Subscribe to our RSS Feed

၄၃၆ လှုပ်ရှားမှုနှင့် အသုံးချခံ ၈၈ မျိုးဆက်

From : .. မိုဃ်းသွေးငယ်


၈၈ မျိုးဆက်ကျောင်းသားဆိုတာနဲ့ ပြည်သူတစ်ရပ်လုံးက ၁၉၈၈ အရေးတော်ပုံနဲ့တွဲပြီး မြင်လေ့ရှိကြ တယ်။ စစ်အာဏာရှင်စနစ်ကို တော်လှန်ခဲ့ပြီး လပိုင်းအတွင်းမှာ အာဏာရှင် သမ္မတ သုံးဦးကို ဖြုတ်ချနိုင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေ၊ တော်လှန်ရေးသမားတွေဆိုပြီး လူတိုင်းက သတ်မှတ်ကြတယ်။ ဒါပေမယ့် ပြည်တွင်းက လက်ရှိ ၈၈ တော်လှန်ရေးသမား ကျောင်းသားခေါင်းဆောင်တွေရဲ့ တိကျတဲ့ မူဝါဒမရှိခြင်း၊ ခိုင်မာတဲ့ ဦးတည်ချက်မရှိခြင်းတွေကြောင့် ၈၈ မျိုးဆက်ဆိုတဲ့ အနှစ်သာရကို ပျက်ဆီးစေရတဲ့အပြင် လူထု ထောက်ခံမှုလည်း တဖြည်းဖြည်း ကျဆင်းလာကြောင်း သတိပြုမိလာတယ်။ 

ပြည်တွင်းက ၈၈ ခေါင်းဆောင်တွေအနေနဲ့ ဒီချုပ်ကို သံဝေဂ ယူဖို့လိုပါလိမ့်မယ်။ ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်း အာဏာလွှဲမပေးတာကြောင့် ဒီချုပ်နဲ့ ၉၀ ရွေးကောက်ပွဲ အနိုင်ရအမတ်အားလုံး တော်လှန်ရေး လုပ်ခဲ့ကြတယ်။ စစ်အာဏာရှင်စနစ်ကို တော်လှန်ခဲ့ကြတယ်။ စစ်ပြိုင်အစိုးရ ဖွဲ့စည်းခဲ့ပြီး ပြည်ပက လွတ်မြောက်နယ်မြေတွေမှာ NLD-LA ရုံးတွေ ဖွင့်ခဲ့ကြတယ်။ ကန်ပိန်းတွေ လုပ်ခဲ့ကြတယ်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ ဒီချုပ် မှတ်ပုံတင်လိုက်တော့ တော်လှန်ရေးသမားတွေအားလုံး ဘာလုပ်ရမှန်း မသိတော့ဘူး။ ဒေါ်အောင်ဆန်းစုကြည်လည်း ဘောင်းဘီချွတ် အစိုးရရဲ့ အသုံးချတာ ခံလိုက်ရတယ်။ လူသန်း ၆၀ ထောက်ခံ နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ယာက်ကို တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌတစ်ယောက်ဆိုပြီး လုပ်ပိုင်ခွင့် ဘာမှမပေးထားဘူး လွတ်လွတ်လပ်လပ်တောင် ဟောပြောခွင့်မရဘူး။ ဒါကို ၈၈ ခေါင်းဆောင်တွေ သင်ခန်းစာယူဖို့လိုတယ်။ ဒါတောင် သင်ခန်းစာမယူတတ်တဲ့ အစိုးရနဲ့ နီးစပ်အစည်းရုံးခံရတဲ့ ခေါင်းဆောင် တွေက အသုံးချတာခံရပြီး ပါတီထောင်ချင်ကြသေးတယ်။ ဒါပေမယ့် ဝိုင်းကန့်ကွက်လို့ မလုပ်ဖြစ်တော့ဘူး။ 


