Subscribe to our RSS Feed

ယွက်စစ်ဘာမှားခဲ့သလဲ



ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တော်မတော်က ယွက်စစ်က အခမ်းအနားတစ်ခုမှာ မိန့်ခွန်းပြောတဲ့အခါမှာ စကားတစ်ခွန်းပြောခဲ့သည်။
 ငြိမ်းချမ်းရေးနည်းနဲ့ ဖြေရှင်းလို့မရရင် လက်နက်ကိုင်ပြီး ဖြေရှင်းဖို့ပဲလိုတယ်၊ ဆွေးနွေးလို့မရရင် ပစ်ခတ်ဖို့ပဲရှိတော့တယ်၊ တိုက်မယ်ဆိုရင် အဆုံးထိ တိုက်ကြမယ်၊ ကျနော်တို့ကို အမြစ်ပြတ် ချေမှုန်းလိုက်၊ ကျနော်တို့လည်း အမြစ်ပြတ် ချေမှုန်းတိုက်ခိုက်ကြမယ် ဟူ၍ဖြစ်သည်။

နိုင်ငံတော်သမ္မတကြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် MPC တို့အပါအ၀င်
နယ်ပယ်အသီးသီးမှ လူများက ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် အားသွန်ခွန်စိုက် လုပ်ဆောင်နေကြသည့်အချိန်၊  အမှောင်ထုထဲ အတွေးကိုယ်စီနှင့် အိပ်စက်ခဲ့ကြရသည့်
အောက်ခြေရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဝင်များအဖို့ နံနက်မိုးသောက် အလင်းရောက်မည့်အချိန်၊ အာရုဏ်ဦးကာလတစ်ခုသို့ ရောက်လာတော့မည့် အချိန်တွင် အထက်ပါစကားထွက်ပေါ်လာခြင်းဖြစ်သည်။

တစ်နည်းအားဖြင့် လုံးဝမပြောသင့်သော စကားများအား တရားဝင် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။ ယွက်စစ်ပြောလိုက်သော အထက်ပါစကားများသည်
တပ်မတော်နှင့် အပစ်အခတ်ရပ်စဲထားသဖြင့် တည်ငြိမ်အေးချမ်းစပြုနေပြီဖြစ်သော ဒေသများရှိ
အပြစ်မဲ့ ကျေးရွာသူကျေးရွာသားများအပေါ်သို့ များစွာသက်ရောက်သွားတော့မည်ဖြစ်ကာ
ဒေသတွင်း စစ်ပွဲများ ပြန်လည် ပြင်းထန်လာစေရန် အချက်ပေးလိုက်သကဲ့သို့ရှိနေသည်။

တစ်နည်းအားဖြင့် တပ်မတော်ခေါင်းဆောင်များ၏ သဘောထားကြီးမှုအပေါ်၊
စာနာနားလည်ငဲ့ညှာမှုအပေါ် မသိကျိုးကျွံပြုကာ တပ်မတော်အပေါ် အတိအလင်း စိန်ခေါ်လိုက်ခြင်းဖြစ်သည်။ ယွက်စစ်က ပြောချင်ရာပြောပြီး စိန်ခေါ်တာက အကြောင်းမဟုတ်။
သူ့လက်အောက်ရှိ ရဲဘော်များကတော့ သေချာပေါက် ဒုက္ခရောက်ပေတော့မည်။
လူလိုသူလို လူတောသူတောထဲ နေနိုင်လာကာမှ တောထဲပြန်ဝင်ပြီး အငတ်ငတ်အပြတ်ပြတ်ဖြင့် ဒုက္ခပင်လယ်ဝေကြရပေဦးတော့မည်။

