From :Yangon Press International
ဇန်န၀ါရီလ ၃ ရက်နေ့မွန်းလွဲပိုင်းက ပန်းဘဲတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းတွင် အသက် ၁၅နှစ်အရွယ် မိန်းခလေးတစ်ဦးအား အလိုမတူဘဲသားမယားပြုကျင့်မှုဖြစ်ပွားခဲ့သည်ဟု ကာယကံရှင်မိသားစုဝင်များက ပြောဆိုချက်အရ သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံး၏ ကနဦးစစ်ဆေးချက်များအရ ပန်းဘဲတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းတွင် ပညာဒါနကျူရှင် လွတ်လပ်ရေးနေ့အကြို စာစီစာကုံးနှင့် ကျပမ်းစကားပြောပြိုင်ပွဲ အပြီးတွင် ကိုသားကြီး(ခ)ခင်မောင်ထူး(ခ)ဆိုဖီရင်း (အသက်၂၂) က အဆိုပါပညာဒါနတွင် တက်ရောက်သင်ကြားနေသော အသက်၁၅နှစ်အရွယ် ၁၀တန်း ကျောင်းသူတစ်ဦးကို ကိုကာကိုလာ အချိုရည်ထဲတွင် အိပ်ဆေးခတ် ပြီးအလိုမတူဘဲ သားမယားပြုကျင့်ခဲ့သည်ဟု ဆိုသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ မိန်းကလေး၏ ဦးလေးဖြစ်သူက "အဖွဲ့အစည်းတစ်ခုလုံးကိုမဆိုလိုချင်ပါဘူး ကလေးက စာမေးပွဲဖြေတော့မှာ ၊ အဲဒီပန်းဘဲတန်းပါတီ တာဝန်ရှိသူတွေ လစ်ဟင်းလို့ ဒီလိုကိစ္စတွေဖြစ်ရတာ ဒါကိုမကြေနပ်ဘူး" ဟုပြောသည်။
ပန်းဘဲတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှတာဝန်ရှိသူများသည် ဖြစ်စဉ်မှ သုံးရက်ကြာ ယနေ့ မွန်းလွဲ ၂နာရီခွဲထိ လာရောက်တွေ့ဆုံခြင်းမရှိသေးကြောင်း ကာယကံရှင်မိသားစုမှပြောသည်။ ၄င်းအပြင် စွပ်စွဲခံရသူ ကိုသားကြီး(ခ)ကိုခင်မောင်ထူးမိသားစုနှင့်လည်း တွေ့ဆုံညှိနှိုင်းခြင်းမရှိကြောင်း မိန်းကလေး၏ မိသားစုဘက်မှ ပြောသည်။
ပန်းဘဲတန်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပိတ်ရက်ဖြစ်သည့်အပြင် အဆိုပါရုံးမှတာဝန်ရှိသူ ကိုဋ္ဌေးလွင်အား YPI မှ သွားရောက်တွေ့ဆုံဆက်သွယ်ရန်ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်ရခဲ့ခြင်းမရှိပါ။
ကျူးလွန်သည်ဟုသံသရရှိခြင်းခံရသူ ကိုသားကြီး(ခ)ခင်မောင်ထူး မိသားစုဝင်တစ်ဦးကလည်း"ရည်းစားဖြစ်တယ်ဆိုတာလည်း ကျွန်တော်တို့ မသိပါဘူး။အခုထိ သူနဲ့တွေ့ခွင့်မရသေးတဲ့အတွက် ကျွန်တော်တို့ဘက်က ဘာမှမပြောနိုင်ဘူး"ဟု ပြောသည်။
သားမယားပြုကျင့်သူဟု စွပ်စွဲခံရသူ ကိုသားကြီ(ခ)ခင်မောင်ထူး(ခ) ဆိုဖီရင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦးဖြစ်ပြီး နောက်ဆုံးနှစ် ဥပဒေဘာသာရပ်ကို ဖြေဆိုထားသူဖြစ်သည်ဟု ကိုသားကြီး၏ မိသားစုဝင်များထံမှသိရသည်။
ယခုကိစ္စကို အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှ ယနေ့ရှင်းလင်း ပြောဆိုချက်ကို ပေါ်ပြူလာ နယူးစ် ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖေါ်ပြထားရာ ရန်ကုန်တိုင်း NLD အဖွဲ့မှ ဦးလှသိန်းက ၎င်းတို့အနေဖြင့် စစ်ဆေးနေကြောင်း၊ ကောင်လေးနှင့် ကောင်မလေးမှာရည်ငံနေသည်ဟု သိရကြောင်း အမှုဖွင့်ထားသည့် ကိစ္စအသေးစိတ်ကို ထပ်မံစုံစမ်းဆဲဖြစ်သည်ဟု ဖေါ်ပြထားသည်။
