Subscribe to our RSS Feed

ရန်ကုန်တွင် ကားအစီးရေ သုံးသိန်းကိုးသောင်းကျော်ရှိ

From : .. 7day


ကားတင်သွင်းခွင့်မူဝါဒ ပြောင်းလဲပြီးနောက် မြန်မာတစ် နိုင်ငံလုံးတွင် ကားအစီးရေ ငါး သိန်းရှစ်သောင်းကျော်ရှိနေပြီး ရန်ကုန်မြို့တစ်မြို့တည်းတွင်ပင် အစီးရေ   သုံးသိန်းကိုးသောင်းကျော်ရှိ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေကပြော ကြားသည်။

အစိုးရသစ်လက်ထက် ကား တင်သွင်းခွင့်မူဝါဒပြောင်းလဲပြီး နောက်ပိုင်း ရန်ကုန်တွင် ကား အစီးရေမှာ ယခင်ကထက် တစ် သိန်းခြောက်ထောင်ကျော် တိုး တက်လာပြီး ရာခိုင်နှုန်းအားဖြင့်  ၆၆ ဒသမ ၈၃ ရာခိုင်နှုန်းတိုးတက် လာကြောင်း ရန်ကုန်တိုင်းဒေသ ကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက သြဂုတ် ၁ ရက်တွင် ပြုလုပ်သည့် ကနဦးမော်တော်ယာဉ်မှတ်ပုံတင် ဌာနသစ်ပြောင်းရွှေ့ပွဲတွင် ထည့် သွင်း ပြောကြားသွားခြင်း ဖြစ် သည်။ ‘‘ဒီကိန်းဂဏန်းတွေကို ကြည့်ချင်းအားဖြင့် ရန်ကုန်မှာ ယာဉ်ဘယ်လောက် ကျပ်တည်း လာပြီဆိုတာကိုသိနိုင်ပါတယ်’’ ဟု ၀န်ကြီးချုပ်ကပြောကြားသည်။

ရန်ကုန်တွင် ၂၀၁၁ ခုနှစ် ယာဉ်တင်သွင်းမှုစနစ်မပြောင်း လဲမီတွင်ကားအစီးရေ နှစ်သိန်းတစ်သောင်းကျော်သာ မှတ်ပုံတင် ထားရှိပြီး ယာဉ်တင်သွင်းမှု မူဝါဒများပြောင်းလဲပြီးနောက် သုံးသိန်းကိုးသောင်းကျော်အထိ မြင့်တက်လာ၍ တစ်လလျှင် ကားအစီးရေ တစ်သောင်းခန့် တိုးလာကာ တစ်နေ့လျှင် အစီး ၃၀၀ ခန့်တိုးတက်နေကြောင်း ယာဉ်မှတ်ပုံတင်မူသေထုတ်ပေးမှု ကိန်းဂဏန်းများကို အခြေခံပြီး ၀န်ကြီးချုပ်ကပြောဆိုသည်။

ရန်ကုန်တွင် ကားအစီးရေ တိုးပွားလာခြင်းကို ဖြေလျှော့ရန် စီမံကိန်းအမျိုးမျိုးဖြင့် ဆောင် ရွက်နေပြီး နယ်ကျော်ကားများ ကို ဒဏ်ရိုက်ခြင်းအပါအ၀င် စည်းကမ်းမဲ့မောင်းနှင်နေသည့် ရန်ကုန်မြို့မှ ကားများကို ပညာပေးကာ လပြီးဆုံးနေပြီဖြစ်သောကြောင့် ပြင်းပြင်းထန်ထန် အရေးယူမှု စတင်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့မှ ဒုရဲမှူးကြီး ဦးလင်းထွဋ်က ပြောသည်။

ရန်ကုန်တွင် ကားအစီးရေ များပြားလာခြင်းကို အဓိက စီမံခန့်ခွဲရန် မြို့တွင်း၌ ကားပါကင်များလိုအပ်နေပြီး မြို့တွင်းကားကျပ်တည်မှုကို ဖြေလျှော့ကာ မြို့ပြင်သို့ စီးပွားရေးလုပ်ငန်းများ ရွှေ့ပြောင်းရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ အကြံပေးနေသည့် မြို့ပြပညာရှင် များကဆိုသည်။


.. www.MyanmarExpress.net
 

1 comments:

ရန်ကုန်မှာကားမောင်းရတာ အဆင်ချောတဲ့နေ့တစ်နေ့မှ
မရှိတော့ဘူး
တက်ကစီတွေ လမ်းလယ်ကောင်ဆောင့်ရပ် ဈေးညှိ လူတင်
လိုင်းကားတွေ လမ်းလယ်ခေါင်လူတင်ချလုပ်
လိုင်းကားတွေယာဉ်ကျောလု အတင်းခေါင်းထိုးဝင်
ကိုယ်ပိုင်ယာဉ်တွေယာဉ်မောင်းမကျွမ်း စွတ်စွတ်မောင်း
စီးခွင့်မရှိတဲ့ဆိုင်ကယ်ကလမ်းပြောင်းပြန်
ကွမ်းတံထွေးမထွေးချတဲ့ကားခပ်ရှားရှား
ရပ်ကွက်လမ်းကျဉ်းတွေထဲ တက်ကစီတွေအရှိန်ပြင်းမောင်း
ကားကြီးတွေကကားငယ်တွေကိုအနိုင်ကျင့်
မီးပွိုင့်ခဏစောင့်ရရင် ကို ယာဉ်ကြောပြောင်းပြန်တက်
မီးဝါဟာ ရပ်ကိုရပ်ရမဲ့ဟာ ကွေ့ကျောနဲ့ရောခွင့်ပြု အကျင့်ပါ
ဂ ငယ်ကွေ့မကွေ့ရမဲ့နေရာလဲကွေ့ကြ
ကျောင်းတွေရှေ့မှာကြိုပို့ယာဉ်ဆိုရင် တရားဝင်ယာဉ်ကြောပိတ်
ဆို့ခွင့်ရ
ခလေးကြိုဖို့ထက် ကားကြွားတာကခပ်များများ
နေ့ခင်းဘက်မီးကြီးဖွင့်လမ်းပြောင်းပြန်မိုက်ကြေးခွဲ
ဟာဟာဟား ပျော်စရာကြီးဗျား
လုပ်ကြပါဦးအဲဒါနေ့စဉ်တကယ်ကိုကြုံနေရတာယုံပါဗျာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်