From : http://www.kachindailynews.com/2013/01/kia_3574.html
အစိုးရ၏လမ်းကြောင်းရှင်းတိုက်ခိုက်မှုကြောင့်
KIA အဖွဲ့နှင့် ABSDF ကျောင်းသား တပ်မတော် အဖွဲ့များ အကျအဆုံးများခဲ့သည်။ ၎င်းအပြင် အစိုးရမှ
သိမ်းပိုက်ထားသော ပွိုင့်-၇၇၁ တောင်ကုန်းသည် လိုင်ဇာမြို့ အား ခြိမ်းခြောက်နိုင်စွမ်းရှိသဖြင့်
အစိုးရအနေဖြင့် လိုင်ဇာအားအလွယ်တကူ သိမ်းပိုက် နိုင်မည် ဖြစ်သည်။
အစိုးရတပ်များမှ ထိုးစစ်မပြုပဲ ရပ်နားထားချိန်တွင်
KIA အဖွဲ့၏အလစ်ဝင်ရောက် တိုက်ခိုက်မှု၊ လူအင်အားနည်းသော
စခန်းများအား အဆမတန် သာလွန်သောအင်အားဖြင့် ၀င်ရောက် တိုက်ခိုက်ခဲ့ မှုများ ပြုလုပ်ခဲ့ရာ
အစိုးရတပ်များ အထိအခိုက်များခဲ့သည်။ ၎င်းနောက်စစ်သားမပီသစွာ စစ်တပ်မှ ကျဆုံးသော အလောင်းများ
နှင့် ဓာတ်ပုံရိုက်ပြီး အင်တာနက်ပေါ်တွင် လွှင့်တင်ကာသိက္ခာချခဲ့သည်။ ၎င်းအချိန်တွင် အောင်မြင်မှုအသီး
အပွင့်များကို ပျော်ရွှင်စွာခံစားခဲ့ ကြသော်လည်း တပ်မတော်သားများ၏ ရင်ထဲတွင် မချိအောင်နာခဲ့ကြရသည်။
ယခုအချိန်တွင်
အစိုးရမှ စနစ်တကျ တိုက်ခိုက်လာသဖြင့် KIA / ABSDF တို့အကျအဆုံးများစွာဖြင့် သွေးရူးသွေးတန်း
ဖြစ်နေကြသည်။ နိုင်ငံတကာသို့လည်း အကူအညီတောင်းခံခဲ့သည်။ အစိုးရမှ မတရား သဖြင့် စစ်ပွဲဆင်နွဲနေကြောင်း၊
ဂျနီဖာကွန်ဖရင့်ပါ အချက်များကို ချိုးဖောက်နေကြောင်း စသည်ဖြင့် မီဒီယာ နည်းလမ်းဖြင့်
ဖြန့်ဝေခဲ့သည်။ လိုင်ဇာတွင်လည်း ဒုက္ခသည်စခန်းအားလုံးအား အမိန့်ထုတ်ပြန်ပြီး စုစည်း
စေကာ အရွယ်ကောင်း ယောင်္ကျားများအား KIA စစ်သားအဖြစ် မိန်းမပျိုလေးများအား သူနာပြု၊ စစ်သမီး
စသည်ဖြင့် ခေါင်းစဉ်တပ်ကာ မတရားလူသစ်စုခဲ့သည်။
ယခင်က ကချင်ပြည်နယ်အတွင်းရှိ
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများအား ခြောက်လှန့်၍တစ်မျိုး၊ ဆွမ်းကွမ်းမရ အောင်ပြည်သူများအား
ပိတ်ပင်၍ တစ်မျိုးစသည်ဖြင့် ဆောင်ရွက်ခဲ့ကြသော်လည်း ယခုအခါ ဘုရားသားတော်များနှင့် လုံးဝမအပ်စပ်သော
စစ်ပွဲအတွင်း ပါဝင်လာအောင်လှုံ့ဆော် လျက်ရှိသည်။ ယခင်က စစ်သားခြင်း ရဲရဲဝံ့ဝံ့တိုက်ခိုက်ရဲသော်လည်း
ယခုအချိန်တွင် အောက်တန်းကျသော နည်းလမ်းဖြင့် သံဃာတော်များအား အသုံးချနေသဖြင့် KIA အဖွဲ့၏
ရက်စက်ယုတ်မာမှုများပိုမိုပေါ်လွင်လာပြီဖြစ်သည်။ ရေနစ်သူအတွက် ကောက်ရိုးတစ်မျှင်သည်ပင် အားကိုးရာဖြစ်သည် ဆိုသည့်အတိုင်း
ယခုလို ဘုရား သားတော်များအား လှုံ့ဆော်လာကြောင်း
တွေ့ရှိရပါသည်။


6 comments:
အ သေ အ ပြုတ် တိုက် ထုတ် ပစ် ပါ။
KIA N ABSDF is bustard,at kackin state they r distrub to buddha monk,at the buddish tample also not enough rice n other donation,this is really happen in myit kyi na around.i have experience about this,so many monks r stay very poor alot place.now KIA n ABSDF were request for save them to monks,FUNNY,if the people stay in kachin state,they will sure know about this,alot of monks r shan n bamar.
ABSDF ကဖွတ်ကြားကောင်တွေအာဏာရူးကောင်တွေကို အပြုတ်တိုက်ဖို့အချိန်ကျပြီ ဒီအဖွဲ့အစည်းကဇတ်တူသား စားတဲ့အဖွဲ့ပါ အဲဒီအဖွဲ့ကလှဆိုင်းကိုဖမ်းမိရင် စစ်ရာဇဝတ် ခုံရုံးတင်ရမှာ ဒီကောင်နဲ့အပေါင်းအပါတွေတော်တော်မိုက် ရိုင်းတဲ့ကောင်တွေအပြတ်တာတိုက်ထုတ်ပြစ်ပါ ဘယ်မီဒီ ယာတွေကိုမှစောက်ဂရုစိုက်မနေနဲ့
ဘုရားသားတော်တွေပါ။
ကျောင်းသားသားတော်တွေမဟုတ်
အသုံးမချကြပါနဲ့။
ဘာခုမှကြောက်ပါပြီလဲ။ ငရဲသွားမဲ့ကောင်တွေ။
မင့် အ ဖေ သွား အ ကူ အညီ တောင် ချေ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်