လူတိုင်းအကြိုက်တစ်မျိုးစီရှိကြသည်။
ထိုအထဲမှ ကျွန်တော့် အကြိုက်ကတော့ သတင်းပင်ဖြစ်သည်။
မနက်ဆိုလျှင် အမြဲတမ်း သတင်းစာလေးဖတ်မှ နေသာထိုင်သာရှိသည်။
အခုတော့ အင်တာနက်ဆိုတာကြီးပေါ်လာသဖြင့် အဆင်ပြေသည်။
ယခင်ကလို ဂျာနယ်တွေစာစောင်တွေကို တစ်ပါတ်တခါ စောင့်နေစရာမလိုတော့။
နိုင်ငံနှင့်အ၀ှန်း ဖြစ်ပျက်နေသည်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ပေသည်။
သတင်းခေတ်တွင် သတင်းဆာလောင်ကြသူများ ဖြစ်လာကြသည်။
အခုတလော လတ်တလောမှာ ရေပန်းစားခဲ့တာကတော့ အားလုံးသိကြသည့်အတိုင်း
၄၃၆ ဖြစ်သည်။ တစ်နိုင်ငံလုံး မြို့နယ်ကြီးတွေမှာ ၄၃၆ ပြင်ဆင်ရေး
လက်မှတ်ကောက်ခံပွဲတွေလုပ်ကာ ၄၃၆ ပြင်ဆင်ရန် လက်မှတ်စုဆောင်းကြသည်။
လှုံ့ဆော်ကြသည်။ သို့ရာတွင် မနက်ဖြန်ပဲ ကြည့်ရတော့မလိုလို၊
အခုပဲကြည့်ရတော့မလိုလို မစားရ၀မခန်းပြောခဲ့သော

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကဲ့သို့ပင် အခြေအနေကားမကောင်း။
ရလာဒ်ကို အားလုံးက စိတ်ဝင်စားကြသည်။
လူထုတစ်ခဲနက်ထောက်ခံသည်ဟု ၄င်းတို့ကိုယ်၎င်းတို့ ကြွေးကြော်ထားသော
ပါတီကြီးတစ်ခုအနေဖြင့် လက်မှတ်အတော်များများ ရရှိမည်ဟု ယုံကြည်ကြသည်။
ဤသို့ဖြင့် ဂျာနယ်များ စာစောင်များတွင် လက်မှတ် မည်၍မည်မျှ ကောက်ခံရရှိသည်ကို
သိရှိလိုကြသဖြင့် စောင့်ဖတ်ကြသည်။အဖြေမှာ အမျိုးမျိုးဖြစ်နေပေသည်။
စာဖတ်သူများ မျက်စိလည်ကုန်ကြသည်။ဘယ်ဟာ အမှန်လဲမသိကြတော့။
မြစ်မခမီဒီယာမှာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ယူကောက်ခံခဲ့သည့် ၄၃၆
ပြင်ဆင်ရေးပြည်သူ့ထောက်ခံဆန္ဒမဲ လက်မှတ်ပေါင်းတစ်ဆယ့်ခုနှစ်သိန်းကျော်ရရှိပြီးဖြစ်သည်ဟု တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဇူလိုင်လ(၂၅)ရက်နေ့အထိ ကောက်ခံရရှိသည့်စာရင်းများအရ သိရှိရသည်ဆိုပြီး ရေးထားတယ်။
“ ဒီနေ့အထိ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေက ကောက်ယူထားတဲ့လက်မှတ်ပေါင်း
၁၇၀၂၈၅၄ ရရှိပြီး ဖြစ်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်
ကော်မတီဝင်နှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ပြောကြားသည်
ဆိုပြီး ရေးထားတဲ့သတင်းပါ။ အားလုံးပေါင်း ဇူလိုင်လ ၂၅ ရက်နေ့အထိ တစ်သန်းနဲ့ခုနှစ်သိန်းပေါ့။
ဒါပေမယ့် ဇွန်လ ၃၀ ရက်နေ့တုန်းက NLD ပါတီက ကြေငြာချက်ထုတ်ခဲ့တဲ့အထဲမှာ
ကောက်ခံရရှိသော လက်မှတ်အရေအတွက်က ၃.၃ သန်းတဲ့။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်
က်ာမတီဝင်နှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ပြောတာကျတော့
ဇူလိုင်လ ၂၅ ရက်နေ့အထိမှ ၁.၇ သန်းပဲ ကောက်ခံရရှိသေးသည်တဲ့။
ဒါနဲ့ မကျေနပ်လို့ Eleven Media Group သွားကြည့်တော့ လက်မှတ်ပေါင်း ၃၂ သိန်းတဲ့။
စာဖြင့်ပြောရမည်ဆိုလျှင် သုံးသန်းကျော်ပေါ့။
NLD ပါတီမှ ၄၃၆ နှင့်ပါတ်သက်၍ ကောက်ခံရရှိသော
လက်မှတ်အရေအတွက် ကြေညာချက် ဇွန်လ ၃၀ ရက်နေ့ အထိ ၃.၃ သန်း
မြစ်မခမီဒီယာတွင် ဖော်ပြခဲ့သော ၄၃၆ နှင့်ပါတ်သက်၍ ကောက်ခံရရှိသော
လက်မှတ်အရေအတွက် ဇူလိုင်လ ၂၅ ရက်နေ့အထိ ၁.၇ သန်း

