From : လဘန်အင်ဒွဲ
www.MyanmarExpress.net
(၁) တပ်မတော်အစိုးရလက်ထက် နယ်ခြားစောင့်တပ်တွေ အတင်းဖွဲ့ခိုင်းတာကြောင့်
လို့ပြောရင်မှန်သ လား။ စခုန် တိမ်ရင်းတို့ လဆန်အောင်ဝါတို့က လက်ခံပြီး
ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ခဲ့တယ်။ KIA ကလက်မခံလို့
တစ်နည်းအားဖြင့် စစ်တပ်ကအတင်းဖိအားပေးလို့ဖြစ်လာတယ်ဆိုတာမှန်သလား။ ဒါဆို
အခုချိန်ထိ နယ်ခြားစောင့်တပ် ပြည်သူ့စစ် မဖွဲ့သေးတဲ့၊ UWSA၊ မိုင်းလား၊
KNU/KNLA၊ DKBA စတဲ့ လက်နက် ကိုင် အဖွဲ့အစည်းတွေနဲ့ ဘာလို့
စစ်ပွဲတွေဖြစ်မနေတာလည်း(လက်နက် အတင်းစွန့်ခိုင်းလို့ဖြစ် ရတာ ဆိုကြ သူ
များဖြေပေးရန်)။
(၂) အစိုးရရဲ့ မြစ်ဆုံစီမံကိန်းကို တားဆီးတဲ့အတွက်ကြောင့်
တိုက်ပွဲတွေဖြစ်လာရတာလို့ပြောရင်မှန်သ လား။ မြစ်ဆုံ စီမံကိန်း တင်မက
အခြားသော သယံဇာတ ထုတ်လုပ်မှုများ၊ စီမံကိန်းများအားလုံးအပေါ်မှာ KIA/KIO က
တရုတ်ယွမ်ငွေသန်း ပေါင်းဘယ်လောက်အထိ ရခဲ့သလဲ ဒီငွေတွေကို လိုင်ဇာမြို့မှ
အပ ကျန် တဲ့ ကချင်ပြည်နယ် ဘယ်နေရာတွေမှာ KIAက
ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက်သုံးခဲ့သလဲ။ တံတားေ ဆာက်ပေး ခဲ့သလား၊
ကျောင်းဆောက်ပေးခဲ့သလား။ ဆေးရုံဆေးခန်း ဆောက်ပေး ခဲ့သလား၊ ဟိုတယ်တွေ
ဇိမ် ခန်းတွေ၊ ကာစီနိုဝိုင်းတွေထောင်ခဲ့သလား ပြန်စဉ်းစားပါ။
ယခုအစိုးရလက်ထက် မှာ မြစ်ဆုံစီမံကိန်းကို ရပ်ထား
မယ်လို့ပြောပြီးပြီဆိုတော့ ( မြစ်ဆုံအရေးကာကွယ်လို့ တိုက်ပွဲဝင်ရပါတယ်
ဆိုတဲ့သူတွေ ဖြေပေး ရန်)။
(၃) ကချင်ပြည်နယ်အတွင်းမှာ စစ်တပ်က ကျူးကျော်ဝင်ရောက်လာလို့
ခုခံစစ်တွေဆင်နွှဲနေလို့ တိုက် ပွဲတွေ ဖြစ်ရတယ်ဆိုတာ မှန်သလား။
တာပိန်ရေအားစက်ရုံစောင့်စစ်သည်တွေကို ဖမ်းခေါ်သွားတာ၊ သွားပြန်ေ တာင်းတဲ့
အရာရှိတွေကို ဖမ်းလိုက်တာ၊ နောက်ထပ်လိုက်လာတဲ့စစ်ကြောင်းကို
မိုင်းခွဲတိုက်တာ၊ ရှမ်းပြည်နယ်စပ်က ရဲစခန်းကို ၀င်စီးပြီး
အချုပ်သားတွေလွှတ်ပစ်တာ၊ ဒါဏ်ရာရစစ် သည်တွေ ခေါ်ပြီးပြန် လာတဲ့ စစ်ကြောင်းကို