တပ်မတော်ခေါင်းဆောင်များအနေဖြင့်ကတော့ ယွက်စစ်ပြောလိုက်သောစကားအပေါ် ၀မ်းသာကြပေလိမ့်မည်။ လက်အောက်ရှိ တပ်မတော်သားတို့အဖို့ကား တိုက်မယ်ဆိုရင် အဆုံးထိ တိုက်ကြမယ်၊ ကျနော်တို့ကို အမြစ်ပြတ် ချေမှုန်းလိုက်၊ ကျနော်တို့လည်း အမြစ်ပြတ် ချေမှုန်းတိုက်ခိုက်ကြမယ်ဟု ဆိုသည့်အတွက် ပို၍ပင် ၀မ်းသာကြပေဦးမည်။
အားလုံးက စစ်သားချည်းမဟုတ်ပါလား။ ပြတ်ပြတ်သားသား သူသေကိုယ်သေတိုက်ချင်နေကြသည်မှာ တပိုင်းပင်သေနေတော့မည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဦးထိပ်ထားကာ သမ္မတကြီး၏
အမိန့်အောက်တွင် များစွာအလျှော့ပေးဆက်ဆံလာခဲ့ရသည်မှာလည်း ကြာမြင့်ခဲ့ပြီမဟုတ်ပါလား။
အခုလို သူသေကိုယ်သေ အမြစ်ပြတ် တိုက်ကြရမည်ဆိုလျှင်ဖြင့် ၀မ်းသာဖွယ်ရာမရှိတော့ပေ။
တပ်မတော်အား ယခုကဲ့သို့ စိန်ခေါ်လိုက်ခြင်းသည် များစွာ မှားယွင်းခြင်းဖြစ်သည်။
ကျောက်တုံးကို ကြက်ဥဖြင့်ပေါက်သည်ကာမှ တော်ဦးမည်။
ယခုတော့ ငြိမ်နေသည့် ကျားကိုမှ အမြီးသွားဆွဲသလိုဖြစ်ချေပြီ။

လွယ်တိုင်းလျန်ကဲ့သို့သော ဌာနချုပ်ကလေးအား ရက်ပိုင်းလေးအတွင်းပင် သိမ်းပိုက်တိုက်ခိုက်နိုင်စွမ်းရှိသည့် တပ်မတော်၏ စစ်ရေးစွမ်းအားကို
အထင်အမြင်သေးနေလျင်တော့ အမှားကြီးမှားသွားပါလိမ့်မည်။
တပ်မတော်ရှိ တပ်ရင်းတပ်ဖွဲ့အသီးသီးတို့ကလည်း အမြစ်ပြတ်ချေမှုန်းပြီး
 အရေခွဲနွှာပစ်ချင်နေကြသည်မှာ အားလုံးအသိဖြစ်သည်။
အပစ်အခတ်ရပ်စဲထားသည့်ကာလအတွင်း မိမိတို့ဘက်မှ ရဲဘော်ရဲဘက်တွေ မတန်ပဲ အသက်ဆုံးရှုံးခဲ့ရမှုတွေအတွက် အားလုံးကလည်း တောက်တခေါက်ခေါက်ဖြင့် သွေးကြွေးဆပ်ချင်နေကြသည့် ဆန္ဒများလည်း ပြည့်ဝသွားမည်ဖြစ်သည်။

ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍လည်း ယွက်ဆစ်က တကယ်တမ်းကျတော့ တပြည်လုံးအပစ်ရပ်လက်မှတ်ထိုးဖို့ဆိုတာ အရမ်းလွယ်တာ၊ မြန်မာစစ်တပ်က မခက်ခက်အောင်လုပ်နေတာ၊ တကယ်ဆိုအမှားက သူတို့ဆီမှာပဲရှိတယ်
 ကျွန်တော်တို့က စောင့်နေရတာ စိတ်မရှည်တော့ဘူးဟု ထည့်သွင်းပြောကြားခဲ့သေးသည်။

