Subscribe to our RSS Feed

စစ်ကိုင်း NLD မှ အာဏာရှင်စနစ် ကျင့်သုံးနေသဖြင့် ပါတီဝင်အချင်းချင်း မကျေမနပ်ဖြစ်နေ

From : အိမ့်သံစဉ်

စစ်ကိုင်းမြို့နယ် NLD ပါတီ ဇန်န၀ါရီလ ၇ ရက်နေ့တွင် စာအမှတ် ၀၀၃/ညလခ/စက/၂၀၁၃ ခုနှစ် ရက်စွဲနဲ့ တိုက်နယ် ခေါင်းဆောင်များအားလုံးကို အစည်းအဝေး ဖိတ်ကြားခဲ့ပါတယ်။

ညီလာခံကျင်းပရေး ညှိနှိုင်း အစည်းအဝေးပွဲတွင် NLD ဗဟို ညွှန်ကြားချက်ကို မလိုက်နာဘဲ ပါတီ အကျည်းတန်စေတဲ့ လုပ်ရပ်ကို ပန်းဘဲတန်းရပ်ကွက် ဥက္ကဋ္ဌ ဦးသောင်းရွှေမှ ပိုက်ဆံချမ်းသာသောသူအား ဥက္ကဋ္ဌတင်ရန် ပြောကြားပြီး ဦးကျော်သောင်းသည် ပိုက်ဆံချမ်းသာသူ ဖြစ်တဲ့အတွက် ဥက္ကဋ္ဌတင်ရန် အဆိုပြုခဲ့ပါတယ်။

၎င်းတို့နှင့်အတူပါလာသော လူတစ်စုအား ထောက်ခံခိုင်းပြီ ဥက္ကဋ္ဌ တင်မြှောက်ခဲ့ပါတယ်။ မနေ့ကပြုလုပ်တဲ့ အစည်းအဝေးတွင် ညီလာခံကိုယ်စားလှယ်များအားလုံး ဖိတ်ကြားခြင်းမရှိပဲ လူတစ်စုဖြင့်သာ လုပ်ဆောင် ခဲ့ပါတယ်။

ထို့အပြင် ပါတီအမှုဆောင်စာရင်းဟာလည်း ညီလာခံမကျင်းပမီ ပေါ်ထွက်နေသဖြင့် စာမေးပွဲမဖြေရဘဲ
အောင်စာရင်းထွက်နေသည့်အဖြစ်နှင့် တူနေပါတယ်။

www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်