အင်အားသုံးတိုက်ခိုက်၊ အရှင်ဖမ်း၊ သေဆုံးသူတွေနဲ့ ဖမ်းမိ သုံ့ပန်းတွေကို
အင်တာ နက်ေ ပ်ါတင်ပြီး ၀ါဒဖြန့်တာ ဘယ်သူကစခဲ့သလဲ၊
ကချင်ပြည်နယ်တွင်းမှာမူလရှိပြီးသား တပ်စခန်းတွေကို
လူအင်အားနဲ့ဝိုင်းပတ်ပိတ်ဆို့ထာြး့ပီး ငတ်ပြတ်အားမရှိတော့မှ လူကောလက်နက်ပါ
သိမ်းပြီး အရှက်ခွဲ ဖို့ကြံတော့ မိမိစစ်သည်များ ကို အကာကွယ်ပေးနိုင်အောင်၊
ရိက္ဒာပို့နိုင်အောင် ကချင်ပြည်နယ် မူလ တပ်တွေ အပြင် နောက်ထပ် တပ်မ (၈၈)
တစ်ခုထပ်သွင်း လိုက်တာကို အင်အားသုံး ထိုးစစ်ဆင် တယ်လို့ြေ ပာ ရင်
ထိုးစစ်အတွက်လားကာကွယ်ဖို့အတွက်လား၊ နဂိုရှိပြီးသား တပ်စခန်းတွေ
တစ်ခုနဲ့တစ်ခုကြားမှာ ဆက်သွယ်မ ရအောင် စခန်းတွေ အဆင့်ဆင့်ဆောက်ပြီး
ချီတက်လာတဲ့တပ်တွေကို ခြုံခိုတိုက်တာ၊ မိုင်းခွဲ တိုက်တာက
ခုခံစစ်လို့ပြောနိုင်လား(ခုခံစစ်သာလို့ပြောတဲ့သူများဖြေရန်)။
(၄) အစိုးရစစ်တပ်ကဖိနှိပ်ညှင်းပမ်းလု့အခွင့်အရေးချိုးဖောက်လို့
ကာကွယ်ရတာပါဆိုရင်မှန်သလား။ ဒီကေ န့ ကချင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ KIA
တပ်ဖွဲ့ ပြည်သူလူထုက ဘယ်သူ့ကို ပိုကြောက်နေရလဲ၊ ဘာကြောင့်လဲ၊ ဒီကနေ့
ရှေ့တန်းမှာ စစ်သားတွေ ရိက္ဒာတွေထမ်းပြီးတောတိုးနေ တာ ယခင်ကလို ပေါ် တာ
တစ်ယောက်မှမပါဘဲသွားနေရပေမဲ့ KIA ကမြင်သမျှလူ KIA တပ်ဖွဲ့ထဲ အဓမ္မ သွင်းတာ၊
တွေ့သမျှဆိုင် ကွမ်းယာ ဆို င်ပါမကျန် အခွန်ကောက်တာ၊ မှော်တွေမှန်သမျှ
ကုမ္ပဏီ မှန်သမျှ ငွေသန်း နဲ့ချီပြီး ဆပ်ကြေးေ ကာက်တာကတော့
ပြည်နယ်ကာကွယ်ရေးအတွက် တာဝန်ရှိတယ် ဆိုတာ မှန်သလား( အစိုးရတပ် ကလု့အခွင့်
အရေးတွေချိုးဖောက်နေလို့ KIA ကကာကွယ်နေရတာပါလို့ ပြော သူများ ဖြေရန်)။
(၄) အစိုးရက ငြိမ်းချမ်းရေးအမှန်တကယ်မလိုချင်ဘဲ
ဟန်ပြငြိမ်းချမ်းရေးသာလုပ်ပြီး စစ်ရေးအရ ဖိအားပေး ရန်ကြံစည်နေတယ်
ဆိုတာမှန်သလား။ ငြိမ်းချမ်းရေးလုပ်ဖို့ စတင်ကမ်းလှမ်းခဲ့တာ KIA လား
အစိုးရလား၊ စစ်ပွဲေ တွ ရပ်ဖို့ပြောတာကို လက်မခံဘဲ စစ်ပွဲတွေဆက်တိုက်မယ်၊
