From :
.. news watch
တင်္နလာနေ့က ပေါက်ကြားခဲ့သော ပါကစ္စတန်လျှို့ဝှက်အစီရင်ခံစာတွင် ၂၀၀၁ စက်တင်ဘာ ၁၁ ရက်နေ့က အမေရိကန်ကမ္ဘာ့ကုန်သွယ်ရေးစင်တာတိုက်ခိုက်မှု၏ အဓိကတရားခံ အိုဆာမာဘင်လာဒင်နှင့် ပတ်သက်သော အကြောင်းအရာများ ရေးသားဖော်ပြထားသည်။
၎င်းအစီရင်ခံစာအရ
- ၂၀၀၂/၂၀၀၃ ခုနှစ်ခန့်က အိုဆာမာသည် ၎င်း၏ကိုယ်ရံတော် အီဘရာဟင်အယ်လ်ကူဝိတ်တီ၊ ကိုယ်ရံတော်၏ဇနီး မယ်ရီယမ်တို့နှင့်အတူ ဈေးတခုသို့အသွား အဖမ်းခံရလုနီးနီးဖြစ်ခဲ့သည်။ သတ်မှတ်အရှိန်ကျော်လွန်မောင်းနှင်သဖြင့် ၎င်းတို့လိုက်ပါလာသောကား တားဆီးခံရ၊ သို့သော် ဘင်လာဒင်က ပြဿနာကို အလျင်အမြန် ဖြေရှင်းနိုင်ခဲ့ကြောင်း မယ်ရီယမ်က ထွက်ဆို
- အိုဆာမာသည် အမေရိကန်မောင်းသူမဲ့လေယာဉ်များ၏ ထောက်လှမ်းမှုမှ ကင်းလွတ်စေရန် တခါတရံ Cowboy ဦးထုတ်ဆောင်းလေ့ရှိသည်ဟု ဘင်လာဒင်၏ ဇနီးတဦးက ပြောသည်။
- အိုဆာမာဘင်လာဒင်သုတ်သင်မှုသည် အပြည်ပြည်ဆိုင်ရာ ရှေ့နေများနှင့် လူ့အခွင့်အရေးအဖွဲ့အစည်း အတော်များများက လူသတ်ရာဇ၀တ်မှုအဖြစ် ရှုတ်ချခဲ့ကြကြောင်း ပါကစ္စတန်အစိုးရစုံစမ်းတွေ့ရှိကြောင်း ကြေငြာသည်။ အဆိုပါလုပ်ကြံမှုအတွက် ကြိုတင်အသိမပေးဘဲ လုပ်ဆောင်ခဲ့သဖြင် ပါကစ္စတန်အစိုးရလူကြီးပိုင်းများ အကြီးအကျယ် ဒေါသဖြစ်ခဲ့သည်။ US ကပြောသည်မှာ ပါကစ္စတန်အစိုးရအနေနှင့် ဘင်လာဒင်အား သတင်းပေးလိုက်မည်စိုးသဖြင့် ကြိုတင်အသိမပေးခဲ့ခြင်း ဖြစ်သည်။ ဘင်လာဒင်ပုန်းအောင်းခဲ့သောအိမ်ရှိရာနေရာသည် West Point စစ်တက္ကသိုလ်ကဲ့သို့သော အဆင့်မြင့် ပါကစ္စတန်စစ်တက္ကသိုလ်မှ မိုင်ဝက်ခန့်သာ ကွာဝေးသောကြောင့် ပါကစ္စတန်အစိုးရအရာရှိများက ဘင်လာဒင်အား ကူညီပေးနေသည်ဟု US က ယူဆသည်။ အဆိုပါယူဆချက်အား ခိုင်မာစေမည့် အခြားမည်သည့် အထောက်အထားမှ US က မတွေ့ရှိရ။ သို့သော်လည်း ယင်းယူဆချက် မမှန်ကန်ဟု ယတိပြတ်မဆိုနိုင်။
- ဘင်လာဒင်သည် အဘိုတာဘတ်၌ ၆ နှစ်တာလုံးလုံး ပုန်းအောင်ခဲ့သည်ကို ပါကစ္စတန်အစိုးရအဖွဲ့အတွင်းမှ တစုံတယောက်ကမှ မတွေ့ရှိခဲ့ခြင်းမှာ အလွန်တရာ အံ့အားသင့်စရာကောင်းကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။
- ထိုသို့ ပုန်းအောင်းနေစဉ်အတွင် ဘင်လာဒင်သည် ၎င်း၏ဇနီးများနှင့် ကလေး ၄ ယောက်ရခဲ့ပြီး နေထိုင်မကောင်းဖြစ်သည့်အခါများတွင် ပန်းသီးနှင့် ချောကလက်စားရသည်ကို ကြိုက်နှစ်သက်သည်ဟု ဇနီးများက အဘိုတာဘတ်ကော်မရှင်ကို ပြောသည်။
- လုပ်ကြံသည့်ညက US ဟယ်လီကော်ပတာများ ရောက်လာစဉ် ဘင်လာဒင်သည် သူ၏ အငယ်ဆုံးဇနီး Amal နှင့် အိပ်ခန်းအတွင်း အတူတူရှိနေသည်ဟု ကော်မရှင်အစီရင်ခံစာက ဖော်ပြသည်။ “ညနေခင်းစာ စား၊ ၀တ်ပြုမှုအပြီး Amal နှင့် ရှိတ်ခ်(ဘင်လာဒင်)တို့ ညအိပ်ရန် အနားယူကြသည်။ ညသန်းခေါင်ကျော်အချိန်တွင် သူတို့ ၂ ဦး မုန်တိုင်းလို့ထင်ရတဲ့ ဆူညံသံတွေကြောင့် နိုးလာကြသည်” ဟု ရေးသားထားသည်။