၈၈ ကျောင်းသားတွေဟာ တော်လှန်ရေးနဲ့ အတူမွေးဖွားလာတဲ့ တော်လှန်ရေးသမား စစ်စစ်တွေဖြစ် တယ်။ တော်လှန်ရေးရဲ့ အနှစ်သာရက ဘာလဲ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေရဲ့ အနှစ်သာရက ဘာလဲ၊ ပြည်ပက ၈၈ မျိုးဆက် refugee တွေက ဘာဆက်လုပ်ရမှာလဲဆိုတာ မစဉ်းစားကြဘူး။ လက်ရှိ ၈၈ ခေါင်းဆောင်တွေက တော်လှန်ရေး မလုပ်တော့ဘဲ အသုံးချတာ ခံနေရတယ်။
ပြည်တွင်းက ၈၈ မျိုးဆက်ခေါင်းဆောင်တွေက စာပေဟောပြောပွဲလိုလို၊ ၄၃၆ ကန့်ကွက်ပွဲလိုလို ဟောပြောနေကြရတယ်။ အဲဒါ တော်လှန်ရေးမဟုတ်ဘူး။ တော်လှန်ရေးသမား ဆိုတာ လက်မှတ်ထိုးဖို့ မဲဆွယ်ပြီး လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို နာခံဖို့ စောင့်ဆိုင်းနေရမယ့် အနေအထား မဟုတ်ဘူး။ မတရားဘူး ထင်ရင် ပွင့်ပွင့်လင်းလင်းပြော၊ ထိပ်တိုက်တွေ့ရမယ်။ သတ္တိကြောင်ခြင်းဆိုတာ တော်လှန်ရေးသမား ကျောင်းသားခေါင်းဆောင်တွေရဲ့ အဘိဓာန်မှာ မရှိဘူး။ 


ဒီချုပ်က သူ့အလုပ်ကို လုပ်တာမှန်တယ်။ ဒီချုပ်က တရားဝင်မှတ်ပုံတင်ထားတဲ့ပါတီ၊ လွှတ်တော်ထဲမှာ အဆိုတင်တာတွေ၊ ပြည်သူ့ဆန္ဒတင်သွင်းတာတွေ လုပ်နိုင်တယ်။ ၈၈ မျိုးဆက်တွေက လွှတ်တော်ကို လေ့လာရေးပဲသွားလို့ရတယ်။ ဘာမှဝင်ဆွေးနွေးလို့မရဘူး။ အခု ဒီချုပ်ပါတီဝင်တွေပဲ လက်မှတ်လိုက်ကောက် နေတယ်။ လက်မှတ်အရေအတွက် ထင်သလောက်မရတော့ ၈၈ တွေပါ သိက္ခာကျရတယ်။ အစိုးရဖက်ကတော့ သူတို့ဦးဆောင်တဲ့ နိုင်ငံရေးမှာ ၈၈ မျိုးဆက်တွေနောက်က ပါလာတဲ့အတွက် အမြတ်ထွက်သွားတယ်။ 


၈၈ ရဲ့ လက်ရှိတာဝန်က ငွေရတုက ဆုံးဖြတ်ချက်တွေ အကောင်အထည် ဖော်ဖို့ပဲ။ အစိုးရရဲ့ အသုံးချထား ခံဖို့မဟုတ်ဘူး။ ဒီချုပ်ရဲ့ အသုံးချတာ ခံဖို့မဟုတ်ဘူး။ အခုထိ ငွေရတု ဆုံးဖြတ်ချက်တွေ အကောင်အထည် မဖော်နိုင်သေးဘူး။ တက္ကသိုလ်ကျောင်းသားတွေကို နိုင်ငံရေးမလုပ်ဖို့ အစိုးရဘက်က ကန့်သက်တာကို ၈၈ မျိုးဆက်တွေ ဘာမှမတုန့်ပြန်ခဲ့ဖူး။ ပြည်တွင်းက ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တွေရဲ့ ရပ်တည်ချက်ကို မေးခွန်းထုတ်ရမလို ဖြစ်နေပြီ။ သမိုင်းဘယ်လောက် ကောင်းခဲ့ကောင်းခဲ့ ပစ္စုပ္ပန်မှာ ဦးတည်ချက်ပျောက်ရင် အနာဂါတ်မှာ ရောက်ချင်တဲ့ဆီ ရောက်သွားမှာပဲ။ ဒါကြောင့် ပြည်တွင်းက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်အားလုံး သူတပါးအသုံးချမှုတွေကို လိမ္မာပါးနပ်စွာရှောင်ရှားကြပါ၊ ၈၈ အရေးတော်ပုံရဲ့ အနှစ်သာရကို စောင့်လျှောက်ကြပါ။ တိကျတဲ့ လမ်းသစ်အတိုင်း ကိုယ့်လမ်းကိုယ်သာ ယုံယုံကြည်ကြည် လျှောက်လှမ်းကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ 


