ခွေးပုံနဲ့တွဲပြီးတင်ထားတာတွေ့ရတော့ အတော်စိတ်မကောင်းဖြစ်မိတယ်...
ပညာတတ်ပြီး စာအရေးကောင်းလို့ လေးစားခဲ့ပါတယ်အရှင်...
ဆရာတော်ကြီး ၄၇-ပါးကိုတော့ ခွေးနဲ့နှိုင်းပြီး မရေးသင့်ပါဘူးဘုရား...
သိက္ခာကြီးမားတဲ့ ဗန်းမော်ဆရာတော်ဘုရား ဦးဆောင်သော မဟနခေါ်တဲ့ မြန်မာသံဃာ့အဖွဲ့အစည်း တစ်ခုလုံးကိုတော့ ဒီလို မရေးသင့် မစော်ကားသင့်ဘူး ထင်မိပါတယ်... ပုဂ္ဂိုလ်ရေးနဲ့ သံဃာ့အရေး ခွဲသင့်တယ်ထင်ပါတယ်... အရှင်ဘုရားတော့မသိဘူး တပည့်တော်တော့ အရှင်ဘုရားအတွက် စိတ်မကောင်းဘူး... ရင်ပူတယ်... အရှင်ဘုရား စာတွေလည်း အများကြီး သင်ထားတာဘဲ... ဒေါသအာဃာတတရားတွေ ရှေ့တန်းမတင်ပါနဲ့ဘုရား... မဟနဖျက်ဖို့ လှုံ့ဆော်ခြင်းတွေဟာ သာသနာကို ဖျက်သလိုမျိုး ဖြစ်လာနိုင်ပါတယ်...
အဖွဲ့လို့ လုံးပြီး အပြစ်မဆိုကြပဲ ပုဂ္ဂိုလ်တစ်ဦးခြင်း အပြစ်ရှိလျှင်
အပြစ်ပြ ပြောဆိုခြင်းက ပိုပြီး သင့်တော်ပါတယ်...
သူတော်ကောင်းအပေါင်းတို့...
သံဃာ့မဟာနာယကအဖွဲ့ရယ်လို့ ရှိလာလို့သာ ဘုရားတပည့်တော်တို့ ထေရဝါဒဗုဒ္ဓသာသနာဝင် ဘုန်းကြီးများ ဖြစ်ကြရတာပါ... ဒီအဖွဲ့သာ မပေါ်ပေါက်ခဲ့ရင်... လူသေလူဖြစ်ဝါဒ ဦးဥက္ကဋ္ဌနဲ့တင် ဘုရားတပည့်တော်တို့ ဘာဗုဒ္ဓဘာသာမှန်းမသိ ဖြစ်နေလောက်ပါပြီ... ကျောက်ပုံဝါဒဆို နို့တစ်လုံးပေးရမယ်တောင်ဆိုသေး... မိခင်များကိုယ်စား ဒီလောက်နဲ့တင် မဟနကို ကျေးဇူးတင်သင့်နေပါပြီ... ဒီထက်ပိုပြီးစဉ်းစားကြည့်ရင် မဟနဆိုတာသာ မရှိခဲ့ရင် အရည်းကြီးတွေ ခေတ်စားနေလောက်ပါပြီ... ဒီလိုသာဆို ဘုရားတပည့်တော်တို့ မိမစစ်ဖမစစ်တွေဖြစ်မှာ သေချာတယ်... ဘာလို့လည်းဆိုရင် သာသနာအစစ်အမှန်မရှိလို့ အရည်းကြီးတွေ ခေတ်စားခဲ့တာ မှတ်မိကြမှာပါ... ဒီလိုသာဖြစ်ရင်တော့ မိခင်လောင်းတွေကို ပန်းဦးလွှတ်တဲ့အလုပ် လုပ်ကြရတော့မယ်... (လူငယ်တချို့ အရည်းကြီးဆိုတာမသိ ဖြစ်မှာစိုးလို့... အရည်းကြီးဆိုတာ သင်္ကန်းလိုလို ပိတ်စခြုံထားတဲ့လူကိုခေါ်တာပါ... သင်္ကန်းဝတ်လူပေါ့... လူလုပ်တာမှန်သမျှထက် မကောင်းမှုပိုလုပ်ကြတယ်... အဆိုးဆုံးကတော့ တစ်တိုင်းပြည်လုံး ရှင်ဘုရင်မှစ မိန်းမယူကြရင် ဒီဘုန်းကြီးအမည်ခံ အရည်းကြီးတွေထံမှာ မိမိမယားလောင်းကို တစ်ရက်ပို့ရတယ် သူ့မယားအဖြစ် နေရတယ်လို့ ဆိုပါတယ်... ဖိုမကာမဂုဏ်မှီဝဲခြင်းကို အရည်းကြီးဆိုသူတို့ ခံစားနှစ်သက်ကြပါတယ်... သူပြီးမှ ယောက်ျားထံ ပြန်ပို့ပေးတာပါ... ထေရဝါဒသာသနာကိုစောင့်ရှောက်နေတဲ့ မဟနလို သံဃာအဖွဲ့တွေသာ မရှိဘူးဆိုရင် ဒီအတိုင်း အရည်းတို့ခေတ် ဖြစ်လာမှာပါ...)