နိုင်ငံရေးအရဘဲဆွေးနွေး မယ် လို့ပြော တာ ဘယ်သူလဲ။ ဆွေးနွေးပွဲလုပ်တိုင်း
အကြောင်း အမျိုးမျိုးနဲ့ နေရာရွေးလိုက် ခေါင်းစဉ်ရွေး လိုက်၊ မလိုက်ေ
လျာနိုင် တဲ့အချက်တွေ ထပ်တိုးတောင်းဆိုလိုက်၊ အဆုံးအဖြတ် မပေးနိုင်တဲ့သူတွေ
လွှတ်လိုက်နဲ့ ဆွေးနွေးပွဲ ပျက်အောင် ပီပီပြင်ပြင်မဖြစ်အောင် လုပ်နေတာ
အစိုးရလား၊ KIA လား။ ဆွေးနွေး ပွဲလုပ်ခါနီးတိုင်း၊ ကိုယ်စား လှယ်အဖွဲ့တွေ
ရောက်နေတိုင်း ရှေ့တန်းကတပ်စခန်းတွေကို သွားသွားပစ်ပြီး စခိုင်း၊ တပ်က
ပြန်ပစ် ရင် ``ထိုးစစ်ဆင်တာမဟုတ်ဘူးဆိုပြီး လက်နက်ကြီးတွေ အမြောက်တွေနဲ့
ပစ်နေ တယ်´´လို့ သံကောင်း ဟစ်နေတာဘယ်သူလဲ။ အခြားသော လက်နက်ကိုင်ထားဆဲ
တိုင်းရင်းသားအဖွဲ့ အစည်းတွေနဲ့ တောင် အပစ်ရပ်ပြီးငြိမ်းချမ်းရေး စားပွဲ
ဝိုင်းပေါ် မှ ဆွေးနွေးနိုင်တာကြောင့် အင်္ဂလိပ်အုပ်ချုပ် ကတည်းက လွတ်လပ်ရေး
မရဘူးတဲ့ပြည်သူတွေတောင် အခုအချိန်မှာ လွတ်လပ်ရေး အရသာခံစားနေ ရတာ အစိုးရရဲ့
လုပ်နည်း လုပ်ဟန်မှားယွင်းပြီး အမှန်တကယ် ငြိမ်းချမ်းရေးမယူချင်တဲ့ စေတ
နာကြောင့် လား ။ (တိုင်းရင်း သားတွေ ကို ဖိနှိပ်နေတာကြောင့်
ခုခံစစ်ဆင်နွှဲနေတာပါလို့ပြောသူများဖြေရန်)။
(၅) လေကြောင်းတိုက်ခိုက်မှုတွေအပါအ၀င် အင်အားသုံးပြီး
လူမျိုးတုံးစစ်ပွဲဆင်နွှဲနေတာ ဆိုတာမှန် သလား။ ဒီကနေ့ ကချင်ပြည်နယ်မှာ
နည်းမျိုးစုံနဲ့ စုဆောင်းထားတဲ့ KIA တပ်ဖွဲ့ဝင်အင်အား ၂၀၀၀၀ ခန့်၊ ပြည်သူ့
စစ်ခေါ် နယ်ခံတွေကို အတင်း လက်နက်နဲ့ မိုင်းတွေပေးပြီးတိုက်ခိုင်းနေတဲ့
အင်အားတွေက ၄၀၀၀၀ ကျော်ရှိနေတာကို ကချင် ပြည် နယ်က မူလရှိထားတဲ့
တပ်မတော်အင်အား(နယ်ခံ တပ်အင်အား ၁၀၀၀၀ ၀န်းကျင်) နဲ့သာ ခုခံနေရတာ၊ သမ တကြီး
အမိန့်ကြောင့် ကိုယ့်ကိစ္စ ကိုယ်လုပ်တဲ့နေရမှာ အနှောက် အယှက်အတား အဆီးဖြစ်
တဲ့နေရာတွေ ကိုသာ တိုက်ခိုက်ရင်းနဲ့ စစ်သားတွေ တဖြည်းဖြည်း ထိခိုက်မှုများ
လာလို့ မဖြစ်မနေအင်အားသုံးရတာ ခုခံစစ်လား ထိုးစစ်လား။
(ထိုးစစ်ဆင်နေတာလို့ပြောသူ များဖြေရန်)။