အမှုအားပန်းဘဲတန်းရဲစခန်းမှ ပြစ်မှုပုဒ်မအမှတ် (ပ)၈/၂၀၁၃ ၊ပြစ်မှုပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးထံမှသိရသည်။
From :The Voice Weekly
ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ် NLD ရုံးခန်းရှိ ပညာဒါန ကျောင်းတွင် ဇန်နဝါရီ ၃ ရက်နေ့က ၁၅ နှစ်အရွယ် ဒဿမတန်း ကျောင်းသူ တစ်ဦးကို NLD ပညာဒါန ကျောင်း တာဝန်ရှိသူ တစ်ဦးက အဓမ္မပြုကျင့် ခဲ့ကြောင်း မြို့ နယ် ရဲစခန်းသို့ တိုင်ကြားချက်ကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးသို့ ပေးပို့ချက် အရ သိရသည်။
အဓမ္မပြုကျင့် ခံရသော ကျောင်းသူမှာ အ.ထ.က (၁) ပန်းဘဲတန်းတွင် ပညာသင်ကြား နေသူဖြစ်ပြီး ယင်းနေ့ နံနက် ၈ နာရီ ခန့် တွင် NLD ပညာ ဒါန သင်တန်းကျောင်းရှိ ကျပန်းစကားပြော ပြိုင်ပွဲသို့ သွားရောက်ရာ ပြိုင်ပွဲပြီး ချိန် တွင် အဆိုပါ ကျူရှင်ကျောင်း ၇ လွာရှိ အမဖြစ်သူ၏ သူငယ်ချင်း အခန်းသို့ အမဖြစ်သူ ရှိ၊မရှိ သွားရောက် ကြည့်ရှုကာ မတွေ့၍ ပြန်လည် ဆင်းလာချိန်တွင် ကျောင်းတာဝန်ခံ ခင်မောင်ထူး (ခ) သားကြီး (ခ) ဆိုဖီရင်း အသက် ၂၂ နှစ် က ကိုကာကိုလာ အချိုရည် ဘူးတွင် မူးမေ့ စေတတ် သည့် ဆေးထည့်ကာ တိုက်ခဲ့ပြီး ပြစ်မှု ကျူးလွန်ခဲ့ကြောင်း ကျောင်းသူ၏ အမ ပြောကြားချက် အရ သိရသည်။
ယင်းအချိုရည်ကို သောက်ပြီး မူးမေ့ သွားခဲ့ရာ သတိ ပြန်ရချိန်တွင် သူမ ဝတ်ထားသော အပေါ် အင်္ကျီ နှင့် အနက်ရောင် ဘောင်းဘီရှည်မှာ ကျွတ်လျက် အနေ အထားဖြင့် အနားတွင် ခင်မောင်ထူးကို တွေ့ရပြီး သတိလစ် နေခိုက် ခင်မောင်ထူးက ၄င်းကို အဓမ္မ ပြုကျင့် နေသည်ကို သတိ ထားမိကြောင်း ယင်း အဖြစ်အပျက်ကို မည်သူ့ကိုမျှ ပြန်မပြောရန် ခင်မောင်ထူးက ပြောဆို ခဲ့ပြီး အဆိုပါ ကျောင်းသူ တိုက်ပေါ်က ဆင်းလာစဉ် သမီးဖြစ်သူ အိမ်ပြန် နောက်ကျ၍ အပူတပြင်း ရှာဖွေနေသည့် မိခင်နှင့် တိုက်အောက် တွင် တွေ့ခဲ့ပြီး မိခင်ဖြစ်သူကို အသိပေး ခဲ့ရာမှ ပန်းဘဲတန်း ရဲစခန်းသို့ သွားရောက် တိုင်ကြား ခဲ့ပြီး ရဲစခန်းက (ပ) ၈ / ၂၀၁၃၊ ပုဒ်မ - ၃၇၆ ဖြင့် အမှုဖွင့် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း အဓမ္မ ကျူးလွန် ခံရသူ၏ ဦးလေး ဖြစ်သူ၏ ပြောကြားချက်နှင့် ရဲစခန်းသို့ တိုင်ကြားချက်များ အရ သိရသည်။
