Subscribe to our RSS Feed

၂၀၁၂ ခုနှစ် အတွင်း လူကုန်ကူး ခံရပြီး ပြန်လည် လွတ်မြောက်လာသူ နှစ်ရာ နီးပါးရှိခဲ့

From : mrtv4



ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် အတွင်း ပြည်တွင်းကနေ ပြည်ပနိုင်ငံ တွေကို လူကုန်ကူး ခံရပြီး ပြန်လည် လွတ်မြောက် လာသူ ဦးရေ နှစ်ရာ နီးပါး ရှိတယ်လို့
လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟို အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီလို လူကုန်ကူးခံရတဲ့ အထဲမှာ အမျိုးသမီး အရေအတွက် အများဆုံး ဖြစ်ပြီး လူကုန်ကူး ခံရသူ အားလုံးရဲ့ ၇၅ ရာခိုင်နှုန်း လောက်ဟာ အမျိုးသမီးတွေ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျန် ၂၅ ရာခိုင်နှုန်းရဲ့ တ၀က် ကလည်း ကလေးသူငယ်တွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ မှာတော့ ပြည်တွင်းမှာ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အတွက် ကူညီဆောင်ပေး နေတဲ့ အဖွဲ့၂၆ ဖွဲ့ရှိပြီး အဖွဲ့တိုင်းဟာ လှုပ်ရှားမှု အစုံနဲ့ဆောင်ရွက် နေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကနေ လာမယ့် ၂၀၁၆ ခုနှစ် အထိ လူကုန်ကူးမှု တိုက်ဖျက်ရေး ဒုတိယ စီမံကိန်း ၅ နှစ်အဖြစ် အဖွဲ့အစည်း တွေပူးပေါင်းပြီး ဆောင်ရွက်မှု တွေကို ထိထိရောက်ရောက် လုပ်ဆောင် နေတယ် လို့လည်း သိရပါတယ်။

အခုလို လုပ်ဆောင်မှုတွေ သာမက ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်က ပြဌာန်းခဲ့တဲ့ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေ မှာလည်း အကြောင်း အမျိုးအမျိုးနဲ့လူကုန်ကူးသူတွေ အတွက် အရေးယူမှုတွေ သာမက လူကုန်ကူး ခံရမှုမှ သိမ်းဆည်း ရမိတဲ့ ပစ္စည်း၊ ငွေကြေး စတာတွေကို ရောင်းချပြီး နစ်နာသူတွေ ထံပြန်လည် ပေးအပ်စေမှု စတာတွေ ကိုလည်း ထည့်သွင်း ရေးဆွဲပြီး အများအကျိုး အတွက် ကာကွယ် ပေးထားတယ် လို့လည်း သိရပါတယ်။


www.MyanmarExpress.net
 

2 comments:

လူကုန်ကူးခံရတာ သူလေးရောပါလားဟင် ...စိတ်အရမ်းပူးတယ်ကွာ

သူလေးလား။ သိဘူးလေ။ သူလေးရဲ့ ဟာကြီး လေးတွေက -----။ (စိုင်းစိုင်း)

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်