Subscribe to our RSS Feed

ဟီလာရီကလင်တန်အား ဆေးရုံတင်ထား




အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီ ကလင်တန် ဟာ မကြာသေးခင်က ခေါင်းထိခိုက် သတိမေ့မြောမှုဖြစ်ခဲ့ ပြီးတဲ့နောက် သွေးခဲသွားတဲ့အတွက် ဆေးရုံတင်ပြီး ကုသမှုခံယူနေရပါတယ်။

မစ္စကလင်တန်ရဲ့ ဆရာဝန်တွေက တနင်္ဂနွေနေ့တုံးက နောက်ဆက်တွဲ ကျန်းမာရေး စစ်ဆေးမှုတွေပြုလုပ်ရာမှာ သွေးခဲ နေတာကို တွေ့ရှိခဲ့ရတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအဖြစ်အပျက်ဟာ လွန်ခဲ့တဲ့ သတင်းပတ် အနည်းငယ်တုံးက သူမ မူးလဲသွားခဲ့တဲ့ ဖြစ်ရပ်နဲ့ ဆက်နွယ်နေတယ်လို့ ပြောပါတယ်။

မစ္စကလင်တန်ဟာ နယူးယောက်မြို့မှာရှိတဲ့ New York-Presbyterian  ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။ နောက်ထပ် ၂ ရက်လောက် ဆရာဝန်တွေရဲ့ စောင့်ကြပ်ကြည့်ရှုမှု အောက်မှာ ဆက်လက်ထားရှိရဖွယ် ရှိပါတယ်။

ဆရာဝန်တွေက သူမရဲ့ အခြေအနေကိုစောင့်ကြည့်နေပြီး နောက်ထပ်ဘယ်လို ဆက်လက်ကုသပေးရမယ်ဆိုတာကိုဆုံးဖြတ်လိမ့်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန
ရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။





ဦးခေါင်းကို ထိခိုက်မိရာမှတစ်ဆင့် သွေးခဲမှုဖြစ်နေ၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအား
ဆေးရုံတင်ထားရကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာက ကြေညာချက်တစ်ရပ် ထုတ်ပြန်သည်။

မစ္စစ်ဟီလာရီကလင်တန်အား နယူးယောက်မြို့ Resbyterian Hospital သွေးခဲမှုကို သက်သာစေမည့်
ဆေးဝါးများဖြင့် ကုသနေသည်ဟု ကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအကြံပေး မစ္စတာဖိလစ်ရိုင်းနက်စ်က
ပြောကြားသည်။ သူမအား ဆေးရုံတွင် ၄၈ နာရီကြာ စောင့်ကြည့်ကုသသွားမည်ဟု ၄င်းကဆက်လက်ပြောကြားသည်။

''ဆရာဝန်တွေက သူ့အခြေအနေကို ဆက်ပြီးစောင့်ကြပ်ကြည့်ရှုနေပါတယ်။ အဲဒီလို ကြည့်ရှုတဲ့အထဲမှာ ဦးခေါင်းထိခိုက်မှုကြောင့် တခြားပြဿနာတွေရှိသေးလားဆိုတာတွေလည်းပါဝင်ပါတယ်။ အခြားကုသမှုပုံစံလိုအပ်သေးလားဆိုတာကို ဆရာဝန်တွေက ဆုံးဖြတ်သွားပါမယ်" ဟု မစ္စတာ ဖိလစ်ကပြောသည်။

ယခုလ အစောပိုင်းတွင် ဖြစ်ပေါ်ခဲ့သော ဦးခေါင်းထိခိုက်မှုကို နောက်ဆက်တွဲကြည့်ရှုစစ်ဆေးရာမှ သွေးခဲမှုဖြစ်ပေါ်နေသည်ကို ဆရာဝန်များက တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက စီအင်န်အင်န်အား ပြောကြားသည်။

ယခုနှစ်အတွင်း နိုင်ငံခြားရေးဝန်ကြီးရာထူးမှ ဆင်းပေးမည့် မစ္စစ်ဟီလာရီကလင်တန် ၆၅ နှစ်သည် ၀မ်းဗိုက်ဗိုင်းရပ်စ်တစ်မျိုးကြောင့် ရေဓာတ်ခမ်းခြောက်မှုဖြစ်ပေါ်ပြီး ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။


 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်