Subscribe to our RSS Feed

မြန်မာနိုင်ငံရေးကို ဦးဆောင်နေသောတိုင်းရင်းသားခေါင်းဆောင်အားလုံးသို့ မေတ္တာရပ်ခံချက်

From :Worst PawOo



  • ၁။ ပြည်ထောင်စုမြန်မာနိုင်ငံကြီး ကမ္ဘာတည်သ၍ တည်တံ့နေအောင် တည်ဆောက်မည့် အတွေး တွေးပြီး လက်တွေ့ဖြစ်နိုင်တာကို လုပ်ဆောင်ပေးပါခင်ဗျား။
    ၂။ ကျွန်တော့်တို့တစ်တွေ ၁၉၄၈ခုနှစ်မှ ယနေ့ထိ တစ်အူတုံဆင်း ညီအစ်ကိုလို နေထိုင်ရာမှ နိုင်ငံခြားသားများ ဖြစ်မသွားအောင်လုပ်ပေးပါခင်ဗျား။
    ၃။ ၁၉၄၇ခုနှစ် နောက်ပိုင်းမွေးဖွားလာသူများသည် ပြည်တွင်းစစ်အား ဖွားဘက်တော်အဖြစ် ရင်ဝယ်ပိုက်ပြီးမွေးဖွား၍ ယနေ့ထိ ရှင်သူရှင်၊ သေသူသေ၊ ကျိုးသူကျိုး၊ ကန်းသူကန်း ဖြစ်လျက်ရှိရာ နောင်လာနောင်သားများ မိမိတို့လို မခံစားရအောင် ကိုယ်စီအတ္တတွေလျော့ပြီး ငြိမ်းချမ်းစွာ အတူနေထိုင်ရအောင် လုပ်ပေးပါခင်ဗျား။
    ၄။ ပြည်တွင်းစစ်မီးဒဏ်ကြောင့် တိုင်းပြည်ခေတ်နောက်ကျပြီး ဖွဲပြာကျခဲ့ရသလို အာဆီယံမှာလဲ စီးပွားရေး၊ ပညာရေး၊ အားကစားတို့တွင် နောက်ဆုံးဖြစ်နေခြင်း၊ မိဘမဲ့ကလေးသိန်းချီရှိနေခြင်း၊ မုဆိုးမသိန်းချီရှိနေခြင်း၊ ခြေပျက်လက်ပျက် ဒုက္ခများသောင်းချီရှိနေခြင်း၊ ဆင်းရဲနွမ်းပါးမှုကြောင့် မြန်မာအမျိုးကောင်းသမီးများ သိန်းချီ၍ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့တွင် ပြည့်တန်ဆာဖြစ်နေခြင်း စသည့် ဒုက္ခဆင်းရဲအမှန်များကို ခေါင်းဆောင်များသိရှိပြီး ငြိမ်းချမ်းရေးရအောင် လုပ်ပေးကြပါခင်ဗျား။
    ၅။ ခေါင်းဆောင်များ ငြိမ်းချမ်းရေး အတွေးတွေးပေးမှသာ ကျွန်တော်တို့ တိုင်းပြည်ဆင်းရဲတွင်းမှ လွတ်မြောက်ပြီး မိဘမဲ့နဲ့ မုဆိုးမတွေလျော့နည်းပြီး မြန်မာအမျိုးကောင်းသမီးများကိုလည်း ကယ်တင်နိုင်မှာဖြစ်လို့ ငြိမ်းချမ်းရေးအတွေးကို တွေးပေးကြပါခင်ဗျား။
    ၆။ မြန်မာနိုင်ငံဟာ ၁၉၄၈ခုနှစ်တွင် လွတ်လပ်ရေးရပြီးထဲက စနစ်(၄)ခု ပြောင်းလဲခဲ့ပြီး ရှေ့က စနစ်(၃)ခုကတော့ နိုင်ငံကို တည်ငြိမ်အေးချမ်းအောင် မလုပ်နိုင်ခဲ့ကြောင်း တွေ့ရှိရ၍ ယခု တည်ဆောက်တဲ့နိုင်ငံရေးစနစ်သည် ပြည်ထောင်စုမြန်မာနိုင်ငံကို နှစ်သန်းပေါင်းများစွာ တည်မြဲအောင် တည်ဆောက်နိုင်မည့်စနစ်ကို ဖော်ဆောင်ပေးမဲ့ နည်းလမ်းတွေကို စဉ်စားချမှတ် ဆောင်ရွက်ပေးပါ ခင်ဗျား။
    ၇။ ညီအစ်ကိုချင်း ဆွေးနွေးရာတွင် တစ်ဦးစကားကိုတစ်ဦး သေချာနားထောင်ပြီး သေချာချင့်ချိန် ဝေဖန်၍ ကျေလည်သည်အထိ ဆွေးနွေးပေးသင့်ပါတယ်။
    ၈။ ဆွေးနွေးကြရာတွင်လည်း ပြန်ထောင်စုမြန်မာနိုင်ငံ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံပေါ် အခြေခံပြီး နိုင်ငံတကာစံနှုန်းများနှင့် ချိန်ထိုး၍ ဆွေးနွေးပေးသင့်ပါတယ်။

