From : ThanLarWaddy
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့ ဘုရားကြီးရပ်ကွက်တွင် တည်ရှိသော အခြေခံပညာမူလတန်း ကျောင်း အမက(၂၄)ရှေ့တွင် (4-1-2013)နေ့ည (၁၀)နာရီအချိန်ခန့်က ကျောင်းရှေ့ဈေးဆိုင်ခုံငယ်တစ်ခု အားမီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ပါသည်။ အဆိုပါမီးလောကျွမ်းမှုဖြစ် ပွားရာသို့ မုံရွာမြို့နယ် မီးသတ်တပ်ဖွဲ့ မှ မီးသတ်ကားများ ဘုရားကြီးရပ်ကွက်မှ မီးသတ်ကားနှင့် ကွေ့ကြီးရပ်ကွက်မှ မီးသတ်ကား စစ်ကိုင်းတိုင်း ဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးတင့်လှိုင်မြင့် တို့သည် အချိန်နှင့်တစ်ပြေးညီရောက်ရှိလာပြီး မီးငြိမ်း သတ်မှုလုပ်ငန်းစဉ်များအား ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားရာသို့ မုံရွာမြို့နယ် NLD ပါတီမှ ကိုမှတ်ကြီး(ခ)နိုင်သီဟ ဆိုသူနှင့် ပါလာသူ တစ်ဦးတို့ အရက်မူးလာပြီး မီးသတ်ရဲဘော်များကို မီးလောင်တာကို လောင်လောင်ခြင်း ချက်ခြင်းမရောက်လာ ၍ဟုဆိုကာ မိုက်ရိုင်းစွာပြောဆိုဆက်ဆံခဲ့ ပြီး လုံးထွေးသတ်ပုတ်ရန်ပြုလုပ်လာခဲ့သဖြင့် ၀ိုင်းဝန်းဖြန်ဖြေခဲ့ရသည်ဟု ဘုရားကြီးရပ်ကွက်နေ ဈေးဆိုင်ပိုင်ရှင်တစ်ဦးကဆိုပါတယ်။
"မီးလောင်တယ်ဆိုတာ ကနဦးသတင်းရမှ ကျွန်တော်တို့ မီးသတ်တွေက မီးလောင်မှုဖြစ်ပွားရာနေရာကို အချိန်နှင့်တစ်ပြေးညီ အမြန်ဆုံး ထွက်ခွာရပါတယ်။ဘယ်သူကမှ မီးလောင်မယ်ဆိုတာကိုကြိုတင်ပြီး သိနိုင်တာ မဟုတ်ပါဘူး။အခုမီးလောင်မှုမှာလည်း ကျွန်တော်တို့ ဘရားကြီး မီးသတ်ရော မုံရွာမြို့နယ်မီးသတ်ဦးစီးဌာနက မီးသတ်ကားတွေရော အချိန်မှီရောက်ရှိခဲ့ပါတယ်။"ဟု ဘုရားကြီးရပ်ကွက် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကဆိုပါ တယ်။
www.MyanmarExpress.net

1 comments:
ဒီလိုလူတွေ နိုင်ငံခေါင်းဆောင်ဖြစ်ရင် တစ်နိုင်ငံလုံး အရိုင်းစိုင်းတွေ ဖြစ်ကုန်တော့မှာပေါ့။ ဘယ်လိုလို့ခေါင်းဆောင်ကောင်း ဖြစ်နိုင်မှာလဲ။ ရင်လေးစရာတွေဘဲ......စဉ်းစဉ်းစားစားလဲ လုပ်ကြဘာအုံး။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်