Tuesday, January 08, 2013
ME
From : planet
ဟေဂယ်လ်သည် ရီပတ်ဘလစ်ကင် တစ်ဦးဖြစ်ပြီး ယခင်က နီဘရာစကာ
လွှတ်တော်အမတ်လည်း ဖြစ်သည်။ ဗီယက်နမ် စစ်ပြန်တစ်ဦးဖြစ်သူ ဂေဟယ်လ်သည်
အီရတ်နှင့် အာဖဂန်နစ္စတန်တို့တွင် ဆင်နွှဲနေသော အမေရိကန်၏ စစ်ပွဲများအား
ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့သူဖြစ်သည်။
အမေရိကန်သမ္မတ အိုဘားမားသည်
ကာကွယ်ရေးဝန်ကြီးအဖြစ် ချော့ခ်ဟေဂယ်လ်အား ယနေ့ အမည်စာရင်း
တင်သွင်းလိုက်သည်။ ဟေဂယ်လ်သည် ရီပတ်ဘလစ်ကင် တစ်ဦးဖြစ်ပြီး ယခင်က နီဘရာစကာ
လွှတ်တော်အမတ်လည်း ဖြစ်သည်။ ဗီယက်နမ် စစ်ပြန်တစ်ဦးဖြစ်သူ ဂေဟယ်လ်သည်
အီရတ်နှင့် အာဖဂန်နစ္စတန်တို့တွင် ဆင်နွှဲနေသော အမေရိကန်၏ စစ်ပွဲများအား
ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့သူဖြစ်သည်။

(သမ္မတအိုဘားမားနှင့် ချော့ခ်ဟေဂယ်လ်)
အာဖဂန်စစ်ပွဲတွင် အမေရိကန် ပါဝင်နေမှုအား အဆုံးသတ်သွားရန် ဟေဂယ်လ်က
မျှော်လင့်ထားသည်။ ဟေဂယ်လ်အား ကာကွယ်ရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းမှုက
ရီပတ်ဘလစ်ကင်နှင့် ဒီမိုကရက်တစ်တို့အကြား အချေအတင် အပြန်အလှန် ဝေဖန်မှုများ
ပိုမိုအရှိန်မြင့်လာစေဖွယ်ရှိသည်ဟု သတင်းများက သုံးသပ်သည်။
အမေရိကန်သမ္မတ ဘာရတ် အိုဘားမားသည် အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး
၎င်း၏အကြံပေးအဖွဲ့ အကြီးအကဲ ဂျွန်ဘရင်နန်အား CIA ညွှန်ကြားရေးမှူးအဖြစ်
ခန့်အပ်ရန် ယနေ့ (ဇန်နဝါရီ ၇ ရက်) အမည်စာရင်း တင်သွင်းလိုက်သည်။
အမေရိကန်သမ္မတ ဘာရတ် အိုဘားမားသည်
အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ၎င်း၏အကြံပေးအဖွဲ့ အကြီးအကဲ ဂျွန်ဘရင်နန်အား
CIA ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ရန် ယနေ့ (ဇန်နဝါရီ ၇ ရက်) အမည်စာရင်း
တင်သွင်းလိုက်သည်။ ဘရင်နန်သည် CIA တွင် ၂၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သော
ဝါရင့်ထောက်လှမ်းရေး အရာရှိတစ်ဦးလည်း ဖြစ်သည်။ ၎င်းသည် နိုင်ငံရပ်ခြားတွင်
အမေရိကန်၏ မောင်းသူမဲ့တိုက်လေယာဉ်များ အသုံးပြုရေးနှင့် ၂၀၁၁ ခုနှစ်က
အယ်လ်ကေဒါး အကြမ်းဖက်အဖွဲခေါင်းဆောင် အိုစမာ ဘင်လာဒင်အား
ရှာဖွေသုတ်သင်ရေးတို့တွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

(သမ္မတအိုဘားမားနှင့် ဂျွန်ဘရင်နန်)
အိုဘားမားသည် ဘရင်နန်အား ၂၀၀၈ ခုနှစ်ကလည်း CIA အကြီးအကဲအဖြစ်
အမည်စာရင်းတင်သွင်း ခန့်အပ်ရန် စီစဉ်ခဲ့ဖူးသော်လည်း ထိုစဉ်က ပြန်လည်
ရုတ်သိမ်းခဲ့သည်။ CIA အကြီးအကဲရာထူးအတွက် သမ္မတအိုဘားမား၏ အမည်တင်သွင်းမှုကို
လွှတ်တော်က အတည်ပြုလက်ခံမည်ဆိုပါက ဘရင်နန်သည် ဒေးဗစ် ပီထရီးရက်စ်နေရာကို
အစားထိုး တာဝန်ယူမည်ဖြစ်သည်။ ယခင် CIA ညွှန်ကြားရေးမှူး ဒေးဗစ်
ပီထရီးရက်စ်မှာ ယမန်နှစ် နိုဝင်ဘာလအတွင်းက ရာထူးမှ နုတ်ထွက်ခဲ့ရသည်။
www.MyanmarExpress.net
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်