From : Popular
လာမည့် လွှတ်တော် အစည်းအဝေးတွင် ဦးစားပေးအတည်ပြု လုပ်ဆောင်
ရမည့် ဥပဒေ ၅ ခုခန့်ရှိနေကြောင်း ဥပဒေကြမ်းပူးပေါင်းကော်မတီမှ
သိရသည်။
ယင်း ဥပဒေများမှာ အထူးစီးပွားရေးဇုံ ဥပဒေ၊အခွန်ဥပဒေ၊သန်းခေါင်
စာရင်းဥပဒေ၊ဆက်သွယ်ရေးဥပဒေနှင့် ဗဟိုဘဏ် ဥပဒေ တို့ ဖြစ်ကြောင်း
သိရသည်။
လက်ရှိတွင် နေ့စဉ်ထုတ်သတင်းစာများ ကို ဧပြီလ ၁ရက်နေ့တွင် ထုတ်ဝေခွင့် စတင်ချပေးမည်ဖြစ်သော်လည်း ယင်းမီဒီယာ ဥပဒေမှာ လွှတ်တော်သို့ ပေးပို့ထားခြင်းမရှိသေးကြောင်း အထက်ပါကော်မတီမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။
" ကျန်တဲ့ ဥပဒေရေးရာကိစ္စတွေ ထက် ဦးစားပေး ဆောင်ရွက်ဖို့ ကြိုတင် အစည်းအဝေးတွေနဲ့ လုပ်ထားတာပါ၊ဘဏ္ဍာရေး ဘတ်ဂျတ်ကိုလည်း တစ်ပါတည်းဆွေးနွေးပြီး အပြီး ဖြတ်သွားရမှာပါ၊" ဟု ၄င်းက ဆိုသည်။
ပထမ အကြိမ် လွှတ်တော် ဆဠမ ပုံမှန်အစည်းအဝေးကို ယခုလ ၉ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ပြီး နှစ်လခန့်ကြာမြင့်မည်ဟု ခန့်မှန်းကြကာ၊ ယင်းအစည်းအဝေးတွင် ဆွေးနွေးအတည်ပြုရန် လွှတ်တော်သို့ ဥပဒေကြမ်း ၂၀ ကျော်ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။
www.MyanmarExpress.net
လာမည့် လွှတ်တော် အစည်းအဝေးတွင် ဦးစားပေးအတည်ပြု လုပ်ဆောင်
ရမည့် ဥပဒေ ၅ ခုခန့်ရှိနေကြောင်း ဥပဒေကြမ်းပူးပေါင်းကော်မတီမှ
သိရသည်။
ယင်း ဥပဒေများမှာ အထူးစီးပွားရေးဇုံ ဥပဒေ၊အခွန်ဥပဒေ၊သန်းခေါင်
စာရင်းဥပဒေ၊ဆက်သွယ်ရေးဥပဒေနှင့်
သိရသည်။
လက်ရှိတွင် နေ့စဉ်ထုတ်သတင်းစာများ ကို ဧပြီလ ၁ရက်နေ့တွင် ထုတ်ဝေခွင့် စတင်ချပေးမည်ဖြစ်သော်လည်း ယင်းမီဒီယာ ဥပဒေမှာ လွှတ်တော်သို့ ပေးပို့ထားခြင်းမရှိသေးကြောင်း အထက်ပါကော်မတီမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။
" ကျန်တဲ့ ဥပဒေရေးရာကိစ္စတွေ ထက် ဦးစားပေး ဆောင်ရွက်ဖို့ ကြိုတင် အစည်းအဝေးတွေနဲ့ လုပ်ထားတာပါ၊ဘဏ္ဍာရေး ဘတ်ဂျတ်ကိုလည်း တစ်ပါတည်းဆွေးနွေးပြီး အပြီး ဖြတ်သွားရမှာပါ၊" ဟု ၄င်းက ဆိုသည်။
ပထမ အကြိမ် လွှတ်တော် ဆဠမ ပုံမှန်အစည်းအဝေးကို ယခုလ ၉ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ပြီး နှစ်လခန့်ကြာမြင့်မည်ဟု ခန့်မှန်းကြကာ၊ ယင်းအစည်းအဝေးတွင် ဆွေးနွေးအတည်ပြုရန် လွှတ်တော်သို့ ဥပဒေကြမ်း ၂၀ ကျော်ရောက်ရှိနေပြီဖြစ်ကြောင်းသ
www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်