Subscribe to our RSS Feed

ကားဈေးများကျနေပြီး အရှုံးပြသထက်ပြနေသောကားဈေးကွက်

From :myanmarage


2013ခုနှစ်အတွက် CIFတန်ဖိုးများ သတ်မှတ်ပြီးနောက် ကားဈေးများ ထပ်မံကျသွားသော်လည်း ၀ယ်သူများဘက်မှ ဈေးချရောင်းသော ကားကိုသာရွေးခြယ်ဝယ်ယူနေသဖြင့် ကားဈေးကွက်အရှုံးပြသထက်
ပြနေကြောင်း ဟံသာဝတီကားဝိုင်းမှ ကားအကျိုးဆောင်များ၏
ပြောကြားချက်အရ သိရသည်။

“ကားဈေးကွက်က ၀ယ်သူတွေကအခုဆိုရင် ကားအမျိုးအစားကိုမကြည့်ဘူး ကားဈေးကိုပဲကြည့်ပြီး ၀ယ်လာတာများတယ်။ ကားဈေးနည်းတဲ့ထဲမှာမှ
ဈေးပိုလျှော့ပေးတဲ့ကားကို ရွေးဝယ်နေကြတော့ ကားရောင်းရတာ အရှုံးဘက်ကိုဦးတည်နေတယ်”ဟု အကျိုးဆောင်
ဦးထွန်းထွန်းက ပြောကြားသည်။

CIFတန်ဖိုးများကို ၂၀၁၃ ဇန်န၀ါရီ ၁ရက်နေ့မှစတင်ပြောင်းလဲ သတ်မှတ်လိုက်ခြင်းကြောင့် ကားဈေးများမှာ ယခင်ကထက်ပို ကျသွားကြောင်း အထူးသဖြင့် ယခုတစ်ခေါက် ထုတ်လိုက်သောCIFတန်ဖိုး သတ်မှတ်ချက်ကြောင့် အင်ဂျင်ပါဝါမြင့်သော ကားအမျိုးအစားများမှာ ယခင်ဈေးထက် ၁၀သိန်းကျော် ဈေးပိုကျသွားကြောင်း သိရသည်။

“အခုရက်ပိုင်းမှာက CIFဈေးတွေနည်းနည်း ငြိမ်သွားတော့ ကားဈေးကွက်ကတော့ ပြန်ကောင်းလာတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလလောက်ကတော့ ကားဈေးကွက်က တော်တော်ဆိုးတယ်။ CIFပြောင်းမယ်ဆိုတော့ ၀ယ်သူတွေက CIFတန်ဖိုးပြောင်းတာ
စောင့်နေကြတာပေါ့။ အခုရက်ပိုင်းကျတော့ CIFတန်ဖိုးထွက်ပြီးသွားတော့ ၀ယ်သူတွေကတော့ ၀င်လာတယ် ခက်တာက ကားဈေးတွေက ကျတဲ့အပြင် ၀ယ်သူတွေကလည်း ဈေးများများ လျှော့ပေးတဲ့ကားမှ ၀ယ်ကျတော့ ၀ယ်သူတွေဘက်ကကြည့်ရင်ကောင်းပေမယ့် ရောင်းတဲ့သူတွေ ဘက်ကတော့ တော်တော်ရှုံးနေတယ်”ဟုအကျိုးဆောင် ဦးမောင်မြင့်က ပြောကြားသည်။

ကားဈေးကွက်ပြန် လည်ဦးမော့လာစေရန်မှာ အစိုးရထုတ်ပြန်သည့် အမိန့်နှင့်သာ သတ်ဆိုင်ကြောင်း အစိုးရမှ ကားတင်သွင်းခွင့် ရပ်ဆိုင်းခြင်းသို့ မဟုတ်ကားဟောင်းအပ်နှံ ခြင်းကိုရပ်ဆိုင်းခြင်း ပြုလုပ်မှသာလျှင် ကားဈေးကွက်အတွင်းမှ ကားများဈေးကောင်း ပြန်ရကာဦးမော့ လာနိုင်မည်ဖြစ်ကြောင်း အကျိုးဆောင် ဦးထွန်းထွန်းက သုံးသပ်ပြောကြားသည်။

ကား Show Room များ ပေါ်လာခြင်းမှာလည်း ဟံသာဝတီကားဝိုင်းကို ထိခိုက်မှုရှိကြောင်းကို “ကားShow Room တွေပေါ်လာတာ ဟံသာဝတီကားဝိုင်းကို မထိခိုက်ဘူးလို့ပြောလို့တော့ မရဘူးပေါ့ဗျာ။ အနည်းအကျဉ်းတော့ ထိခိုက်တာပေါ့။ ဒီမှာကလမ်းဘေးဈေး
ရောင်းသလိုဖြစ်နေတော့ ကားအကြောင်း နားမလည်တဲ့သူတွေက ကားShow Room တွေရဲ့  နာမည်ကို ယုံကြည်မှုတစ်ခုအနေနဲ့ ထားပြီး ဈေးကြီးပိုပေးပြီး ၀ယ်ကျတာပေါ့။ ဟိုမှာကအရစ်ကျလည်း သွင်းလို့ရအောင် လုပ်ပေးနိုင်တော့ တချို့ ကလည်း သဘောကျတာပေါ့။”ဟုလည်း အကျိုးဆောင်တစ်ဦးက ပြောကြားသည်။



  www.MyanmarExpress.net
 

3 comments:

The cost of auto should be low. But the cost of keeping an auto (insurance, taxes, etc)should be high so that people who do not need an auto would not keep. As a result, there would be more parking space available.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်