Subscribe to our RSS Feed

တဖက်တွင် လက်မှတ် ၃၃ သိန်း ရကြောင်း ကြေငြာချက် ထုတ်ပြန် ခဲ့သော်လည်း ပုဒ်မ ၄၃၆ ပြင်ရေး ခရီး မပေါက်သေးကြောင်း NLD သဘာပတိ ဝန်ခံ


 

တဖက်တွင် လက်မှတ် ၃၃ သိန်း ရကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သော်လည်း ပုဒ်မ ၄၃၆ ပြင်ရေး ခရီးမပေါက်သေးကြောင်း  ဇူလိုင် ၁ရက် တော်ဝင်နှင်းဆီ၌ ပြုလုပ်သည့် ရန်ကုန်တိုင်း ပါတီအလုပ်အမှုဆောင်များ စုံညီအစည်းအဝေးတွင် NLD သဘာပတိ ဝန်ခံ ပြောကြားလိုက်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုသည် ထင်သလောက် ခရီးပေါက်ခြင်းမရှိချိန်တွင် ပီအာရ် (ရွေးကောက်ပွဲစနစ်)အရေး တင်သွင်းလာခြင်းဖြင့် နှောက်ယှက်ခံခဲ့ရသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နာယက ဦးတင်ဦးက သုံးသပ်လိုက်သည်။

၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှု အရှိန်ပိုမိုမြှင့်တင်ရန် လိုအပ်နေသည်ဟု ဦးတင်ဦးက တိုက်တွန်းခဲ့သည်။ လှုပ်ရှားမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နှင့် ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ဦးဆောင်ပြုလုပ်နေခြင်းဖြစ်ပြီး ဇူလိုင် ၁၉ရက်(အာဇာနည်)နေ့တွင် အပြီးသတ်ရန် စီစဉ်ထားသည်။

ရန်ကုန်တိုင်း (NLD) ဥက္ကဋ္ဌ ဦးမြင့်ဌေးကလည်း အားနည်းချက်များ ရှိနေသည်ကို ၀န်ခံခဲ့ပြီး ရန်ကုန်၌ တစ်သန်းကျော်သာ ရရှိခြင်းမှာ ကျေနပ်ဖွယ်ရာမဟုတ်ဟု ပြောသည်။

ဦးတင်ဦးကမူ ပုဒ်မ၄၃၆ ပြင်ဆင်ရေး နှင့်အပြိုင် လာမည့်ရွေးကောက်ပွဲများ၌ ပီအာရ်စနစ် ပြောင်းသုံးရန် စီစဉ်လာခြင်းသည် အချိန်ကိုက်နှောင့်ယှက်ခြင်းသာဟု သုံးသပ်ခဲ့သည်။

“၀င်ပြီးနှောက်နေတဲ့ သဘောတွေ အများကြီးပါတယ်”ဟု ၎င်းက ပြောသည်။ ပြီးခဲ့သည့် လအတွင်း ရွေးကောက် တင်မြှောက်ပုံစနစ် ပြောင်းလဲကျင့်သုံးရေး အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ထောက်ခံမှုဖြင့် အတည်ပြုခဲ့ခြင်းကို ဦးတင်ဦးက ရည်ညွှန်းခြင်းဖြစ်သည်။ လက်ရှိကျင့်သုံးနေသည့် မဲဆန္ဒနယ် တစ်ခုတွင် မဲအများဆုံးရသူ အနိုင်ရစနစ်မှ ပီအာရ် (ရရှိမဲရာခိုင်နှုန်းအလိုက် အချိုးကျ ကိုယ်စားပြုခွင့်) စနစ်ကို ပြောင်းလဲကျင့်သုံးရန် အမျိုးသားလွှတ်တော်၌ ပြင်ဆင်နေပြီ ဖြစ်သည်။

လက်တွေ့တွင်လည်း(NLD)နှင့် ၈၈ တို့ လုပ်ဆောင်နေသည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်များကို တိုက်ဆိုင်စိစစ်မှု အပိုင်းတွင် အခက်အခဲအချို့နှင့် ရင်ဆိုင်နေရသည်ဟု နှစ်ဖက်တာဝန်ရှိသူအချို့က  ၀န်ခံထားသည်။ ထို့ပြင် တစ်ဦးတည်းက နေရာများစွာတွင် လက်မှတ်ရေးထိုးခြင်းကို မည်သို့ စိစစ်မည်ဆိုသည့် နှစ်ဖက်သဘောတူထားသည့် နည်းလမ်းကိုလည်း ချမပြနိုင်သေးပေ။
 

.. www.MyanmarExpress.net
 

1 comments:

ပ ခုက္ကူ

မြို့ နယ် အုပ် ခူပ် ရေး မူး နှင့် ခ ရီုင် အုပ် ခူပ် ရေး မူး တို့ သည် တ ရား မ ဝင် ဆီ ပန့် ဆိုင် ပိုင် ရှင် ရဲမူး ထွက် မိုး လွင် ထံ မှ လဒ် ငွေ ယူ ပြိး တ ရား မ ဝင် ပန့် ဆိုင် ရောင်း ချ ခွှင့် ပြု ထား ပါ သည်

သစ္စာ ထွန်း ဆိ ဆိုင် ကို လည်း တရား မ ဝင် ရောင်း ချ ခွင့် ပြု ထား ပါ သည်
လဒ် စား သော အုပ် ခူပ် ရေး မူး များ ကို
အ ထက် လူ ကြိး များ မှ ထိ ရောက် စွာ အ ရေး ယူ ပေး ပါ ရန် တင် ပြ အပ် ပါ သည်

ပ ခု က္ကူ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်