Subscribe to our RSS Feed

စည်းကမ်းမရှိဆုံး ရန်ကုန်မြို့တွင်း ဂျာမနီ အမှိုက်ပုံးများ ထားရှိရန် စီစဉ်

From :မြဝတီ




http://www.myawady.net.mm/allnews/localnews/item/3568-2013-01-04-08-59-09

ရန်ကုန်တိုင်း ဒေသကြီး အတွင်း ဆင်ခြေဖုံး (၇)မြို့နယ်မှ လွဲ၍ မြို့တွင်း (၆) မြို့နယ်မှ ဆက်စပ် နေသော မြို့နယ်အတွင်း ဂျာမနီ နည်းပညာများဖြင့် ပြုလုပ်ထားသော အမှိုက်ပုံးများထားရှိရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (စီမံရေး ရာဌာန)မှ သတင်း ရရှိသည်။

အဆိုပါ မြို့နယ်များ အတွင်းရှိ ဝါးကပ် အမှိုက်ရုံများ အစား ဂျာမနီ အမှိုက်ပုံးများကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းမှစတင်ကာ ပြောင်းလဲတပ်ဆင် သွားမည်ဖြစ်ပြီး လက်ရှိတွင် လီတာ ၆၆ဝ ဆံ့ အမှိုက်ပုံးကြီးပုံး ၈ဝဝ နှင့် လီတာ၂၄ဝဆံ့ အမှိုက်ပုံး အသေး ၁၈၇ဝ ပုံးကို ဝယ်ယူထားကြောင်း အဆိုပါ ဌာနမှ သိရသည်။

''ဒီအမှိုက်ပုံးတွေက အမှိုက်သိမ်းရာ မှာလည်း လွယ်ကူပြီး အချိန်ကုန် သက်သာတယ်'' ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ (စီမံရေးရာ ဌာန)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် မြို့တွင်း (၆)မြို့နယ်နှင့် ဆက်စပ်နေသော မြို့နယ်များတွင် ဝါးကပ် အမှိုက်ရုံများ အစား ဂျာမနီ အမှိုက် ပုံးများကို ဦးစားပေး အနေဖြင့် အစား ထိုးနိုင်ရန် စီစဉ်လျက် ရှိသည်။

www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်