Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်းတို့က တည်ခင်းဧည်ခံ့သည့် (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပ

From :သမ္မတရုံး

နေပြည်တော် ဇန်နဝါရီ ၎
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂမဟာ သီရီသုဓမ္မ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်းတို့က တည်ခင်း ဧည့်ခံသည့် ၂ဝ၁၃ ခုနှစ် (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဧည့်ခံပွဲနှင့် ညစာစားပွဲ အခမ်းအနားကို ယနေ့ညပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်  ဥပစာမြက်ခင်းပြင်၌် ကျင်းပသည။်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်းတို့သည် ၂ဝ၁၃ ခုနှစ် (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဧည့်ခံပွဲနှင့် ညစာစားပွဲ အခမ်းအနား ကျင်းပသည့် နိုင်ငံတော်သမ္မတအိမ်တော်  ဥပစာ မြက်ခင်းပြင်သို့ ညနေ ၆ နာရီ မိနစ် ၂ဝ တွင် ရောက်ရှိလာကြပြီး ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးတို့နှင့်အတူ အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံရေးပါတီ ဥက္ကဋ္ဌ များ၊ မြန်မာနိုင်ငံဆိုင်ရာ သံတမန်အဖွဲ့နာယက စင်ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Robert Chua ဦးဆောင်သော သံတမန်များနှင့် ၎င်းတို့၏ဇနီး များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
အဆိုပါ  (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဧည့်ခံပွဲနှင့် ညစာစားပွဲသို့  ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်ဇနီး ဒေါ်နန်းရွှေမှုံ၊ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း နှင့်ဇနီး ဒေါ်ခင်အေးမြင့်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချူပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်းနှင့် ၎င်းတို့၏ဇနီးများ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ပြည်ထောင်စု စာရင်းစစ် ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌများ နှင့် အတွင်းရေးမှူးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီး များနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ သံတမန်အဖွဲ့ နာယက စင်ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး ဦးဆောင်သော သံရုံးများမှ သံအမတ်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များနှင့် ၎င်းတို့၏ ဇနီးများ၊ (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့  ကျင်းပရေးဗဟိုကော်မတီဝင်များ၊ ဆပ်ကော်မတီ ဥက္ကဋ္ဌများ၊ နိုင်ငံရေးပါတီ ဥက္ကဋ္ဌ များနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

(၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဧည့်ခံပွဲနှင့် ညစာစားပွဲတွင် ညစာမသုံးဆောင်မီနှင့် ညစာသုံးဆောင်နေစဉ် အတွင်း တေးသံရှင်များ က  မြန်မာ့အသံ ခေတ်ပေါ်တေး ဂီတအဖွဲ့ နှင့်တွဲဖက်၍ တေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေ တင်ဆက်ကြသည်။  

  www.MyanmarExpress.net
 

1 comments:

သမ္မတ ကြိး ခင် ဗျား

GTC ပညာ ရေး လဲ ပြန် ကြည့် ပေး ပါ ရန်
ဖြုက် ထုတ် သတ် စ နှစ် ဖြစ် နေ ပါ သည် အညွှန့် ခီူး တဲ့ စ နှစ် ဖြစ် နေ ပါ သည်

အောင် ရုံ အောင် တဲ့ ကျောင်း သား လေး တွေ ကို သ နား ပါ အုးံ ခင် ဗျား
လမ်း စ ပျောက် နေ ပါ ပြီ ခင် ဗျား

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်