From : eleven
www.MyanmarExpress.net
KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး တရုတ်-မြန်မာနယ်စပ်ရှိ
တရုတ်ကျေးရွာ အင်ခွန်ယန်သို့ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ၁၀၅
မမ လက်နက်ကြီးကျည်ဆံ နှစ်ကြိမ် အချိန် ၁၀ မိနစ်ခြား၍ ကျရောက်ခဲ့ကြောင်း
သိရပါသည်။
အဆိုပါ လက်နက်ကြီးကျည်ဆံသည် ဒေါ့ဖုန်းယန်ဘက်မှ လဂျားယန်ဘက်သို့
ပစ်ခတ်ခဲ့သည့် ကျည်ဆံ များဖြစ်ပြီး လိုင်ဇာမြို့အနီး တရုတ်နယ်စပ်အတွင်းရှိ
ကျေးရွာသို့ ကျရောက်ခဲ့ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ် သည်ဟု KIO/KIA ၏
ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပါသည်။
“လိုင်ဇာနားတစ်ဝိုက် တရုတ်ပိုင်နက်ထဲကို လက်နက်ကြီးကျည်ဆံကျတာ
ဒါပထမဆုံးပါပဲ။ ပန်ဝါဘက် မှာေ တာ့ မကြာခဏ ဖြစ်လေ့ရှိပါတယ်။ ဒါပေမဲ့
အဲဒီဘက်မှာ လူနေတဲ့ ရွာတွေမရှိတော့ ထိခိုက်တာ မရှိခဲ့ပါဘူး” ဟု ဦးလနန်က
ပြောပါသည်။
ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် လဂျားယန်ဒေသတွင် တိုက်ပွဲများ
ဆက်လက်ဖြစ်ပွားခဲ့ပြီး ရှမ်းပြည်နယ် နားလုံဘ က်မှ ကချင်ပြည်နယ်
နားလုံဘက်သို့ စစ်ကြောင်းဆင်းလာသော အစိုးရတပ်များနှင့် KIA တပ်များ အကြား
ပြင်းထန်သော မြေပြင်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု သိရပါသည်။ ထို့အပြင်
ပန်ဝါဒေသ ဘက်တွင် လည်း တစ်နေကုန်နီးပါး တိုက်ပွဲများ ဖြစ်ခဲ့ကြောင်း
သိရပါသည်။
လဂျားယန်ဒေသဘက်သို့ အစိုးရတပ်များ၏ လေကြောင်းကူ ပစ်ခတ်မှုများ ရှိခဲ့ပြီး
တိုက်လေယာဉ် သုံးစင်း အသုံးပြု၍ လေကြောင်း စစ်ဆင်မှုများ ပြုလုပ်ခဲ့ခြင်း
ဖြစ်ပါသည်။ ထို့အတူလက်နက်ကြီး အပြန်အလှန် ပစ်ခတ်မှုများမှာ ဒီဇင်ဘာလ ၃၀
ရက်နေ့ တစ်ရက်တည်းတွင် အကြိမ် ၆၀ ကျော် ခန့်ရှိခဲ့ပါသည်။
လိုင်ဇာမြို့မှ ၇ မိုင်ခန့်အကွာတွင် ရှိနေသော လဂျားယန်ဒေသ
တိုက်ပွဲကာလအတွင်း ၁၀၅ မမ၊ ၁၂၀ လက်န က်ကြီး ပစ်ခတ်မှုများမှာ ဒီဇင်ဘာလအတွင်း
အကြိမ်ရေ ၁၀၀၀ ကျော်ခန့်ရှိကြောင်း သိရပြီး ဒီဇင် ဘာ လ ၂၈ ရက်မှ ၃၀
ရက်နေ့ကာလအတွင်း အကြိမ်ရေ ၄၀၀ ကျော်ခန့် ရှိခဲ့ပါသည်။ နှစ်ဖက်တပ် များအ
ကြား အပြန်အလှန် လက်နက်ကြီးပစ်ခတ်မှုများ ရှိခဲ့သော်လည်း ဒေါ့ဖုန်းယမ်ဘက်မှ
လဂျားယန်ဘက်သို့ လက် နက်ကြီး ပစ်ခတ်မှုမှာ အကြိမ်ရေပိုများကြောင်း သိရပါသည်။
“လဂျားယန်ဘက်ကို ပစ်တဲ့ လက်နက်ကြီးတွေကတော့ ၁၀၅ မမ တွေ ပိုများပါတယ်။ ၁၀၅
မမ အတွက် ကျည်ဆံ တစ်တောင့်တန်ဖိုးက ၀ယ်မယ်ဆိုရင် သိန်း ၂၀ လောက်ရှိပါတယ်”
ဟု ဦးလနန်က ပြောပါသည်။
ဒီဇင်ဘာလ ၃၀ ရက်နေ့တွင်လည်း လိုင်ဇာမြို့နှင့် အနီးတ၀ိုက်ကို
အရေးပေါ်အခြေအနေတစ်ရပ်အဖြစ် KIA မှ တပ်လှန့်ထားပြီး
လေကြောင်းတိုက်ခိုက်မှုများ ရှိလာပါက ပြည်သူများရှောင်တိမ်းနိုင်ရန် လိုက်နာ
ရမည့် အချက် များကိုလည်း လိုင်ဇာရုပ်သံမှတစ်ဆင့်ထုတ် ပြန်ကြေညာမှုများ
ရှိခဲ့ပါသည်။
5 comments:
How can a person tell artillary caliber from impact area? Amazing. News madias nowadays remind me of Iraqi Information Minister Saeed Al-Sahhaf and his team. Very entertaining. By the way, who fired into China? KIA or Myanmar government.. or China blew up by themselves? Someone is trying to make a case.