(၆) ဗမာလူမျိုးကြီးဝါဒကြောင့် တိုင်းရင်းသားတွေအခွင့်အရေးအတွက်
ကာကွယ်နေရတာပါလို့ပြောတာ မှန်သ လား။ မြန်မာပြည်မှာ ဘယ်တိုင်းရင်းသားဆိုရင်
မသင်ရတဲ့ကျောင်း၊ မတက်ရတဲ့ဆေးရုံ၊ မသွားရ တဲ့မြို့၊ မ၀င်ရတဲ့လူ့အဖွဲ့အစည်း၊
မလုပ်ရတဲ့ အလုပ်အကိုင်လို့ သတ်မှတ်ထားတာကြားဖူးပါ သလား ။ မြန်မာ့ တပ်မတော်
ကချင်ပြည်နယ်မှာတပ်စွဲထားတာ ကချင်တွေ ကိုနှိပ်ကွပ် ဖို့လား၊
မြန်မာနိုင်ငံလို့ သတ် မှတ် ထားတဲ့ နယ်နိမိတ်အ၀န်းအ၀ိုင်း၊
အမိမြေနဲ့အချုပ်အခြာအာဏာကို ကာကွယ်ဖို့လား။ (ဗမာလူမျိုးကြီး ၀ါဒ ကနေ
တိုင်းရင်းသားအခွင့်အရေးကာကွယ်မှုကြောင့် စစ်ဖြစ်ရတာပါ လို့ပြော
သူများဖြေရန်)။
(၇) ကချင်ပြည်နယ်မှာ ဒုက္စသည်တွေများနေရတာ တပ်မတော်ရဲ့ထိုးစစ်ကြောင့်လား။
ဒုက္စသည်စခန်းတွေ မှာ မိန်းမ၊ ကလေးနဲ့ သက်ကြီးရွယ်အိုတွေပဲရှိပြီး
ယောင်္ကျားတွေမရှိတာ ကေအိုင်အေ ကလူသစ်စုထား လို့ လား၊ တပ်မတော်က
ပေါ်တာဆွဲထား လို့လား၊ (ဒီကနေ့ စစ်ဆင်ရေးဝင်နေတဲ့စစ်ကြောင်းတွေ မှာ ပေါ်တာ
တစ်ယောက် မှမရှိပါဘူး၊ ခေါ်ခွင့်လဲမရှိပါဘူး)။ အခြား
တိုင်းရင်းသားလက်နက်ကိုင်များနည်းတူ ငြိမ်းချမ်းရေး အစီအစဉ်တွေကို
သဘောမတူနိုင်တာဘယ်သူလဲ။ ဒေသခံတွေကို စစ်ပွဲထဲ အတင်းဆွဲ သွင်းနေ တာ ဘယ်သူ
လဲ။ ဗမာဆိုရင် ဧည့်သည် ငါတို့ကအိမ်ရှင်၊ ဧည့်သည်က အိမ်ရှင်ကို စော်ကား ရင်
သေတဲ့အထိ တိုက် လို့ သင်တန်းဆင်းပွဲမှာ
ကြွေးကြော်သံပေးပြီးမှိုင်းတိုက်တာဘယ်သူလဲ။ လွတ်လပ်သော ကချင်နိုင်ငံ
အဖြစ်ခွဲ ထွက်ချင်နေတာဘယ်သူလဲ။ အစိုးရကငြိမ်းချမ်းရေးဆွေးနွေး ဖို့ကမ်း
လှမ်း လိုက်တိုင်း ရိသဲ့ သဲ့ပြော၊ ရိုင်းစိုင်းတဲ့ သံတမန် အပြုအမူနဲ့
ထီမထင်လုပ်ပြီး ခါချဉ်ကောင် မာန်ကြီးနေ တာ ဘယ်သူလဲ။ ဘယ်သူ က
အမှန်တကယ်လိုက်ခေါ်နေပြီး ဘယ်သူက အကြောင်းအမျိုးမျိုးပြ ငြိမ်းချမ်းရေးကို
ရှောင်လွဲနေ လဲ။( တပ်မတော် ထိုးစစ်တွေကြောင့်
မငြိမ်းချမ်းတာပါလို့ပြောသူများ ဖြေရန်)။
အားလုံးသောမေးခွန်းများ၏ အဖြေမှန်များ....
