Subscribe to our RSS Feed

"မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ၏ သတင်းထုတ်ပြန်ချက်


မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ၏ သတင်းထုတ်ပြန်ချက် 

(၁.၈.၂၀၁၄)

၁။ လက်ရှိကြုံတွေ့နေသော မီဒီယာကဏ္ဍဆိုင်ရာ ပြဿနာများ၊ အခက်အခဲများ၊ အားလုံးနှင့် ပတ်သက်၍ အထူးသဖြင့် အမှုဖွင့်၊ အရေးယူ၊ ပြစ်ဒဏ်ချမှတ်ခံနေရမှု များကို တရားစီရင်ရေး ကဏ္ဍ၏ လွတ်လပ်စွာ ဆောင်ရွက်နိုင်မှု အားမထိခိုက်စေသော နိုင်ငံတော် သမ္မတ ၏ လုပ်ပိုင်ခွင့် အတွင်းမှ မီဒီယာသမားများ နစ်နာမှု မရှိစေရန် ဥပဒေ ကြောင်းအရ မျှတစွာ ဆောင်ရွက်ပေးသွားမည်ဟု နိုင်ငံတော် သမ္မတ နှင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) မှ ကိုယ်စားလှယ်များ တွေ့ဆုံစဉ် နိုင်ငံတော် သမ္မတ က အလေးအနက် ပြောကြားပါသည်။

၂။ တွေ့ဆုံကြရာတွင် သတင်း မီဒီယာများ၌ ဖော်ပြရေးသား ထုတ်လွှင့်မှုများနှင့် ပတ်သက်၍ အငြင်းပွားမှုများ၊ ပြဿနာ များ ပေါ်ပေါက်လာပါက သက်ဆိုင်ရာ ဌာနများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်မျာူး အနေဖြင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အား ( Mediator Role) အဖြစ် ဦးစွာ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်စေမည် ဖြစ်ကြောင်း နှင့် ထိုသို့ ဆောင်ရွက်ရာတွင် အစိုးရ ၀န်ကြီး ဌာနများက စာနယ်ဇင်း ကောင်စီ နှင့် အပြန်အလှန် ပူးပေါင်း ဆောင်ရွက် စေမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ က ပြောကြားပါသည်။

၃။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး နှင့် စတုတ္ထ မဏ္ဍိုင် (မီဒီယာ) တို့ အကြား တာဝန်ဝတ္တရား နှင့် ကျင့်ဝတ်စည်းကမ်းများကို အပြန်အလှန် နားလည်စေမှု နှင့် နိုင်ငံသား အားလုံး၏ သတင်းသိပိုင်ခွင့် ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မဏ္ဍိုင်လေးရပ် ဆွေးနွေးပွဲများ ကျင်းပသွားရန် နိုင်ငံတော် သမ္မတ ဦးဆောင်သော အဖွဲ့နှင့် စာနယ်ဇင်း ကောင်စီတို့အကြား သဘောတူညီမှု ရရှိပါသည်။

၎။ သတင်းမီဒီယာသမားများ၏ သတင်းရယူခွင့်နှင့် ပတ်သက်၍ ၀န်ကြီး ဌာနအသီးသီးက အချိန်နှင့် တပြေးညီ ထိရောက်မှုရှိသော တုန့်ပြန်ပြောကြားမှုများ ရှိလာစေမည့် အစီအစဉ်သစ်တစ်ရပ်ကို အကောင်အထည်ဖော်မည်ဟု နိုင်ငံတော်သမ္မတက ပြောကြားပါသည်။ ထိုလုပ်ငန်းစဉ် အကောင်အထည်ပေါ်လာရေးအတွက် စာနယ်ဇင်း ကောင်စီမှလည်း အပြည့်အ၀ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၅။ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) အနေဖြင့် ပြဌာန်း ထားပြီး ဖြစ်သော သတင်းမီဒီယာဥပဒေနှင့် အညီ မီဒီယာအားလုံး လုပ်ငန်းဆောင်ရွက်ခွင့် ရရှိရေးနှင့် သတင်းမီဒီယာနယ်ပယ် ဖွံ့ဖြိုးတိုးတက်ရေးအား တင်ပြဆွေးနွေးခဲ့ရာ နိုင်ငံတော် သမ္မတက အလေးထား စီမံပေးမည်ဟု ပြောကြားပါသည်။

၆။ (၁.၈.၂၀၁၄) ရက်နေ့က နိုင်ငံတော် သမ္မတ ဦးဆောင်သော အဖွဲ့နှင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) တို့ တွေ့ဆုံဆွေးနွေးမှုများမှ နိုင်ငံ၌ စတုတ္ထ မဏ္ဍိုင်၏ အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှင့် သတင်းမီဒီယာသမားများ ဥပဒေများနှင့် အညီ လုပ်ငန်းတာဝန်ထမ်းဆောင် နိုင်စေရေး တို့အတွက် ကောင်းမွန်သော အခြေခံ သဘောတူညီချက်များ ရရှိခဲ့ပါသည်။