လ နန် မင်း စစ် ဗူ ဟာ ကောက် ကြံ မူ က မင်း တို့ သူ ပုန် တွေ လုပ် နေ ကြ ပါ အ ခြေ အ နေ မ ကောင်း ရင် တဖက် နိုင် ငံ ကို လှမ်း ထု တာ ဘဲ မ ဟုပ် လား
တပ် မ တော် ကို အ ထင် လွဲ အောင် ပေါ့
လာ နန် မင်း ပြော တာ ကို လုးံ ဝ မ ယုံ ဘူး ငါ ပြော တာ ကို ယုံ လိုက် မင်း တို့ သူ ပုန် တွေ ကို အပြတ် ချေ မူနး မှာ
မင်း လဲ ပါ တယ်
တရုတ်ဘက်ကိုကျရင်တရုတ်ကတရားဝင်ကန့်ကွက်မှာပါ။လုပ်ကြံဝါဒဖြန့်တာသိသာပါကြောင်း။
Eleven media is KIA backed media.
လနန်းရေ တိုက်ပွဲတွေစဖြစ်ကတည်းကမင်းပြောနေလိုက်တာ မဟုတ်တမ်းတရားတွေချည်းပဲ လူတွေကို လိမ်ပြောရမယ်လို့မင်းတို့ရဲ့တရားတော်တွေက ဆုံးမထားလား အမှန်က ကချင်လူမျိုးကောင်းစားစေချင်လို့လုပ်တာမှ မဟုတ်တာ ဟုတ်တယ်လို့ ပြောချင်တာလား ဒါဆိုရင် ဘာဖြစ်လို့မင်းတို့တွေ မင်းတို့ပြည်နယ်ထဲမှာ မိုင်းတွေခွဲနေတာလဲ ကချင်သူ ကချင်သားတွေ အဆင်ပြေသွားလာလို့ရအောင် အစိုးရက ရထားလမ်းတွေ ကားလမ်းတွေ တံတားတွေ ငွေကုန်ကြေးကျခံပြီးလုပ်ပေးထားတာ မင်းတို့တွေက ဖျက်လို့ဖျက်စီးကွာ ဒါလားလူထုကောင်းစားရေး ပြောပြောပြီး နောက်ဆုံးချမ်းသာသွားတာ မင်းတို့လူတစ်စုပဲမဟုတ်လား လီးနန်းရေ(လနန်း)အခုလဲကြည့်အုန်း ကိုယ့်ဘာသာကို တရုတ်ပြည်နယ်စပ်ထဲ စိန်ပြောင်းနဲ့ပစ်ပြီးတော့ မျိုးချစ်မြန်မာ့တပ်မတော်ကို လာစွပ်စွဲနေပြန်ပြီ မင်းတို့ကချင်သူပုန်တွေပစ်လို့ မင်းတို့တွေ အဲ့ဒီ ကျည်ဆံတန်ဖိုးကို ပြောနိုင်တာပေါ့ ရှင်းပြီလား အရူးရဲ့ လီးနန်းရေမင်းတို့ပြောတဲ့စကားကို ယုံတဲ့သူက စောက်ရူးမို့လို့ဘဲ သိပြီလား(ဘီဘီစီ၊ ဘီအိုအေ၊ ဒီဗွီဘီ၊ အာအက်အေ)ဟားဟားဟား
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်