From :
.. messenger
Telenor မှ 4G အထိ အသုံးပြုနိုင်သည့် မိုဘိုင်း ဆင်းကတ်သန်း (၃၀)အား
(၁၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချမည် ဖြစ်သည်။ အဆိုပါ ဆင်းကတ်များ တွင် Video
Call, Voice Mail, Internet, SMS စသည့်ဝန်ဆောင်မှုများကိုလည်း ထည့်သွင်း
ဆောင်ရွက်ထားကြောင်း Telenor Mynmar မှ သိရသည်။ Telenor အနေနဲ့တော့
စပြီးကတိ ပေးထားတဲ့အတိုင်း လိုင်စင်ရပြီး ရှစ်လအကြာမှ ရောင်းချပေးမယ်။
ဆင်းကတ်က 2G,3G သုံးလို့ ရပါတယ်။ ဈေးနှုန်း ချိုသာတဲ့ ဟန်းဆက်ကိုပါ
ရောင်းချပေးဖို့ စီစဉ်ထားတယ် ဟု Telenor Mynmar မှ ပြန်ကြားရေ တာဝန်ခံ
ကိုစိုးသူက ပြောသည်။ 4G အထိ အသုံးပြုနိုင် သည့် ဆင်းကတ်များအား
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြန့်ဖြူး ရောင်းချပေးသွားမည် ဖြစ်ပြီး
ဆင်းကတ် ၀ယ်ယူရာတွင် မှတ်ပုံတင်တစ်ခုဖြင့် လိုသ လောက် ၀ယ်ယူ
နိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆင်းကတ်များ၏ ဈေးနှုန်း အားကျပ် (၁၅၀၀)
သတ်မှတ်ထား သော်လည်း ငွေဖြည့်ကတ်မှာမူ တစ်မိနစ်(၂၅)ကျပ်နှုန်းဖြင့်
အကြမ်းဖျင်း သတ်မှတ်ထားပြီး အင်တာနက် အသုံးပြုခမှာ လက်ရှိ MPT ဈေးနှုန်းထက်
လျော့နည်းသွားမည် ဖြစ်ကြောင်း Telenor Mynmar မှ သိရသည်။
ဘယ်သူပဲ ရောင်းရောင်း ဈေးသက်သာပြီး လိုင်းကောင်းတဲ့ ဆင်းကတ်ကိုပဲ ၀ယ်မှာပါ။ အခုသုံးနေတဲ့ MEC ဆင်းကတ်ဆိုရင် လိုင်းမမိတာနဲ့ တော် တော် စိတ်ညစ်ရတယ် ဟု ကုမ္ပဏီဝန်ထမ်း မနွယ်နီဝင်းက ဆိုသည်။ လက်ရှိ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍ အဆင့်မြှင့်တင်ရန် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း၊ ရတနာပုံ တယ်လီပို့၊ Ooredoo နှင့် Telenor တို့ ယှဉ်ပြိုင် လုပ်ကိုင်နေပြီး ယင်းထဲမှ Ooredoo သည် ပြည်သူများအား စိတ်ဝင်စားဖွယ် ၀န်ဆောင်မှုများဖြင့် စတင် ရောင်းချပေးလျက်ရှိသည်။
..
www.MyanmarExpress.netဘယ်သူပဲ ရောင်းရောင်း ဈေးသက်သာပြီး လိုင်းကောင်းတဲ့ ဆင်းကတ်ကိုပဲ ၀ယ်မှာပါ။ အခုသုံးနေတဲ့ MEC ဆင်းကတ်ဆိုရင် လိုင်းမမိတာနဲ့ တော် တော် စိတ်ညစ်ရတယ် ဟု ကုမ္ပဏီဝန်ထမ်း မနွယ်နီဝင်းက ဆိုသည်။ လက်ရှိ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍ အဆင့်မြှင့်တင်ရန် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း၊ ရတနာပုံ တယ်လီပို့၊ Ooredoo နှင့် Telenor တို့ ယှဉ်ပြိုင် လုပ်ကိုင်နေပြီး ယင်းထဲမှ Ooredoo သည် ပြည်သူများအား စိတ်ဝင်စားဖွယ် ၀န်ဆောင်မှုများဖြင့် စတင် ရောင်းချပေးလျက်ရှိသည်။
7 comments:
လုံးဝလိုင်းမကောင်းပါ အော်ဒီဒူး အချင်းချင်းဘဲခေါ်လို့ရပါသည် 3D ဟန်းဆက်သာထည့အသုံးပြုနိုင်ပြီ ကျန်မညသည့်ဟန်းဆက်မှသုံးမရပါ npt လောက်လုံဝ မကောင်းပါ
တို့ MPT ပြည်သူအပေါ် ဒီလို စေတနာထားရင် ထိုင်ရှိခိုးသင့်တယ်။ အသားထဲက ထွက်တဲ့လောက်။
no အော်လဒူ
အော်လဒူ ထင်သလောက်မကောင်းပါ ဘာလုပ်ရမလဲ မသိတော့ပါ
မနေ့က၁၅၀၀နဲ့ အော်ဒီဒူးဝယ်ကြည်တယ် စောက်သုံးမကြလို့ချိုးပြစ်လိုကတယ် ၆၅၀၀ကုန်သွားတယ် နောက်ခါများဝယ်မိလို့ကတော့ ကိုယ့်လက်ကို ရိုက်ချိုးပြစ်မယ်စိတ်ချ
လဒူးမကောင်းပါ ဟန်းဆက်ရွှေးတယ် ပြောစမ်းသပ်ကာလ အလကားဘဲ
မဝယ်တာကောင်းတယ် မယ်ပြီရင်
နောင်တရမယ် စေတနာ နဲ့ပြောတာ
ကျပ် ၁.၅ သန်းတန် ဖုန်း ကတော့ ကမ္ဘာ့ဈေးကြီးဆုံးတန်ဖိုးမြင့်
ဖြစ်တယ်။ တစ်နစ် ၅၀ိ/-၊ အင်တင်နက် တစ်မိနစ် ၂ိ/-။
MPT အနေနဲ့ ကျပ် ၁.၅ သန်းတန် တန်ဖိုးမြင့် ပြန်သုံးသပ်ဖို့လို
နေပါပြီ။ ဒီဖုန်းကို နိုင်ငံ့ဝန်ထမ်းအရာရှိများ၊တပ်မတော်မှအရာရှိများ၊
ဌာနဆိုင်ရာအကြီးအကဲများ၊ တက္ကသိုလ်မှ ဆရာ၊ဆရာမများ
အများစုပိုင်ဆိုင်ကြပါတယ်။
ထိုအချိန်က Mobile ဖုန်းများမှာ ယခုလောက်မပေါသေး၍
ဌာနဆိုင်ရာအကြီးအကဲများ၊တပ်မတော်မှအရာရှိများ၊
တက္ကသိုလ်မှ ဆရာ၊ဆရာမများ၊ နိုင်ငံ့ဝန်ထမ်းအရာရှိများကို
ဦးစားပေးစနစ်နဲ့ ငှားရမ်းစာချုပ်ဖြင့် ရောင်းချပေးခဲ့ပါတယ်။
၁၅၀၀ိ/-တန်တာကို ကျပ် ၁.၅ သန်းပေးပြီးငှားရမ်းပေးခဲ့သော
ပြည်သူတွေကို ပြန်မကြည့်တော့ဘူးလား။ အများစုနစ်နာသူမှာ
အစိုးရဝန်ထမ်းတွေဖြစ်နေပါတယ်။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်