်'' ဟု အထက်ပါတာဝန်ရှိသူကပြောသည်။ ၂၀၁၂ခုနှစ်အတွင်းက လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၂၄၈၀၆၀စီးကိုလည်း ယာဉ်မှတ်ပုံတင်များ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
www.MyanmarExpress.net

4 comments:
က ချင် NGO သည် န လ ဘိန်း တုးံ အ ဖွဲ့ ဖြစ် သည်
က ချင် NGO အ မည် မှ က ချင် NLB ဟု ပြောင်း စေ သော်
K I A သူ ပုန် သည် အ ဖျက် မှန် သမျှ လုပ် နေ တာ ကို ပြည် သူ တွေ အ ကုန် သိ ပါ သည်
ထို့ ကြောင့် ICG သို့ တင့် ပြ အပ် ပါ သည်
KIA သူ ပုန် ခေါင်း ဆောင် ဂန် မော် အား ဖျက် အာုးပြင်း ဆု ပေး ပါ ရန်
လနန်း အား သာ လိ ကာ ဆု ပေး ပါ ရန်
မြ အေး အား စောက် ရူး ဆု ပေး ပါ ရန်
ဘန် ကီ မွန်း အား ဆွံ အ ဆု ပေး ပါ ရန်
စည်းကမ်းဆိုတာ တစ်မျိုးတစ်တန်းစား
တည်းဖြစ်ဖိုတော့ လိုမယ်နော်။
ဘယ်သူသားသမီးမို့
ဘယ်သူရဲ့တပည့်မို့ ဆိုရင်တော့
ဘာမှထူးလာမှာမဟုတ်ဘူးနော်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကရန်ကုန်တိုင်းဒေသ
ကြီးအတွင်းမှာလျှပ်စစ်ဝန်ထမ်းတွေကလွဲရင်မည်သူမှဆိုင်ကယ်စီးနှင်ခြင်းမပြုရလို့အမိန့်ထုတ်ထားပေမယ့်အခုအခါမှာအပြင်ထွက်ရင်ဆိုင်ကယ်တိုက်မသေအောင်မနဲရှောင်နေရပါတယ်ရဲဝန်ထမ်းတွေကအစဥပဒေချိုးဖောက်ပြီးတရားမဝင်လိုင်စင်မဲ့ဆိုင်ကယ်တွေစီးနင်းနေကြတော့စည်းကမ်းဘယ်လိုထိန်းသိမ်းကြမှာလည်းထုတ်ထားတဲ့ဥပဒေကရယ်စရာကြီးဖြစ်နေပြီ

Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်