၇။ အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတ နှင့်အတူ ပြည်ထောင်စု ၀န်ကြီးများ ဖြစ်သော ဦးအောင်မင်း၊ ဦးတင်နိုင်သိန်း၊ ဦးခင်ရီ၊ ဦးရဲထွဋ် တို့ တက်ရောက်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ ကိုယ်စားလှယ်များ အဖြစ် ဦးခင်မောင်လေး၊ ဦးကျော်မင်းဆွေ၊ ဦးသီဟစော၊ ဦးဖေမြင့်၊ ဦးဇော်သက်ထွေး၊ ဦးရဲမင်းဦး၊ ဦးခင်မောင်ဌေး နှင့် ဒေါ်နန်းကလျာဝင်း တို့ တက်ရောက်ခဲ့ပါသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)


4 comments:

Now ye htut become new minister. Media must be press again.

အစွန်းရောက်သမားတို့ရဲ့တိုင်းပြည်

အစွန်းရောက်သမားတွေဆိုလို့မြန်မာလူမျိုးတွေဟာအသေခံဗုံးခွဲသူတွေလား၊ လေယာဉ်ပျံအပိုင်စီးသူတွေလား၊ဘာသာရေးစစ်ပွဲဆင်နွှဲမည့်သူတွေလား တစ်ခုမှမဟုတ်ပါ
ငါနဲ့မတူငါ့ရန်သူဆိုပြီး(အထူးသဖြင့်ပါတီ/၀ါဒစွဲ တွေမှာ)အစွန်းရောက်လွန်းလာပါပြီ
ပထမတော့စစ်တပ်ကိုပျော်ပျော်ပါးပါးကြီးမုန်းလိုက်ကြတယ်
အဲဒါကနေအော်တိုမစ်တစ်ကြံ့ဖွံ့ကိုလည်းမုန်းကြပြန်ရော
ဦးဝီရသူတို့၂၀၀၇ ရှေ့ပိုင်းထောင်ထဲနေတော့သူရဲကောင်း ဟော ၉၆၉ တို့ ဘာတို့ဦးသိန်းစိန်ကိုနှစ်သက်သလိုလေသံထွက်မိတော့ (ဦး)တောင်မထည့်တော့ဘူး ၀ီရသူတဲ့
ဟော ပီနန်ဆရာတော်ပြသနာဖြစ်ပြန်တော့ဒီလောက်ထိသက်ကြီး
ဝါကြီးဖြူစင်အေးချမ်းစွာနေထိုင်သီတင်းသုံးလာတဲ့နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးတွေဟာ ဘာမှန်းမသိတဲ့ပီနန်ဆရာတော်လောက်တောင်အဆင့်မရှိ
သယောင်ဖြစ်ရပြန်တယ်(ဖြေရှင်းပုံတွေဘာတွေခဏထား)
ဟောတခါ ဝေဋုကျော် ကြက်ခြေနီလုပ်မိတာ ၀ိုင်းဆဲကြပြန်ရော(လူမှုရေး
ဆိုရင်ကျော်သူ(၁)ယောက်ပဲအကောင်း)
ညွန့်ဝင်းကြီးခမြာတသက်လုံးပြည်သူ့အချစ်တော် ဦးသိန်းစိန်ပွဲသွားတက်မိမှ ပက်ပက်စက်စက်ပြောကြပြန်ရော
(ဒေါ်စုနဲ့တွေ့မှအကောင်း၊ဦးသိန်းစိန်နဲ့တွေ့ရင်လူယုတ်မာ)
ဘောလုံးကြည်လင်းကစားနိုင်တုံးက သူရဲကောင်း ခဏမကစားမိတော့ချဉ်ဖတ်ဖြစ်ရပြန်ရော
ပြည် န၀ဒေးတံတားအောက်ကလူသတ်မှုက တရာခံ စစ်သားမှစစ်သားပဲ အရပ်သားကဒါမျိုးမလုပ်တတ်ဘူးဆိုပဲ
မေမြို့ အမတ် ကျော်သီဟမိန်းမကိစ ပြသနာတက် တော့ အားလုံး နှာစေး ကြံ့ဖွံ့အမတ်ဆိုရင် သေဖို့သာပြင်ထား
အဲဒါတွေအားလုံးဟာ ဒီကနေ့အထိမခံရွှေပန်ကန် မီဒီယာဆိုတဲ့ကောင်တွေ လူထုကို ဆောက်တလွဲ လမ်းပြဦးဆောင် လမ်းလွှဲနေတာမဟုတ်လို့ ဘာလဲ
ဟေ့လူ သန်းထွဋ်အောင်တို့ နှစ်ဘက်ချွန်သံတော်ဆင့်တို့
မြန်မာပို့စ် တို့ ဖြေကြပါဦး
ကျန်သေးတယ်ပြောစရာတွေလက်ညောင်းလာလို့







ကီး

စာနယ်ဇင်းသမားတွေလည်း ဥပဒေကို လေးစားရပါမယ် အခွင့်ထူးခံဖြစ်ချင်လို့မရပါ

ဟုတ်တယ်ဗျို့ ဆက်ပြောပ် nldကဘာမှမဟုတ်ပါဘူးဗျာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်