ဒကာလေးတို့ သင်တို့ဇနီးလောင်းများအတွက် စဉ်းစားရမယ်...
မဟနဖျက်သိမ်းရေး လှုံ့ဆော်ခြင်းဟာ သံဃာကွဲအောင်ခွဲသလို ဖြစ်လာနိုင်ပါတယ်...
ထေရဝါဒသာသနာကို ဖျက်ဆီးတဲ့သဘော ဖြစ်လာနိုင်ပါတယ်...
တောင်းပန်ပါတယ် ဒကာလေးတို့...
လူငယ်တွေ သေချာမသိပဲ မဟနဖျက်ပြစ်ဆိုတာမျိုး မပြောကြပါနဲ့...
ဘုန်းကြီး သံဃာသင်းကွဲမှုတွေ ဖြစ်လာလိမ့်မယ်...
လူဆိုရင် အဲဒီလောက်နီးပါး ကံထိုက်မယ်...
ဒီကိစ္စမှာ သွေးထိုးမှုကို မခံကြပါနဲ့...
မဟနခေါ်ဆိုတဲ့ မြန်မာနိုင်ငံ သံဃာမဟာနာယကအဖွဲ့အစည်း တည်တံ့ဖို့ ညီအကိုအပေါင်းနဲ့ သူတော်ကောင်းတို့မှာ တာဝန်ရှိပါတယ်...
မဟနဖျက်ရမှာ မဟုတ်ပါဘူး
ဘုရားတပည့်တော်တို့ အားလုံး ဝိနည်းနဲ့ နေကြရုံပါ...
ထေရဝါဒ ဗုဒ္ဓသာသနာ တည်တံ့ရေးအတွက် တာဝန်ကျေပါစေ...
ထေရ၀ါဒသံဃာတော်များအားလုံး လက်တွဲနိုင်ကြပါစေ...
ညီတော်နောင်တော်များ ငြိမ်းချမ်းစွာနဲ့ သာသနာအကျိုး သည်ပိုးနိုင်ကြပါစေ...
