Subscribe to our RSS Feed

အူရီဒူးဆင်းမ်ကတ် ကျပ် ၁၅၀၀ ထက်ပိုရောင်းရင် ရောင်းတဲ့ဆိုင်ကို ကတ်ဖြန့်ဝေပေးမှု ရပ်နားမည်ဟုဆို

From : .. မော်ဒန်


အူရီဒူး ဆင်းမ်ကတ်ကို ရောင်းချသော ဖုန်းအရောင်းဆိုင်များ အနေနှင့် ဈေးပိုရောင်းပါက ဆင်းကတ်ကို ရောင်းချဖို့ ဆက်လက် ဖြန့်ဝေပေးမည် မဟုတ်ကြောင်းကို အူရီဒူး တာဝန်ရှိသူများမှ ပြောကြားခဲ့ကြောင်း ယနေ့ ပြုလုပ်သည့် အူရီဒူးမှ ဆင်းမ်ကတ်၊ ငွေဖြည့်ကတ် ရောင်းချရန်အတွက် ကုမ္ပဏီကို စာရင်းပေးထားသူများ၏ တွေ့ဆုံပွဲကို တက်ရောက်ခဲ့သူ မန္တလေးမြို့ခံ တစ်ဦးမှ ပြောပါသည်။ အူရီဒူး ဆင်းမ်ကတ်ကို ရောင်းချချင်တဲ့ သူတွေကို အရင်းကျပ် ၁၀၅၀ နဲ့ပေးပြီး ဆိုင်တွေက ကျပ် ၁၅၀၀ နဲ့ပဲ ပြန်လည် ရောင်းချခွင့်ရှိတာ ဖြစ်ပါတယ်။ ဒီအတွက်လည်း ဆိုင်တွေနဲ့ ကုမ္ပဏီ စာချုပ် ချုပ်ဆိုထားရတယ်။ ငွေဖြည့်ကတ် ရောင်းချရင်တော့ ရောင်းချရငွေရဲ့ ၄.၅ ရာခိုင်နှုန်းကို အမြတ်အဖြစ် ရရှိတယ် ဟု ဖုန်းအရောင်းဆိုင် ပိုင်ရှင်တစ်ဦးမှ ပြောပါသည်။ အူရီဒူး အနေနဲ့ ဆင်းမ်ကတ်၊ ငွေဖြည့်ကတ် ရောင်းချချင်တဲ့ စာအုပ်ဆိုင်၊ စတိုးဆိုင် စတဲ့ ဆိုင်ဝယ်တွေကို စာရင်း ကောက်ယူထားပြီး ဇူလိုင် ၃၁ ရက်နေ့၌ ရောင်းချရန် စာရင်း ပေးထားသူများနှင့် တွေ့ဆုံပြီး အူရီဒူးက ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်များကို ရှင်းပြသော တွေ့ဆုံပွဲတစ်ခု ပြုလုပ်ခဲ့သည်။ “အကျိုးတူ ပူးပေါင်းဖို့ ဆိုင်လေးတွေကို ခေါ်ပြောတာပါ။ ရောင်းပေးမယ့် လုပ်ငန်းစဉ်ကိုပဲ ရှင်းပြတာပါ” ဟု တွေ့ဆုံပွဲကို တက်ရောက်ခဲ့သော ဥတ္တရလွင်ပြင် စာအုပ်ဆိုင် ပိုင်ရှင် ဦးသန်းဌေးက ပြောကြားသည်။

.. www.MyanmarExpress.net
 

1 comments:

1-THE HIGHER PRICE AND LOWER PRICE IN ALL GOODS INCLUDING CONSUMERS GOODS ARE DEPEND UPON SUPPLY AND DEMAND.
2-THE PRICE WILL HIGHER IF MORE DEMAND BY CONSUMERS BUT LESS OR INSUFFICIENT SUPPLY.
SOME GOVERNMENT DEPARTMENTS, MERCHANTS, MIDDLE POWER BROKERS ARE PLAYING UNFAIR GAMES TO GET EXTRA EXTRA
INCOME AND PROFITS.
NEED TO STOP IMMEDIATELY AND EFFECTIVELY.
3-THE CONSUMER GOODS PRICE WILL LOWER OR STABLE IF " SUPPLY AND DEMAND " IS EQUAL OR ABUNDANT AND TO ELIMINATE THE ALL DIRTY
TRICKS.
4-THE PEOPLE ARE FACING PROBLEM TO GET ENOUGH CONSUMER GOODS AND PRODUCT FOR MORE THAN 62 YEARS THAT FROM 1962 TO PRESENT DAY DUE TO UNDER SUPPLY AND
DIRTY TRICKS AND UNFAIR MARKETING TACTICS.
5-NEED TO DO THE FOLLOWINGS TO MAINTAIN
STABLE MARKET AND WELFARE OF ALL CONSUMERS.
(1)-NEED VERY EFFECTIVE LAWS AND PROPER
LAW ENFORCEMENT TO ALL BUSINESSES,
COMPANIES,MERCHANTS AND OPERATORS OF
BUSINESSES.
(2)NEED TO TAKE LEGAL ACTIONS TO ALL UNFAIR
PRACTICES AND UNFAIR COMPETITIONS.
(3)MAINLY GOVERNMENT NEEDS TO TAKE REALLY
EFFECTIVE CONTROL TO ALL DEPARTMENTS.
(4)TO REMOVE THESE PROBLEMS AND TO IMPROVE SOONEST POSSIBLE.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်