အိန္ဒိယကာကွယ်ရေးဝန်ကြီး အေ၊ ကေ၊ အန်ထော်နီသည် မြန်မာနှင့် သြစတြေးလျသို့
လာမည့်အပတ်အတွင်း သွားရောက်လည်ပတ်မည်ဟု Press Trust of India
သတင်းကဖော်ပြသည်။
ဝန်ကြီးသည် မြန်မာနိုင်ငံသို့ ဇန်န၀ါရီ ၂၂ မှ ၂၃ ရက်အထိ သွားရောက်မည်ဖြစ်ကာ မြန်မာ့တပ်မတော် စွမ်းရည်တိုးတက်ရေးဆိုင်ရာကိစ္စများ ဆွေးနွေးမည်ဟု အာဏာပိုင်များကပြောသည်။ မြန်မာနှင့် အိန္ဒိယသည်
နှစ်နိုင်ငံ ထိစပ်နယ်နိမိတ်အရှည် ၁၆၀၀ ကီလိုမီတာရှိပြီး
နယ်စပ်စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ
ရေးထိုးရေးအတွက် လတ်တလောတွင် လုပ်ဆောင်နေသည်။ အိန္ဒိယအစိုးရသည် ၎င်း၏လေတပ်သုံး
ရုရှားလုပ် မစ်-၃၅ ဂျက်တိုက်လေယာဉ်များဖြင့် မြန်မာလေတပ်အရာရှိများကို
လေ့ကျင့်ပေးရန်လည်း စဉ်းစားနေကြောင်း သိရသည်။ ထို့အပြင် အိန္ဒိယသည်
မြန်မာစစ်တပ်မှ ပညာတော်သင်များကို ၎င်း၏စစ်အကယ်ဒမီများနှင့်
အခြားလေ့ကျင့်ရေးဌာနများ၊ ကျောင်းများတွင် တိုးမြှင့်ခေါ်ယူပေးသွားရန်လည်း
မျှော်လင့်နေကြောင်း သိရသည်။ ၀န်ကြီးအန်ထော်နီသည် သြစတြေးလျနိုင်ငံသို့
ဖေဖော်ဝါရီလတွင် သွားရောက်ကာ နှစ်နိုင်ငံရေတပ်များ ဆက်ဆံရေးဖွံ့ဖြိုးရန်
ဆွေးနွေးမည်ဟုသိရသည်။
www.MyanmarExpress.net
ဝန်ကြီးသည် မြန်မာနိုင်ငံသို့ ဇန်န၀ါရီ ၂၂ မှ ၂၃ ရက်အထိ သွားရောက်မည်ဖြစ်ကာ မြန်မာ့တပ်မတော် စွမ်းရည်တိုးတက်ရေးဆိုင်ရာကိစ္စမ
www.MyanmarExpress.net



2 comments:
မဟာဗျူဟာအရအရေးပါတဲ့
နေရာမှာရှိနေတဲ့ တို့နိုင်ငံ
အကျိုးအမြတ်များဖို့ ဆိုရင်
ခေါင်းဆောင်ကြီးတွေအမျှော်အမြင်ကြီးဖို့
အရေးကြီး တယ်နော်။
အရှေ့ အနောက် ကြားမှာ အရေးပါတဲ့
နေရာမှာ တည်ရှိ နေတဲ့ တို့ မြန်မာပြည်
အရေအချင်း ရှိ ခေါင်းဆောင်တွေနဲ့ဆို
မကြာခင်တိုးတက်မှာပါ။စေတနာကောင်းရင်ပေါ့။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်