ဦးလောကနာထ
၁.၂၂.၂ဝ၁၂
10 comments:
အရှင်ဘုရားရယ်... သံဃာတော်တွေထဲမှာ အရှင်ဘုရားတို့လို ဝိနည်းနဲ့အညီ နေထိုင်ပြီး မီဒီယာမကြောက်၊ ဘာအင်အားစုကိုမှ မကြောက်မရွံ့ပဲနဲ့အမှန်ကို ရဲရဲဝံ့ဝံ့ ပြောဆိုတတ်တဲ့သံဃာတော်မျိုးလဲ ရှိသလို အရှင်ကုသလသာမိတို့လို သာသနာနဲ့နိုင်ငံရေး ရောယှက်ပြီး မိမိလုပ်ရမယ့်အလုပ်ကိုမသိ၊ မိမိရဲ့ဦးတည်ချက်အမှန်ကိုမသိပဲနဲ့ လမ်းကြောင်းအမှားပေါ်မှာ ဝေ၀ါးပြီး လူလိုလို၊ ရဟန်းလိုလိုနဲ့ အလုပ်မှားအကိုင်မှားအတွေးမှားတွေကို လုပ်တဲ့အပြင် ယခုလို ကိုယ့်ထက် သက်တော်ကြီးဝါတော်ကြီး ဆရာတော်ကြီးတွေကိုပါ စော်ကားမော်ကား ပြုလာတဲ့သံဃာတွေလဲ အမြောက်အများပါအရှင်ဘုရား..။ ထိုထိုသော သံဃာတော်တွေ များလာရင်တော့ တပည့်တော်တို့ရဲ့ သာသနာဟာ ထေရဝါဒ ဗုဒ္ဓသာသနာအစစ်အမှန် မဟုတ်တော့ပဲနဲ့"နိုင်ငံရေးသာသနာ" ဖြစ်သွားပါလိမ့်မယ်..။ သန်း ၆၀ သော ပြည်သူပြည်သားတွေအားလုံး နိုင်ငံရေးကို စိတ်ဝင်စားကြတာ မဟုတ်ပါဘူးအရှင်ဘုရား... ဘယ်သူတွေပဲ ဘာပဲအုပ်ချုပ်နေနေ ကိုယ့်ဘာသာ အကောင်းဆုံး ကောင်းအောင်ကြိုးစားပြီး အေးအေးချမ်းချမ်း လုပ်နေကိုင်နေကြတဲ့ ပြည်သူပြည်သားတွေလဲ သန်း ၃၀ ထက်မက ရှိပါတယ်အရှင်ဘုရား... အခုတော့ အရှင်ဘုရားသိတဲ့အတိုင်း ပြည်ကိုဖျက်မယ့် အင်အားစုတွေက နှပ်ကြောင်းပေးပြီး ဆွဲခေါ်လာတဲ့အထဲကို သာသနာ့နယ်ပယ်က ရဟန်းဆိုသူများက ရဟန်းအလုပ်မလုပ်ပဲ ရောယောင်ပြီး ပါလာကြတာကိုမြင်ရတော့ တပည့်တော်တို့လဲ များစွာစိတ်မကောင်းဖြစ်မိပါကြောင်း လျှောက်တင်လိုက်ရပါတယ်အရှင်ဘုရား...။ မြန်မာ့နိုင်ငံရေး၊ မြန်မာ့သာသနာအတွက်လဲ များစွာ ရင်လေးမိပါတယ်ဆိုတဲ့အကြောင်း တပည့်တော်တို့ လျှောက်တင်လိုက်ပါတယ်အရှင်ဘုရား...။
မဟနဆရာတော်တွေအကုန်လုံးကို ၀ါးလုံးသိမ်းမဝေဖန်သင့်ဘူးလို့ထင်ပါတယ်။ မကြိုက်ရင်တော့ တဦးတယောက်ချင်းစီ နာမည်တပ်ပြီးပြောနိုင်ပါတယ်။ အားလုံးကိုတော့
မစော်ကားသင့်ပါဘုရား။ မိမိထက်သီလသမာဓိနဲ့ ပြည့်စုံတဲ့သူကိုစော်ကားမိရင် အရှင်ဘုရားရဲ့နောင်ရေးကိုစိတ်မအေးလို့ပါ။
စေတနာဖြင့်.....ဒကာမြကြီး(ခေတ္တဘန်ကောက်)
အပျိုလေးတွေကို မြေတိုက်ထဲလှောင်ထားပြီး ကာမဂုဏ်ခံစားနေတဲ့
နယ်မြို့တစ်မြို့က ဘုန်းကြီးတစ်ပါး
ကလေးမွေးပြီးစ မိခင်နို့ကိုမှ သောက်ချင်တယ်ဆိုလို့ မွေးကင်းစကလေးတွက် နို့ကိုခွဲပေးရတဲ့ မိခင်တစ်ဦးရဲ့ဘဝ
ဒီလိုအတုယောင်ဘုန်းကြီးတွေရှိတာကို လူတွေသိကြသလား
ဘုန်းကြီးအတုယောင်တွေကိုပြောတာဖြစ်လို့ အမှန်တရားကို မြတ်နိုးတဲ့ myanmarexpress ဒီကော့မန့်ကိုတင်ပါ
ဘယ်မှာတင်ထားတာလဲဗျ။
နိုင်ငံတော် အာဏာစက်၊ နိုင်ငံတော် ဗုဒ္ဒဘာသာအမြင့်ဆုံး သံဃာနာယကအဖွဲ့ မြတ်ဘုရားရဲ့ ဓမ္မစက်နဲ့ သံဃာတော် သန့်ရှင်းရေးကို လုပ်သင့်တဲ့အချိန်ရောက်ပြီလို့ ပြည်သူ၊ပြည်သား၊ ဗုဒ္ဒဘာသာဝင်အားလုံးကို ဒီနေရာကနေ နှိုးဆော်လိုက်ပါ တယ်။
http://messengerforbuddhist.blogspot.com/ ကစောက်ကုလားတကောင်ရေးထားတာတွေကြည့်လုပ်ကြပါအုန်း။
တပည့် တော်တို့ တော်တို့ တော့ ဖတ်ရတာ စိတ်ဆင်းရဲပါတယ်ဘုရား .. ..
