From : http://www.kachindailynews.com/2013/01/blog-post_8.html
ဇန်န၀ါရီ၎ရက်နေ့ကစပြီး ကေအိုင်အေ တပ်မဟာ (၅) ရင်း(၃) မြေကျစ်ဒွန်စခန်းမှ အဖွဲ့တွေက ဘွမ်ဆင်၊ ကဇွန်၊ ဆိတ်ခြံ ၊ ထန်မိုးခမ်း၊ ကူခမ်း စတဲ့ ရွာတစ်ဝိုက်တွေမှာ လုံခြုံရေးနဲ့ ဘိန်းခင်းများကို ဖျက်ဆီးရန် ဆိုပြီး လှည့်လည်နေ ပါသည်။ တကယ်တော့ သူတို့အဖွဲ့ တွေက တောင်ယာခင်းက ရှိတဲ့ တောင်ယာ လုပ်သူတွေကို ဖမ်းဆီးပြီး တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။
www.MyanmarExpress.net

ပတ်ဝန်းကျင်ရွာတွေမှ လူငယ်လေးတွေကို ကေအိုင်အေ
အတွက်တပ်သားသစ်စုဆောင်းသွားခဲ့ ပါသည်။ သူတို့ စုဆောင်းသွားတဲ့ တပ်သားသစ်တွေထဲမှာ မိန်းကလေးငယ်
၎ဦး ပါသွားပါသည်။ မိန်းကလေး ငယ်တွေက ၁၅နှစ်နဲ့ ၂၅ နှစ်ဖြစ်တယ်လို့ ဆိတ်ခြံရွာမှ ပြောပါသည်။
ယောကျာ်းလေးတွေက ၃၀နှစ်အောက် လူတွေလို့ပြောပါသည်။ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ သူတွေကိုတော့
သင်တန်းကျောင်းကို ပို့ပြီး ကေအိုင်အေ လုပ်ခိုင်းမှာပါပဲ ကောင်မလေးတွေကိုတော့ ဘာလုပ်ခိုင်းမယ်မသိပေမယ့်
ရွာကလူတွေက စိတ်ပူပန်မှုများရှိ နေသည်ဟု ပြောကြားခဲ့သည်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်