From :
.. MOI
ဇူလိုင်(၁၁)ရက်တွင်ထုတ်ဝေမည့် Bi မွန်းတည့်နေဂျာနယ် အတွဲ(၁) အမှတ် (၂၉)ကို ဇူလိုင်(၇)ရက်တွင် ကြိုတင်ဖြန့်ဝေရောင်းချခဲ့ရာ ၎င်းဂျာနယ်၏ ရှေ့မျက်နှာဖုံးနှင့် စာမျက်နှာ(၂)တွင် "ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ဒီမိုကရေစီအင်အားစုများအား ကြားဖြတ်အစိုးရ အဖြစ် ပြည်သူများက တင်မြှောက်ကြောင်း M.D.C.F ထုတ်ပြန်" ခေါင်းစဉ်ဖြင့် သတင်းဖော်ပြပါရှိသည်ကို တွေ့ရသည်။
အဆိုပါ သတင်းကို ဖတ်ရှုသူများအနေဖြင့် ထင်ယောင် ထင်မှားဖြစ်စေပြီး နိုင်ငံတော်အစိုးရကို အကြည်ညို ပျက်စေခြင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေခြင်းနှင့် အများပြည်သူ၏ အကျိုးပျက်စီးမှုကို ဖြစ်ပေါ်စေနိုင်သည်။
ယင်းသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနက စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်သွား မည် ဖြစ်ကြောင်းနှင့် ထိုသို့ ကြားဖြတ်အစိုးရတင်မြှောက်မှာ အမှန်တကယ်ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ပါက နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်နေသဖြင့် တည်ဆဲဥပဒေများဖြင့် အရေးယူခံရနိုင်ကြောင်း သတင်းရရှိသည်။
.. www.MyanmarExpress.net

2 comments:
စောက်ရှုးတွေ
ဒါပေါ့ အရေးယူရမှာပေါ့။ သမ္မတကြီးပဲ လှုံ့ဆော်သူတွေကို အရေးယူမယ်ပြောထားတာပဲ။ အဲ...မယူရင်တော့ သမိုင်းတရားခံဖြစ်ပြီမှတ်။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်