- CIA အေးဂျင့်ဖြစ်သူ ပါကစ္စတန်ဆရာဝန် ဒေါက်တာရှာကီးလ်အဖရီဒီး(Dr Shakeel Afridi) သည် ဘင်လာဒင်၏ခြံဝင်းအတွင်းသို့ ကာကွယ်ဆေးထိုး လုပ်အားပေးဆရာဝန်အဖြစ်ဖြင့် ၀င်ရောက်ရန်ကြိုးပမ်းခဲ့ရာ မအောင်မြင်သော်လည်း ခြံအရှေ့တံခါး၏ ရှုပ်ထွေးသော သော့စနစ်ကို လေ့လာခွင့်ရခဲ့သည်။ ၎င်းအပြင် အဖရီဒီးသည် CIA များနှင့် ၂၅ကြိမ်ခန့်တွေ့ဆုံခဲ့ပြီး အလွန်တရာ အရေးကြီးသော သတင်းအချက်အလက်များ ပေးခဲ့သည်။ ယင်းအတွက် ဒေါ်လာ ၁ သိန်း ရခဲ့သည်။
- အဖရီဒီးအား ပါကစ္စတန်အစိုးရက ဖမ်းဆီးထောင်ချ (ထောင်ဒဏ် နှစ် ၃၀ ကျော်)ခဲ့သည်။ ဘင်လာဒင်သုတ်သင်မှု အောင်မြင်ရေးအတွက် အရေးပါသော အခန်းကဏ္ဍက ပါဝင်ခဲ့သော်လဲ သူ့လွတ်မြောက်ရေးအတွက် US အစိုးရက ယနေ့ထက်ထိတိုင် ဘာတခုမှ လုပ်ဆောင်ပေးခြင်းမရှိသေး။
အဆိုပါလျှို့ဝှက်အစီရင်ခံစာအား Al Jazeera က အင်တာနက်ပေါ်သို့ တင်ခဲ့ခြင်း ဘင်လာဒင်၏ မိသားစုဝင်များအပါအ၀င် သက်သေ ၂၀၀ ဦးတို့၏ ထွက်ဆိုချက်များ ပါဝင်သည်။
.. www.MyanmarExpress.net

4 comments:
သူတပါးနိုင်ငံပိုင်နက်ထဲကို ခွင့်မတောင်းပဲ ကျူးကျော်ဝင်ရောက်၊ သူတို့ရဲ့အချုပ်အခြာအာဏာကို ဖုတ်လေတဲ့ငပိ ရှိသည်ဟုပင်မထင်၊ ဘင်လာဒင်နဲ့ မိသားစုကို ဖမ်းဆီးရုံးတင်မစစ်ဆေးဘဲ နေရာမှာတင်အသေပစ်သတ်၊ လက်မြောက်အညံ့ခံနေတဲ့ လက်နက်မဲ့ ဘင်လာဒင်ကို မသေမချင်းသတ်။ ပါကစ္စတန်လေတပ်ကို တစ်စီးမှတက်မလာနဲ့ အကုန်ပစ်ချမယ်ဆိုပြီး ခြိမ်းခြောက်အနိုင်ကျင့် သူတို့ပိုင်နက်ထဲဝင်ပြီး ထင်သလိုလုပ်သွားတာ သူတို့တွေပဲပြောပြောနေတဲ့ လူ့အခွင့်အရေးနဲ့ညီသလား ?သူတို့တွေပဲထုတ်ထားတဲ့ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းတွေနဲ့ရော.....????လူ့အခွင့်အရေးသမားတွေကရော အမေရိကန်ဆိုရင် ဘာသံမှမထွက်ကြတာ ဘာလို့လဲ ???????
အင်အားနည်းသူလုပ်သမျှအမှား၊ အင်အားကြီးသူလုပ်သမျှ မှန်နေတဲ့လောကကြီးလား ??????????????
အမေရိကန်ရဲ့WTCကိုလုပ်သွား
လို့လေကွာ။လူ့အခွင့်အရေးအ
ရှိဆုံးဆိုတဲ့အမေရိကန်တောင်
သူ့ကိုထိရင်ပြန်ချတာပဲ။ငါတို့
နိုင်ငံမှာလူ့အခွင့်အရေးလို့အော်
နေတဲ့သူတွေအကုန်လုံးကို
လီးပဲ။
နပတတာတီး
Must kill all Kalars.
No Kalar no problem.
More Kalars More problems.
ဒီမိုကရေစီဘိုးအေကြီး၊ လူ့အခွင့်အရေးဖခင်ကြီး အမေရိကန်တောင် သူ့နိုင်ငံလုံခြုံရေးကို ထိပါးလာရင် ဆယ်နှစ်ဆယ်မိုး ရေဆုံးမြေဆုံးထိလိုက်ပြီး လက်စားခြေသေးတာပဲ။ ငါတို့နိုင်ငံကျမှ ဘာလို့ငြိမ်ခံနေရတာလဲ။ အကြမ်းဖက်တဲ့ကုလားတွေကို အပြစ်ရှိလို့အရေးယူတာတောင် ခုနအမေရိကန်ကြီးက ကိုယ့်မျက်ချီးကိုယ်မမြင်၊ ဆင်သေကို ဆိတ်သရေနဲ့ဖုံးပြီး အပြစ်တင် ဖိအားပေးနေတာတွေ့ရတော့ အင်မတန်ရယ်ချင်စရာကောင်းမနေဘူးလား။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်