ဆရာတော်တွေ တရားမထိုင် စာမချလမ်းပေါ်မှဆန္ဒပြတော့ တပည့် တော်တို့  တွေလဲယောဂီဝတ်နဲ့ ထမီစွန်တောင်ဆွဲလို့ ထွက်ဆဲ ရတော့ မှာပါလား ..
ဒါမှ သာသနာကိုချစ် တိုင်းပြည်ကိုချစ်ရာရောက်မှပါလား.. မလုပ်ရဲဘူးဖျ .. ဘုရားရှင်လည်းမကြီုက်ဘူးထင်ပါတယ်
သြော် .. ဘုရား၇ှင်၇ှိရင်ဘယ်လို များ မိန့် တော်မူပါမလဲ . စီးပွားရေးကျပ်တည်းရတာထက် .. သာသနာ မှာ မညီညွတ်လို့  ဘုန်းဘုန်းတွေပြသနာဖြစ်ရင် ..သာသနာကွယ်မှ သံသရာအထိ ဆင်းရဲမှာပိုကြောက်ပါတယ်ဘုရား...
တပည့် တော် စိတ်ရင်းအတိုင်းပြောတာပါ .. ဘယ်သူဘက်မှမလိုက်ပါဘုရား ..
ဆင်ခြင်တော်မူကြပါ .. ဗုဒ္မဘာသာက ကမ္ဘာမှ လူနည်းစုပဲကျန်ပါတော့ တယ် .
ဟုတ်တယ် မဟနတွေကိုခွေးနဲ့မနှိုင်းသင့်ပါဘူး ခွေးသိက္ခာကျပါတယ်
ခွေးဆိုတာက သစ္စာရှိပါတယ်။ မဟန သစ္စာမရှိတာကတော့
အားလုံးကိုယ်တွေ့ပါပဲ။ မဟန ရဲ့ရည်ရွယ်ချက်ကတော့ ကောင်းပါ
လိမ့်မယ်။ တကယ်တမ်းကောင်းစေချင်ရင် တော့ အစကနေ ပြန်ဖွဲ့
သင့်တယ်လို့မြင်ပါတယ်။ သူတို့ကြောင့် သာသာနာကြီး နစ်မွန်းသွားမှာ
စိုးလို့ပါ။ မြတ်စွာသောဘုရား ဟောခဲ့သလိုပါပဲ ငါဘုရားသာသနာကို
ငါ့သားတော် ရဟန်ုးတွေကပဲဖျက်ဆီးမှာပါ။
အပေါ် ကကောင် မင်းအမေ ကခွေးနဲ့ စပ်ပြီး ရလာတဲ့ အကောင် မို့လို့ မင်းက ဆရာတော် ကြီးတွေကို ခွေးနဲ့ နှိုင်းရသလား ..ခွေးလိုးမ သားလေးရဲ့
သင်္ကန်းခြုံနဲ့ ကြောင်သူတော်တွေ ဘုရားသာသနာကို ဖျက်ဆီနေတဲ့ မာန်နတ်ရဲ့သားတွေ တောထဲကိုမောင်းထုတ်ပစ်ကွာ မကောင်းဆိုးဝါးနှင်သလို နှင်ထုတ်မှပစ်ကွာ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်