    ၉။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် တပ်မတော်(၁)ခုသာရှိသည့်အတွက် မြန်မာပြည်ရေရှည်ငြိမ်းချမ်းရန် အတွက်လည်း တပ်မတော်(၁)ခု တည်းသာဖွဲ့စည်းနိုင်ရေးကို ငြိမ်းချမ်းရေးအတွက် စဉ်စား၍ ဆွေးနွေး ပေးသင့်ပါတယ်။
    ၁၀။ ခေါင်းဆောင်များအနေဖြင့် လက်နက်ကိုင်အဖွဲ့အစည်းရှိမှ အာဏာရှိမည်ဟူသော အတွေးကို ပြည်သူချစ်စိတ်၊ လူသားကယ်တင်လို စိတ်ဖြင့် စွန်လွှတ်ပေးပါခင်ဗျား။
    ၁၁။ နိုင်ငံရေးပါတီ မြန်မာနိုင်ငံတွင် (၅)ခုအပြင် ပိုရှိခြင်း၏ အကျိုး/အပြစ်ကို သေချာသုံးသပ် ဆွေးနွေးပေသင့်ပါတယ်။ (ပါတီများချင်းက သွေးကွဲမှုပိုများပြီး အရေးကြီး ဆုံးဖြတ်ချက်များ ချမှတ်ရန် ခက်ခဲနိုင်သည်ဟု ထင်ပါသည်။)
    ၁၂။ တိုင်းရင်းသားများအနေဖြင့် ခံစားမှုများ များစွာရှိခဲ့သည်မှာ မှန်သော်လည်း ရေရှည်မြန်မာပြည် တည်ငြိမ်အေးချမ်းစွာ ချီတက်နိုင်ရေးအတွက် အမေရိကန်လို နိုင်ငံရေးစနစ်ကျင့်သုံးနိုင်ရေးကို ဆွေးနွေးသင့်ပြီး ခွဲတမ်းကျစနစ်ကို ရှောင်ကြဉ်၍ တန်းတူအခွင့်အရေးစနစ်ကို ကျင့်သုံးပြီး အရည်အချင်းရှိသူ ဦးဆောင်ရေးကို ဆွေးနွေးပေးသင့်ပါသည်။
    ၁၃။ မြန်မာပြည် အရှေ့တံခါးနဲ့မြောက်တံခါးမှာ တရုတ်ဝါးမြိုနေပါတယ်။ ယနေ့တရုတ်ဟာ အာရှမှာ ငါအင်အားအကြီးဆုံး။ အမေရိကန်ကိုလည်း ယှဉ်နိုင်တယ်ဆိုတဲ့ အတွေးနဲ့ တောင်တရုတ် ပင်လယ်ပိုင်နက် အရေးမှာ အင်အားသုံးဖို့ ပြင်ဆင်နေပြီး မြန်မာနိုင်ငံအတွက်လဲ သူ့တပည့်တွေ မွေးထားပါတယ်။ မြန်မာပြည်အနေနဲ့ အနောက်မှာ ဘင်္ဂလား၊ တောင်မှာထိုင်းတို့ကို ညီအစ်ကိုများမိတ်ဖွဲ့စုစည်းအားနဲ့သာ တရုတ်အန္တရာယ်ကို ကာကွယ်နိုင်မှာပါ။ တစ်ယောက်ချင်းဆို အလွယ်တကူ ဆုံးရှုံးသွားမှာပါ။ ဒါကြောင့်စည်းရုံးမှု ပြိုကွဲရင် တိုင်းပြည်ဟာ သူတစ်ပါး ကျွန်ဖြစ်သွားမယ်ဆိုတာ တွေးပေးစေလိုပါတယ်။
    ၁၄။ မုန်တိုင်းပြီးရင် လေပြေလာမယ်ဆိုပေမဲ့ မြန်မာမုန်တိုင်းက ၁၉၄၇ ခုနှစ်ထဲက တိုက်လိုက်တာ ယခုထိမရပ်သေးတော့ လေပြေဘယ်ချိန်တိုက်မှာလဲလို့ တိုင်းရင်းသားအားလုံး မျှော်လင့်နေတာကိုလည်း မြင်ပေးပါခင်ဗျား။ မြန်မာပြည်တွင်းစစ်က ဂရင်းနစ်မှတ်တမ်းမှာ ကျော်နိုင်သူမရှိလို့ ကျေနပ်ပြီး ငြိမ်းချမ်းအောင် လုပ်ပေးကြပါခင်ဗျား။
    ၁၅။ ပြည်ထောင်စုမြန်မာနိုင်ငံ ရေရှည်တည်တံ့ရန် အောက်ပါအချက်များကို အခြေခံ၍ ဆွေးနွေးသင့်သည်ဟု ထင်ပါသည်-
    - ပြည်ထောင်စုမြန်မာနိုင်ငံ မြေပုံလက်ရှိအတိုင်း ကမ္ဘာတည်သ၍ တည်ရှိရန်။

