From : rfa
ဂျကာတာမြို့က ဟိုတယ်တခုမှာ သောကြာနေ့က ကျင်းပတဲ့ ၆၅ ကြိမ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ က မြန်မာအစိုးရနဲ့ အင်ဒိုနီးရှားအစိုးရအကြား ဆက်ဆံရေးတွေ တနေ့တခြားတိုးတက် ကောင်းမွန်လာနေကြောင်း၊ မြန်မာပြည်ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုပါကြောင်း စသဖြင့် ပြောဆိုခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းလွင်ကလည်း မြန်မာနဲ့ အင်ဒိုနီးရှား ၂ နိုင်ငံအကြား အပြန်အလှန်လေးစားမှုနဲ့ နားလည်မှုတို့ကိုအခြေခံပြီး နွေးထွေး ချစ်ကြည်စွာ ဆက်ဆံရေးကို ထူထောင်ထားရှိခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါကို ပြန်လည်ပြောဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ ဟာ မနက်ဖန် ဇန်နဝါရီလ ရ ရက်နေ့မှာ မြန်မာနိုင်ငံကို ၂၄ နာရီကြာ အလည်အပတ်သွားရောက်ပါလိမ့်မယ်။
အဲဒီခရီးစဉ်အတွင်း ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် အမေရိကန် ဒေါ်လာ ၁ သန်းလှူဒါန်းမယ်လို့ အင်ဒိုနီးရှားနိုင်ငံက ထုတ်ပြန်ကြေညာထားပါတယ်။
www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်