Subscribe to our RSS Feed

လူမှုဖူလုံရေးစီမံကိန်း ရုံးလုပ်ငန်းများကို ICT နည်းပညာအသုံးပြုပြီး ကွန်ပြူတာပရိုဂရမ်များ စတင်ကျင့်သုံးးသွားမည် ဟုဆို

From : popular


အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၏ e-Government အကောင်အထည်ဖော်ဆောင်မှု အစီအစဉ်အရ လူမှုဖူလုံရေးစီမံကိန်းရုံးလုပ်ငန်းများကို ICT နည်းပညာအသုံးပြုပြီး ကွန်ပြူတာပရိုဂရမ်များဖြင့်စတင်ဆောင်ရွက်သွားမည်းဖြစ်ကြောင်း ယင်းဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးကပြောသည်။

အလုပ်သမားဝန်ကြီးဌာနမှ ယင်းကွန်ပြူတာစနစ်ကို ၁၉၇၉ခုနှစ်တွင်တစ်ကြိမ်၊၂၀၀၅ခုနှစ်တွင်တစ်ကြိမ်ပြုလုပ်ခဲ့ရာ အောင်မြင်မှုမရှိခဲ့ဘဲ ယခုတစ်ကြိမ်ပြုလုပ်ရန် ၂၀၀၈ ခုနှစ်အောက်တိုဘာလမှစတင်၍ အသစ်ရေးဆွဲမည့် ပရိုဂရမ်များကို နိုင်ငံတကာစံချိန်စံညွှန်းမှီ၊ မြန်မာနိုင်ငံတွင်ကျင့်သုံးနေသည့် လူမှုဖူ
လုံရေးစနစ်နှင့် အဆင်ပြေနိုင်မည့် ပရိုဂ၇မ်းများဖြစ်စေရေးအတွက် မြန်မာနိုင်ငံကွန်ပြူတာအသင်းမှ ပညာရှင်များနျင့် တိုင်ပင်ဆွေးနွေးအကြံဥာဏ်ရယူကာဆက်လက်
ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု အထက်ပါပုဂ္ဂိုလ်ကဆက်လက်ပြောကြာသည်။

ပထမအကြိမ်နှင့်ဒုတိယအကြိမ် များတွင်ပြုလုပ်ခဲ့သော်လည်းအောင်မြင်မှုမရှိခဲ့ခြင်းမှာ ကွန်ပြူတာ Programme စနစ်ကိုနောက်ပိုင်း Update
ပြုလုပ်နိုင်ခြင်းမရှိသည့်ပြင်အာမခံအလုပ်သမားများ၏ အာမခံအမှတ်များ၊အလုပ်ရှင်အမှတ်များ ထုပ်ပေးရာတွင် မှားယွင်းမှုများရှိနေပြီး အဆိုပါမှားယွင်းမှုသည် လက်
ရှိအခြေအနေတွင် ပြဿနာမရှိသော်လည်း ဥပဒေအသစ်အရ သက်ကြီးပင်စင်နှင့် အလုပ်လက်မဲ့ အကျိုးခံစားခွင့် များအတွက် စဉ်းစားလုပ်ဆောင်သည့်အချိန်တွင် များ
စွာ အခက်အခဲကြုံတွေ့လာနိုင်ကြောင်း၊၂၀၀၅ ခုနှစ်ကြိုးပမ်းမှုတွင်အောင်မြင်မှုမရှိခဲ့ခြင်းမှာလည်းData Entry သွင်းခြင်းကို ပီပြင်အောင် မဆောင်ရွက်နိုင်ခြင်း၊ပြန်
လည်စီစစ်မှု မပြုလုပ်နိုင်ခြင်း၊ Error များစီစစ်မှုလစ်ဟင်းခြင်းများအပြင် ကျွမ်းကျင်ဝန်ထမ်းနည်းပါးခြင်းများကြောင့်ပင်ဖြစ်ကြောင်း သိရသည်။

လက်ရှိမြန်မာ့ဝန်ကြီးဌာနများရှိ အာမခံခအလုပ်သမားအရေအတွက်မှာ စက်မှုဝန်ကြီးဌာနတွင် အာမခံ အလုပ်သမား(၁၉၄၁)ဦး၊စွမ်းအင် ၀န်ကြီးဌာနတွင် အာမခံလုပ်သား(၁၇၆၁)ဦး၊ လျှပ်စစ်
စွမ်းအားဝန်ကြီးဌာနတွင် အာမခံလုပ်သား(၁၃၅၁)ဦး၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနတွင် အာမခံလုပ်သား(၉၇၂)ဦး၊ အလုပ်သမား ၀န်ကြီးဌာနတွင်အာမခံလုပ်သား(၅၃၁)ဦး၊
သတ္တုတွင်းဝန်ကြီးဌာနတွင် အာမခံလုပ်သား(၁၉၈)ဦး၊ နယ်စပ်ရေးရာဝန်ကြီးဌာနတွင်အာမခံလုပ်သား(၈၉)ဦး၊ ကာကွယ်ရေးဝန်ကြီးဌာနတွင် အာမခံလုပ်သား(၁၆၆)ဦး၊
ပြန်ကြားရေးဝန်ကြီးဌာနတွင် အာမခံလုပ်သား(၆၅)ဦး နှင့်ဆောက်လုပ်ရေးဝန်ကြီးဌာနတွင်အာမခံလုပ်သား(၅၀)ဦး တို့ရှိကြောင်းသိရသည်။


 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်