    - လူမျိုး၊ ဘာသာ မခွဲခြားဘဲ တိုင်းရင်းသားအားလုံးနေရာတိုင်းတွင် အရည်အချင်းလိုက် တန်းတူ အခွင့်အရေးရှိရန်။
    - တပ်မတော်တစ်ရပ် တည်ရှိပြီး ပြည်ထောင်စု တပ်မတော်ဖြစ်အောင် တည်ထောင်ရန်။ (ပြည်နယ်/တိုင်း၊ လူမျိုးလိုက် တပ်များထားက ငြိမ်းချမ်းမှုမရနိုင်ဟုထင်ပါသည်။)
    - ဘုံရည်မှန်းချက် ရှာဖွေချမှတ်ရန်။
    - ဘုံယူဆချက်ညှိရန်။
    - ဘုံအတွေးအခေါ်ညှိရန်။
    - ဘုံစာပေစကားရွေးချယ်ရန်။
    - ဘုံနိုင်ငံသားစိတ်ရှိအောင်လုပ်ရန်။
    - နိုင်ငံအတွက် ဘုံခေါင်းဆောင်ရွေးချယ်အသိအမှတ်ပြုရန် လိုအပ်ပါတယ်။
    - နှလုံးရည်ဖြင့် ပြဿနာတိုင်းကို ဖြေရှင်းသည့် အလေ့အထ တည်ဆောက်ရန်။
    - မြန်မာခေါင်းဆောင်များအားလုံးသည် ရခိုင်ဘုရင်မင်းစောမွန်လို မိမိအသက်အတိုခံပြီး တိုင်းပြည်အသက်ရှည်အောင် လုပ်လိုသည့် စိတ်ရှိပေးပါ။
    - မြန်မာခေါင်းဆောင်များအားလုံး မြန်မာနိုင်ငံသားချင်း ဆက်ဆံရာတွင် အင်းဝဘုရင် မင်းခေါင်လို တရုတ်စစ်သူကြီး ဂါမဏီနှင့် စီးချင်းထိုးရန်အတွက် ထောင်ထဲမှ မွန်သူရဲကောင်း သမိန်းဗရမ်းထုတ်သုံးရဲသည့် စူးရှထက်မြက်ပြီး သတ္တိရှိ မှန်ကန်သည့် အတွေးအခေါ်များ တွေးပေးပါ။ အချင်းချင်းသံသယ မပါဘဲ ဆွေးနွေးပေးပါ။
    - နိုင်ငံသည် မိမိလူမျိုး၊ ပြည်နယ်ထက်ပို အရေးကြီးသည်ကို တွေးပြီးစဉ်းစားတိုင်းမှာ နိုင်ငံ အတွက် ဦးစားပေး စဉ်းစားပေးပါ။
    - မိမိတို့ကြောင့် ထပ်မံ၍ မိဘမဲ့ကလေးတွေ၊ မုဆိုးမတွေ၊ ဒုက္ခသည်တွေ တိုးမလာအောင် လုပ်ပေးပါ။
    - မိမိတိုင်းပြည် တိုးတက်အေးချမ်းရေးကို ရှေ့ရှုပေးပါ။
    - ပညာဥာဏ်ရင့်သန်စွာဖြင့် ဆွေးနွေးပေးပါ။