ငြိမ်းချမ်းရေးလုပ်ပြီး တပြည်လုံးအပစ်ရပ်လက်မှတ်ထိုးဖို့ဆိုတာ အရမ်းလွယ်နေမှတော့
အခုလိုမျိုး တိုင်းရင်းသားအဖွဲ့တွေနဲ့ အချိန်ကာလကြာရှည် စစ်ဖြစ်နေစရာအကြောင်းကို မရှိဟုသာ ပြောချင်သည်။ ပြည်တွင်း၊ ပြည်ပ ပညာရှင်အားလုံးကလည်း ခက်ခဲသော လုပ်ငန်းခရီးစဉ်ဖြစ်ကြောင်း အချိန်ယူကာ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း ပြောကြားနေသည့်အချိန်တွင် အခုလိုမျိုး လက်လွတ်စပါယ်ပြောဆိုနေသည်ကလည်း ၄င်း၏ ဥာဏ်အတိမ်အနက်ကို ဖော်ပြနေသလိုပင်ဖြစ်တော့သည်။ 

ယွက်ဆစ်ပြောသလို အလွယ်လေးဆိုရင်
MPC ရဲ့ မူ( ၆ )ချက် ဖြစ်တဲ့
၁။လူသတ်မှုမကျူးလွန်ရန်
၂။ဆက်ကြေးမကောက်ခံရန်
၃။လူသစ်မစုဆောင်းရန်
၎။တပ်အင်အားမတိုးချဲ့ရန်
၅။သဘောတူညီချက်မရရှိသည့်နယ်မြေများတွင်စခန်းမချရန်
၆။ အုပ်ချုပ်ရေးကိစ္စများတွင် ၀င်ရောက်မစွက်ဖက်ရန်နှင့်
တပ်မတော်လက်အောက်ခံပြည်သူစစ်များကိုမတိုက်ခိုက်ရန်…ဆိုတဲ့
အချက် ၆ ချက်ကိုတောင် ခင်ဗျားတို့ လက်မှတ်ထိုးနိုင်ခဲ့ရဲ့လားလို့ မေးလိုက်ချင်ပါတယ်။

တိုင်းရင်းသားအရေး ဘန်းပြပြီးသာပြောနေတာ  တကယ်တမ်းကတော့ ဘိန်းကုန်သည်တွေ၊ ဒေသခံတိုင်းရင်းသားတွေဆီ ဆက်ကြေးကောက်၊ လူသစ်စုနေတဲ့ ဘိန်းဓါးမြတွေဆိုတာ အားလုံးသိပြီးသားပါ။ ကိုယ်ပြောခဲ့တဲ့ စကားကို ကိုယ်တိုင်တာဝန်ယူဖို့ပဲလိုပါသည်။

နောက်ဆုံးအနေနဲ့ကတော့ ယွက်ဆစ်ပြောသည့်အတိုင်း အမြစ်ပြတ် သူသေ ကိုယ်သေတိုက်ကြစို့ဆိုသည်မှာ တကယ်ဖြစ်လာဖို့ပဲ မျှော်လင့်ပါသည်။ တကယ်တမ်းတိုက်ကြပြီဆိုတော့မှ ဟိုလူ့အဖေခေါ်လိုက်၊ ဒီလူ့အဖေခေါ်လိုက်လုပ်ပြီး ကယ်ပါယူပါ တစာစာ လုပ်မနေဖို့တော့ လိုအပ်လိမ့်မည်ဟု ကြိုတင် သတိပေးလိုက်ရပါသည်။

3 comments:

နောက်ကျမှစအိုလေးတွေပွတ်ပြီး အဖေကူပါ အမေကူပါမလုပ်နဲ့နော်။

MEပြောတာသိပ်မှန်ပါတယ်။ လူကြီးတွေသာမတားရင်ဒီကောင်တွေမီးသွေးတုံး ဖြစ်သွားတာကြာပြီ။သဘောထားကြီးတဲ့လူကြီးတွေကိုအခွင့်ရေးယူလူပါးဝနေတဲ့ ဒီတိုင်းရင်းသားလူသတ်သမားသူပုန်စုတ်တွေကို မှတ်လောက်အောင်ဆုံးမရမယ်။ငါလိုးမသားခွေးဝဲစားတွေ။ဆောက်ရှက်မရှိတဲ့ အောက်တန်းစားတွေ။ထွီ

စအိုမနာအောင်ဆီပုလင်းလေးဆောင်ထားပေါ့ ရွက်ဆစ်ရာ။ ဟဲဟဲ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်