"ကျွန်တော်တို့အတွက် တိုက်ပွဲက ခုမှစမှာပါ။ အပြစ်ရှိသူ အားလုံးကို ဆွဲကြိုးချ သုတ်သင်ဖို့ ကျွန်တော်တို့ လိုလားပါတယ်။ ဒီအတွက် ဆုံးခန်းတိုင်သွားတဲ့ထိ ကျွန်တော်တို့ တိုက်ပွဲဝင်သွားမှာပါ"ဟု မိန်းကလေး၏ အစ်ကိုက India Expressသို့ ပြောကြားသွားသည်။ ဒီဇင်ဘာ (၁၆)ရက်နေ့က အမှုသည် ယခုအခါ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အာရုံစိုက်ရသည့် အနေအထားထိ ကျယ်ပြန့်လာခဲ့သည်။ မုဒိမ်းသမားများသည် သွားလာနေသော ဘတ်စ်ကားပေါ်တွင် မိန်းကလေးအား ပြုကျင့်ပြီးနောက် ရိုက်နှက် နှိပ်စက်ကာ ကားမောင်းနေစဉ်ပင် လမ်းပေါ် ပစ်ချသွားခဲ့သည်။
သူမသည် တနင်္ဂနွေနေ့က ပြင်းထန်ဆိုးရွားလှသည့် ဒဏ်ရာများကြောင့် အနိစ္စ ရောက်ခဲ့ရရှာသည်။ မိန်းကလေး၏ ဖခင်က "ကျွန်တော့် အမျိုးသမီးဟာ လွန်ခဲ့တဲ့ (၂)ပတ်လုံး အစာတောင် ကောင်းကောင်း မစားနိုင်လောက်အောင် သမီးအတွက် ကြေကွဲနေခဲ့ရပါတယ်"ဟု ပြောကြားခဲ့သည်။ ၎င်းက "ဖြစ်ရပ်တိုင်းက နာကျင်ဖို့ ကောင်းလွန်းနေပါတယ်။ ခုဆိုရင် သမီးရဲ့ အခန်းထဲတောင် ကျွန်တော် မဝင်ရဲတော့ဘူး။ သူက ဒီအိမ်မှာပဲ ကြီးပြင်းလာတာပါ။ သူ့စာအုပ်တွေ၊ သူ့အဝတ်အစားတွေ အားလုံးက သူ့ကို ပြန်အမှတ်ရစေတယ်။ ခုချိန်မှာ သူ့အသံကို ပြန်မကြားရတော့ဘူးဆိုတာ မယုံနိုင်လောက်စရာပါပဲ။ ဒါပေမဲ့ စာအုပ်တွေကို အင်္ဂလိပ်လို ဖတ်ပြတဲ့ ကျွန်တော့် သမီးအသံကို ကျွန်တော် ဘယ်တော့မှ ထပ်ကြားရတော့မှာ မဟုတ်ပါဘူး"ဟု ကြေကြေကွဲကွဲ ဖွင့်ဟသွားခဲ့သည်။
www.MyanmarExpress.net
Posted in: ကမ္ဘာ့သတင်း


1 comments:
ဆွဲ ကြိုး ပြီး တန်း သေ ခိုင်း ရင် သေ ဆုံး သွား သွား တဲ့ မိန်း က လေး က ဘယ် ကျေ နပ် မ လဲ သူ တို့ ကို လည်း ဒီ ထက် ထိုက် တန် ပြင်း ထန် တဲ့ ပြစ် ဒဏ် မျိုး ကို မိန်း က လေး စ ပြီး ခံ စား ခဲ့ ရ တဲ့ နေ့ သေ ဆုံး သွား တဲ့ နေ့ အ ထိ ခံ စား ရ တာ ထက် အ စ ပေါင်း များ စွာ သာ တဲ့ ပြစ် ဒဏ် ပေး ပြီး နောက် ဆုံး ကုန်း ကုန်း လုပ် ပြီး မှ ဆွဲ ကြိုး ချ ပေး လိုက် တာ အ ကောင်း ဆုံး
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်