    - ဖက်ဒရယ်စနစ်တည်ထောင်ရာတွင် ပြည်နယ်အလိုက် ဖြစ်လာနိုင်မည့် ပြဿနာများကိုလည်း ကြိုတင်လေ့လာပြီး စစ်မှန်အေးချမ်းသည့် စနစ်ကို အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ပေးပါ။
    - ညီအစ်ကိုချင်း ရန်လိုစိတ်တွေ ကမ္ဘာတည်သ၍ ပျောက်အောင် ဆွေးနွေးပေးပါ။
    ၁၅။ ခေါင်းဆောင်များ အပေးအယူလုပ်ပြီး တိုင်းရင်းသားပြည်သူအားလုံးကို ကယ်တင်ပေးပါလို့ ရိုသေစွာ မေတ္တာရပ်ခံ အပ်ပါတယ်။
    ၁၆။ ကျွန်တော်ဘာမှ မတတ်ဘဲရေးမိလို့ စိတ်မဆိုးကြပါနဲ့ဗျာ။၊ ရင်ထဲမှာခံစားချက်ကို ရေးပြတာပါ။ ဆရာလုပ်တယ်မမြင်စေလို့ပါ၊ ကျွန်တော့်ကို ခေါင်ဆောင်ကြီးများမှ တပည့်လို သဘောထား၍ ပြုပြင်ပေးပါခင်ဗျား။
www.MyanmarExpress.net
 

3 comments:

ခင်ဗျာတို့တင်ပြတဲ့အရာအားလုံးကောင်းတယ်
ဒါပေမဲ့ ပြောတဲ့အထဲမှာ တပ်မတော်တစ်ခုသာ ရှိရမည့်ဆိုတဲ့အချက်က တိုင်းရင်းသားအားလုံး လက်ခံလိုက်မည်လို့ မမျှော်လင့်ဘူးခင်ဗျာ
ဘာဖြစ်လို့လည်းဆိုတော့ သူတို့ကလည်း ထိုနည်းတူပဲ သူတို့လူမျိုး၊ ယဉ်ကျေးမူ၊ ဓလေ့ စသည် ဘိုးဘွားအမွေတွေကို ထိန်းသိမ်းရမှာ သူတို့တာဝန်ရှိတယ်လေ... သူတို့တောင်းဆိုချက်တွေအားလုံး ခင်ဗျာတို့ဖြည်စွပ်ပေးနိုင်မှာသာ ခင်ဗျာတို့လုပ်ရပ်ကို သူတို့ခေါင်းညိတ်သဘောတူမယ်

အားလုံးကောင်ပါတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်