(၁) လက်နက်မစွန့်ချင်သော၊ ခွဲထွက်ခွင့်သာတောင်းဆိုပြီး
ဝမ်ပေါင်နိုင်ငံတော်ဖြစ်ပေါ်လာပါက စစ်အုပ်ချုပ်ေ ရးဖြင့် သမ္မတ လုပ်ချင်သော
KIA ခေါင်းဆောင်များကြောင့်....
(၂) မြစ်ဆုံစီမံကိန်းကိုအကြောင်းပြပြီး ကချင်ပြည်နယ်နေရာတိုင်းတွင်
လက်နက်ပြ ဆက်ကြေးကောက် ခံခွင့်ကို ရလိုသော KIA ခေါင်းဆောင်များနှင့်
နောက်လိုက်လူရမ်းကားအချို့ကြောင့်...
(၃) တပ်မတော်မှ အင်အားသုံးတိုက်ခိုက်မှုမလုပ်မချင်း၊ နားရွက်တံတွေးဆွတ်လိုက်
၊ ပုဆိုးလှန်ပြလိုက်၊ ကလော်ဆဲလိုက်လုပ်သော ကလေးငယ်ကဲ့သို့ KIA
ခေါင်းဆောင်များ၏ တပ်မတော်နှင့် နိုင်ငံတော်အစိုးရ အပေါ် မထိတထိ
စော်ကားမှုကြောင့်.....
(၄) တပ်မတော်က ရွာသားတစ်ယောက်ရိုက်မိရင် လွှတ်တော်အထိတိုင်ပြီး KIA က
ဗိုက်ကြီးသည်ပါမကျန် တပ်သားသစ် စုဆောင်း သည်ကို မျက်ကွယ်ပြုနေသော၊
တပ်မတော်က ကားလမ်းတံတား၊ ရထားလမ်းများ ကို လုံခြုံအောင်လုပ် ရိက္စာရှားပါး
နေသော ဒေသများသို့ရိက္စာပို့တာကို အကောင်းမမြင် KIA ကရထား လမ်းမိုင်းခွဲ၊
တံတားမိုင်းခွဲတာကို ရေငုံ နှုတ်ပိတ်၊ ရှေ့တန်းစခန်းက စစ်သည်
အနည်းငယ်အသက် ဆက်နိုင်ဖို့ အသက်တွေအများကြီးပေးဆပ်ပြီး သွားခဲ့တုန်းက
ဘာမှမပြော၊ တပ်မတော်က အင်အား သုံးပြီးတပ်ဆက်နိုင်အောင်
လမ်းဖွင့်နိုင်အောင်ကြိုးစားတော့မှ ကျီးအာသလိုဝိုင်းအာ၊ မတရားဘူး လို့
အော်တဲ့သူနဲ့ ထိုးစစ်ချက်ခြင်းရပ်လို့ပြောတဲ့သူနဲ့၊ တိုင်းရင်းသားတွေကို
ဖိနှိပ်နေပြီလို့ စွပ်စွဲတဲ့ ဆူမှပူမှ ထမင်းစားရတဲ့ တိုင်းပြည်ရဲ့
ဆူးညှောင့်ခလုတ်တွေ၊ မြင်နေကြကိစ္စကို ကန်း၊ ကြားနေကြကိစ္စကို ပင်းနေ တဲ့
ဒေသခံလွှတ်တော်ကိုယ်စားလှယ်တော်ကြီးတွေ၊ ငါးပွက်ရာငါးစာချ၊
လူစုရင်စင်ပေါ်တက်ချင်တဲ့ ပွဲလန့်တုန်းဖျာခင်းလိုသူတွေရဲ့ ဖွချက်
ဆွချက်တွေကြောင့်.....
(၅) ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်တိုင်း မဖြစ်နိုင်တာကိုတောင်းဆိုလိုက်၊
နေရာရွေးလိုက်၊ အချိန်ရွေးလိုက်၊ အရာမရောက်တဲ့ လူတွေစေလွှတ်လိုက်နဲ့
စစ်ရေးအသာစီးရမှဆွေးနွေးမယ်လို့ ခံယူထားတဲ့ KIA
စစ်ခေါင်းကြောင်တွေကြောင့်...