.. www.MyanmarExpress.net
 

2 comments:

မြန်မာပြည်ကို အရေခွံဆုတ်နေတဲ့ ဘိန်းတရုတ်ခရိုနီ ပွဲစားလုပ် တစ်နိုင်ငံလုံးရဲ့ အရင်းအမြစ်တွေကို တရုတ်ဘက်ကို နည်းမျိုးစုံနဲ့ ရောင်းစားနေ တာ နိင်ငံ၇ဲ.အနာဂါတ်ဟာအတော်ကို စိုးရိမ်စရာဖြစ်နေပြီ
စစ်ခေါင်းဆောင်မျာ့းက
တရုတ်ထုတ် တင့်ဟောင်း၊ လေယာဉ်စုတ်၊ သင်္ဘောပျက် ၀ယ် နေ ပါတယ်။
၁၉၆၂ မှ ယနေ့တိုင် စစ်အာဏာရှင် လူတစ်စု၏ မင်းမူမှုကြောင့် အုပ်ချုပ်မှုစနစ်အမှားများ ၊ အဂတိ လိုက်စားမှုများနှင့် စစ်ခေါင်းဆောင်များ၏ ပညာအရည်အချင်း ခေါင်းဆောင်မှု အရည်အသွေး ညံ့ဖျင်းမှုတို့ကြောင့် သယံဇာတ ပေါကြွယ်လွန်းလှသည့် မြန်မာနိုင်ငံသည် အရှေ့တောင် အာရှတွင် အဆင်းရဲဆုံးနိုင်ငံ၊ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများ စာရင်းသို့ပင် ရောက်ရှိသွားခဲ့ရသည်။ တစ်ချိန်က လူတစ်ဦး တစ်နှစ်ပျမ်းမျှဝင်ငွေ ဒေါ်လာ တစ်ထောင်အောက်သာ ရှိပြီး မြန်မာနိုင်ငံထက် စီးပွားရေး နိမ့်ကျခဲ့သည့် စင်္ကာပူနိုင်ငံကို ယခုအခါ ကျော်တက်ဖို့ မဆိုထားဘိ၊ အရှေ့တောင်အာရှနိုင်ငံများတွင် တစ်ချိန်က ဆင်းရဲခဲ့သော နိုင်ငံများဖြစ်သည့် လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ မလေးရှားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်ပင် အဆ ၇ဝ ကျော် နိမ့်ကျသွားခဲ့ရ ပါတယ်။

ဤသို့ဖြစ်ခဲ့ရသည်မှာ နိုင်ငံရေး အတွေးအခေါ်နှင့် ပညာအရည်အချင်း နိမ့်ပါးသော စစ်ခေါင်းဆောင်များ၊ စစ်ဗိုလ်ချုပ်ဟောင်းများ နှစ်ပေါင်း ၅ဝ ကျော် နိုင်ငံကို စိုးမိုးအုပ်ချုပ် ခြယ်လှယ်ခဲ့သောကြောင့်ပင် ဖြစ်ပါတယ်။။

now NLD and Pan Ye' Lane collect anti 436 near myoma zay. They are fools or something .It is not right time.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်