From : ptzaw
ယနေ့နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် အစိုးရတပ်များက လိုင်ဇာမြို့သို့ လက်နက်ကြီးနှင့် ပစ်ခတ် ခဲ့ကြောင်းကို Internet စာမျက်နှာအချို့တွင် တွေ့ရှိခဲ့ရာ ၎င်းသတင်းနှင့် ပတ်သက်၍ လိုင်ဇာသို့ ရောက်ရှိ သတင်းယူနေ သော သတင်းထောက်တစ်ဦးမှ ယင်းသတင်းမဟုတ်မှန်ကြောင်းငြင်းဆိုသွားသည်။ ကျွန်တော် ဒီနေ့တစ်နေ့ လုံးလိုင်ဇာမှာနေပါတယ်။ လက်နက်ကြီးသံကြားပေမယ့် လိုင်ဇာမြို့ထဲက လူနေရပ်ကွက်တွေ၊ ဒုက္ခသည် စခန်းများအနီးကိုကျရောက်ပေါက်ကွဲတာမရှိပါဘူး။
www.MyanmarExpress.net

ကျွန်တော်ထင်တာကတော့ လိုင်ဇာမြို့အနောက်မြောက်ဘက်တစ်မိုင် လောက်အကွာမှာရှိတဲ့ KIA ဗဟိုဌာနချုပ်ကိုပစ်ခတ်ပုံရပါတယ်။ အဲဒီနေရာက KIA ရဲ့ကန့်သတ်နယ်မြေပါ။ ကျွန်တော်တို့လည်း သွားလို့ မရပါဘူး။ အဲဒီနေရာမှာ KIA ဌာနချုပ်ထောက်ပို့တပ်၊ လက်နက်ကြီးကုန်း၊ KIA အရာရှိကြီးအိမ်စတဲ့ KIA ရဲ့ စစ်ရေးအရ အရေးကြီးတဲ့ နေရာတွေရှိပါတယ်ဟု ပြောဆိုသွားပါသည်။ ယခုမြန်မာစစ်တပ်မှ လက်နက် ကြီးနှင့် ပစ်ခတ်ခဲ့သည်ဟု ယူဆရသောနေရာမှာ လိုင်ဇာမြို့၏အရှေ့မြောက်ဘက် ၁ မိုင်ခန့်အကွာရှိ KIA ဌာနချုပ်နှင့် KIA ၏ လက်နက်ကြီးများထားရှိရာနေရာဖြစ်နိုင်ကြောင်း ၎င်းမှပြောဆိုသွားသည်။ လိုင်ဇာမြို့ ၏ ၄ ပုံ ၃ ပုံမှာ KIA ဗဟိုဌာနချုပ်နှင့် စစ်ဖက်ဆိုင်ရာ အဆောက်အဦများဖြစ်ပြီး တရုတ်နိုင်ငံနှင့် ကပ်လျက် ၄ ပုံ ၁ပုံမှာ လူနေရပ်ကွက်ဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောကြားခဲ့သည်။
www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်