အဆိုပါ ကိစ္စနှင့် ပက်သက်၍ The Voice Weekly က NLD ဗဟို အလုပ် အမှုဆောင် တစ်ဦး ဖြစ်သူ ဦးအုန်းကြိုင်ကို ဆက်သွယ် မေမြန်းခဲ့ရာ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်း မေးမြန်း နေဆဲဖြစ် ကြောင်း ပြစ်မှု ကျူးလွန်သူဟု ယူဆ ရသူကို အင်းစိန် အကျဉ်းထောင်သို့ ပို့ဆောင် သွားသည် ကိုသာ သိရှိ သေးကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
NLD ပါတီ သတင်း ပြန်ကြားရေး ဌာန ဦးကြည်တိုး ထံသို့ ဆက်သွယ် မေးမြန်း ရာ ပြစ်မှု ကျူးလွန်သူဟု စွပ်စွဲ ခံရသူမှာ သင်တန်းဆရာ မဟုတ်ဘဲ ရပ်ကျေး အဖွဲ့ဝင် တစ်ဦးသာ ဖြစ်ကြောင်း ယင်းအမှုနှင့် ပက်သက် ၍ ရဲအရာ ရှိများက လုပ်ထုံးလုပ်နည်း အတိုင်း ဆောင်ရွက်သည်ကို ဝင်ရောက် စွက်ဖက်မည် မဟုတ်ဘဲ အမှန်အတိုင်း ဖြစ်ရန် သာ ဆောင်ရွက် မည် ဖြစ်ကြောင်း The Voice Weekly သို့ ဖြေကြားသည်။
www.MyanmarExpress.net

11 comments:
ခွေးကုလား တွေ ကတော့ အမြဲတမ်း ခွေးကျင့် ခွေကြံ ကြံ ပြီး တော်သလင်း ဇါတ် ခင်းဖို့ပဲ စဉ်းစား နေကြတယ်။
အဒီဓါတ် ပုံ ထဲ က ကောင် တွေ
ရဲ့ အ မည် သိ တဲ့ သူ ရှိရင်
ပြော စမ်း ပါ ဗျာ
နာ မည် တပ် ပြီး ဆဲ ချင် လို့
ဟာ ဟာ့ ဟား ဒီတခါ နင့်အလှည့်
ဒီပုတ်ထဲကဒီပဲဘဲဘာပြောကြမှာလဲ ပြောရင်သူတို့လုပ်တာတွေပါပေါ်ကုန်မှာပေါ့
ဒီသတင်းအဆက်ထက်တင်ပေးပါခင်ဗျာ။။အသက်ပြည့်တာမပြည့်တာတော့စိတ်မဝင်စားဘူးဖြစ်တဲ့နေရာကNLDရုံးခန်းအတွင်းမှာ၊အအေးထဲမှာအိပ်ဆေးထဲ့တိုက်တယ်ဆိုဘဲ။NLDဈေးရောင်းပွဲဆိုအအေးတွေကိုသတိထားရမယ်။
shameful NLD
လုပ်ရပ်ကတော့ တော်တော်နိမ့်တယ်
NLD ဆိုတာကောသေချာသလား သေချာတယ်ဆိုယင်တော့ ဒီပါတီဟာ
ဘာလုပ်တယ့်ပါတီလဲ ခေါင်းဆောင်ပိုင်းရဲ့အုပ်ချုပ်မှုကကောဘယ်လိုလဲ
ဘယ်လိုလူတွေနဲ့ဖွဲ့စည်းထားတာလဲ လူပတ်ဝန်းကျင်မှာ လူလို့ကောသတ်မှတ်ရန်သင့်သလား လူလားခွေးလားသေချာအောင်စီစစ်ပေးဖို့ လိုအပ်တယ်။
အပေါ်ကွန်မင့်မှာ ဓါတ်ပုံရှင်ကို သိလိုသောလူကောဘယ်လိုဖြေရှင်းမှာလည်း ပုံစံအားဖြင့်တော့ ညစ်ညမ်းတာပေါ့ နော် ဒါပေမယ့် လုပ်ရပ်ကပိုအဆင့်မရှိတာတော့
သေချာတယ်။
စောင့် ကြည့် နေ ဒေါ် စု တို့ ဘယ် အ ကွက် နဲ့ ဘယ် လို ရွှေ့ ပြီး ဘယ် သူ ကို ထိုး ကျွေး သွား မ လဲ ဆို တာ။
အဲဒီလို မျိုး NLD ကမဖြစ်ပဲ စစ်တပ်က ဖြစ်ကြည့်လိုက် စမ်း ပါအော် လိုက်ကြ မယ့်စောက် မျိုးတွေ လူအခွင့်အရေးတို့အရွယ်မရောက်သေးသူ ကို အဓမ ပြုကျင့်မှုတို့ ဆိုပြီးလိပ်ခေါင်းထွက် အောင်အော်ပြပါလိမ့်မယ် ခုများကျ လူမိမှာဆိုလို့ ချီးခိုးပေါက်တဲ့ စောက်သံလောက်ပဲထွက်လာ တယ်။ အသံကဘယ်ထွက် မလဲ ဒီစောက်သံထွက်တဲ့ တောကျီးကန်း အုပ်ထဲ ကဖြစ်နေတာကိုး။သိပ်မသိသာပါဘူး။ဟိုနေရာဆူ ဒီနေရာဆူ ဟိုနေရာပါ ဒီနေရာပါ လုပ်နေတဲ့အထဲ မှာ ဘယ်အဖွဲ့အစည်းက ပိုများ သလဲဆိုတာ။
u right,, wa la la NLD
ဒေါ်စုကိုဝါးချင်တယ်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်