(၆) ဘယ်တုန်းကမှ လူမျိုးကြီးဝါဒနဲ့ ဖိနှိပ်ချုပ်ချယ်မှုမလုပ်ခဲ့ပေမဲ့
အလကားနေရင်း ကိုယ့်ဖာသာ ကိုယ်အား ငယ်ပြီး ဖြစ်သမျှ အပြစ်တွေကို
တပ်မတော်အပေါ်လွှဲချချင်တဲ့ လူမျိုးရေးအမြင်ကျဉ်း တစ်ဘက်စောင်းနင်း
လက်နက်ကိုင်ထားတဲ့ ပညာမဲ့ များကြောင့်..
(၇) သူများနည်းတူ မလိုက်လုပ်နိုင်ပေမဲ့ ငါတကောကောပြီး ဘ၀င်လေဟတ်၊ ကိုယ်အထိ
နာတော့ တွေ့သမျှ လူကို သေနတ် ကိုင်ခိုင်း၊ ကချင်ပြည်နယ်တွင်းမှာ
နေရာမရွေး၊ အချိန်မရွေး၊ တိုက်ပွဲကြီးငယ်၊ အဖျက် လုပ်ငန်းမျိုးစုံနဲ့
ကျီးလန့်စာစားဖြစ်အောင်လုပ်၊ ဒီကိစ္စတွေအားလုံးဟာ ဗမာစစ်တပ်က ထိုးစစ်ေ
တွကြောင့်လို့ အကြောင်းပြတတ်ပြီး လူမျိုးရေးစစ်ပွဲအသွင်ဖြစ်လာအောင်
တမင်ဖန်တီးတဲ့ KIA အကြမ်း ဖက် စစ်သွေးကြွခေါင်းဆောင်တွေကြောင့်...
အားလုံးကို ခြုံပြီး အကျဉ်းချုပ်ပြောရရင်တော့ ခွဲထွက် ခွင့် ရပြီး ၀မ်ပေါင်
နိုင်ငံမှာ စစ်အုပ်ချုပ်ရေးနဲ့ မင်းမူချင်နေတဲ့ အမြင်ကျဉ်း KIA
စစ်ခေါင်းဆောင်ေ တွကြောင့် လို့သာ စဉ်းစားမိပါတယ်။ KIA က ဘယ်တော့မှ
ဆွေးနွေးလို့ရမယ့်သူမဟုတ်ဘူးဆိုတာ တ ကယ်ေ ဆွးနွေး ဖူးတဲ့ ဦးအောင်သောင်းတို့
ဦးအောင်မင်းတို့သိပါတယ်။
ပွင့်ပွင့်လင်း လင်းပြော ခိုင်းကြည့် လိုက်ပါ မှန်လားမမှန်လားဆိုတာကို
အစိုးရအနေနဲ့ ကချင်ကို ချန်မထားခဲ့ ချင် လို့ စိတ်ရှည် သီးခံစွာ နဲ့ လက်
တွဲေ ခ်ါနေတာကို သူတို့ရဲ့ နိုင်ငံရေး၊ စစ်ရေးအရ ဖိအားပေးတာကို ခံေ နရ တယ်
လို့ မှတ်ယူေ နတဲံ အသိ ဥာဏ် နည်း ဘ၀င်ရူးတွေကြောင့်သာ ဖြစ်ကြောင်း တွေ့ရှိရ
ပါတော့ တယ်။
www.MyanmarExpress.net



9 comments:
good
good
မှန် လိုက် တာ ကွာ ။
မှန်၏။
ကောင်းတယ် (၁၁)မီးလောင်နေတဲ့ELEVEN M G တို့ ခွေးသံထွက်နေတဲ့ VOICE တို့က ချာတူးလန် ချာနယ်လစ် တွေ ကိုလက်ချာခေါ်ပေးရမှာ
Kiaကို အ ပြတ် တိုက်
ခွေး တွေ မျက် နှာ မ မြင် ချင် ပါ
Very Very Very Very Very Very Very Very Good ........
Very Very Very Very Very Very Very Very Good.........
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်