From : planet
www.MyanmarExpress.net
အသက် ၂၅ နှစ်အရွယ် မက်ဆီသည် Ballon d'Or ဆုကို ၄ နှစ်ဆက်တိုက်
ရရှိသည့် ဘောလုံးကစားသမားအဖြစ်လည်း စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရသည်။
၂၀၁၂ ခုနှစ်အတွက်
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ FIFA Ballon d'Or ဆုချီးမြှင့်သည့်
အခမ်းအနားကို ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့တွင် ကျင်းပခဲ့ရာ
အာဂျင်တီးနားလက်ရွေးစင်နှင့် စပိန်လာလီဂါမှ ဘာစီလိုနာအသင်း တိုက်စစ်မှူး
လီယွန်နယ် မက်ဆီက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d'Or) ကို
ရရှိသွားသည်။ ထို့အပြင် အသက် ၂၅ နှစ်အရွယ် မက်ဆီသည် Ballon d'Or ဆုကို ၎
နှစ်ဆက်တိုက် ရရှိသည့် ဘောလုံးကစားသမားအဖြစ်လည်း
စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရသည်။

မက်ဆီသည် ၂၀၁၂ ခုနှစ် Ballon d'Or ဆုကို ဘာစီလိုနာအသင်းဖော်ဖြစ်သည့် အင်နီယေစတာနှင့် ရီးယဲလ်မက်ဒရစ် ကစားသမား ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ကို ကျော်ဖြတ်ကာ ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး ဘောလုံးကစားသမားဆုကို အဘီဝမ်ဘက်ခ်ျက ရရှိခဲ့သည်။ ၂၀၁၂ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးအသင်းကို ရွေးချယ်ရာတွင် စပိန်လာလီဂါမှ ကစားသမားများသာ ပါဝင်ခဲ့ပြီး အခြားလိဂ်များမှ ပါဝင်ခဲ့ခြင်း မရှိချေ။

FIFA ၏ ကမ္ဘာ့အကောင်းဆုံးအသင်းတွင် ပါဝင်သည့် ကစားသမားများမှာ ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်မှ အများဆုံးဖြစ်ပြီး အခြား စပိန်လာလီဂါ အသင်းတစ်သင်းဖြစ်သည့် အက်သလက်တီကို မက်ဒရစ်မှ တိုက်စစ်မှူး ဖယ်လ်ကာအို ပါဝင်သည်။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးအသင်းတွင် ပါဝင်သည့် ကစားသမားများအနက် စီရော်နယ်လ်ဒိုနှင့် မက်ဆီတို့မှာ ၆ ကြိမ်မြောက်စီ ရွေးချယ်ခံရခြင်းဖြစ်ပြီး ဇာဗီနှင့် ကားဆီးလက်တို့မှာ ၅ ကြိမ်မြောက်စီ ရွေးချယ်ခံရခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ်အတွက် FIFA က ချီးမြှင့်သည့် ကမ္ဘာ့အကောင်းဆုံးဆု ရရှိသူမျးမှာ အောက်ပါအတိုင်းဖြစ်သည်။
FIFA Ballon d'Or: LIONEL MESSI
FIFA Women's World Player of the Year: ABBY WAMBACH
FIFA Puskas Award: MIROSLAV STOCH
FIFA Coach of the Year: VICENTE DEL BOSQUE
FIFA Women's Coach of the Year: PIA SUNDHAGE
FIFA / FIFPro World XI:
Goalkeeper: Iker Casillas
Defenders: Dani Alves, Gerard Pique, Sergio Ramos, Marcelo
Midfielders: Xabi Alonso, Xavi Hernandez, Andres Iniesta
Forwards: Lionel Messi, Radomel Falcao, Cristiano Ronaldo
FIFA Presidential Award: FRANZ BECKENBAUER
FIFA Fair Play Award: UZBEKISTAN FOOTBALL FEDERATION

2 comments:
congratulation!! MESSI , that's new record.
C.RONALDO eventhough u r not getting ballon d'Or for 2012 ,u played the best for real madrid. appreciate your efforts.
Messi is good player. I Love him so much
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်