ရန်ကုန်တိုင်းမ်ဂျာနယ်တွင် ဖော်ပြခဲ့သော ၄၃၆ နှင့်ပါတ်သက်၍
ကောက်ခံရရှိသော လက်မှတ်အရေအတွက် ဇူလိုင်လ ၂၉ ရက်နေ့အထိ ၄.၅ သန်း

Eleven Media Group မှ ဖော်ပြခဲ့သော ၄၃၆ နှင့်ပါတ်သက်၍
ကောက်ခံရရှိသော လက်မှတ်အရေအတွက် ၃.၂ သန်း
NLD ပါတီမှ ၄၃၆ နှင့်ပါတ်သက်၍ ကောက်ခံရရှိသော
လက်မှတ်အရေအတွက် နောက်ဆုံး ကြေညာချက် ၅ သန်း

ရလာဒ်က ဂျာနယ်တစ်စောင်ကို တစ်မျိုးဖြစ်နေသည်။
နောက်တစ်ခုက ဇွန်လ ၃၀ ရက်နေ့ကြေငြာချက်မှာ လက်မှတ် ၃.၃ သန်းဖြစ်နေပြီး
ဇူလိုင်လ ၁၉ ရက်နေ့ရောက်တော့လက်မှတ် ၅ သန်းဖြစ်သွားသည်။
လက်မှတ် ၂ သန်းနီးပါးရအောင် မည်သို့မည်ပုံ ထိုးလိုက်သည်မသိ။
မည်သို့ပင်ဖြစ်စေကာမူ မြန်မာနိုင်ငံ၏ လူဦးရေ
သန်း (၆၀) နှင့် ယှဉ်လိုက်လျှင် နဲတာကတော့ နဲသည်သာဖြစ်တော့သည်။
အလိမ်အညာများနှင့် ပြည့်နှက်နေသည်သာဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့သည့် ကြံ့ခိုင်ရေးပါတီအား
မဲလိမ်သည် မဲ ညာသည်ဟု စွတ်စွဲခဲ့သည့် NLD ပါတီသည်
၄၃၆ ပြင်ဆင်ရေးနှင့်ပါတ်သက်၍ ၄င်းတို့ကိုယ်တိုင် လက်မှတ်စာရင်းများအား
ပွင့်လင်းမြင်သာစွာ ထုတ်ပြန် ဖော်ပြခြင်းမရှိဘဲ လိမ်ညာနေသည်ကို
အထင်အရှား တွေ့ရမည်ဖြစ်သည်။
NLD ပါတီအား ဘာကြောင့် လိမ်ညာနေသည်ဟု ပြောရသည်နည်း။
ဇွန်လ ၃၀ ရက်နေ့က ကြေငြာချက်ထုတ်ပြန်သော လက်မှတ် ၃.၃ သန်းအား
ကြည့်လျှင်သိနိုင်သည်။ NLD ဗဟိုမှ ကြေညာချက်အရ ရက်ပေါင်း ၃၃ ရက်အတွင်း
လက်မှတ်ပေါင်း ၃၃ သိန်း၊ တစ်ရက်လျှင် ပျမ်းမျှ လက်မှတ် တစ်သိန်း ရရှိနေသည် ဆိုခြင်းမှာ
လူထုမှ ယုံကြည်ရန် ခက်ခဲနေရသည်။

အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာရောက်ဟောပြောသည့်
မြို့များတွင်ပင် တစ်ရက်တည်း လက်မှတ် ၁ သိန်းမရရှိခဲ့ပေ။
သို့ဖြစ်၍ NLD ၏ ကြေညာချက်မှာ မဟုတ်မမှန် လုပ်ကြံထားခြင်း သိသာနေပေသည်။
ရက်ပေါင်း ၃၃ ရက်အတွင်း ဒေါ်အောင်ဆန်းစုကြည်မှ နေပြည်တော်၊ လယ်ဝေး၊ တပ်ကုန်း၊
ပျဉ်းမနား၊ ရန်ကုန်၊ မန္တလေး၊ မအူပင် နှင့် တောင်ငူမြို့များတွင်သာ
သွားရောက်ဟောပြောခဲ့ရာ အချို့မြို့များတွင် တက်ရောက်သူ ထောင်ဂဏန်းသာရှိပြီး
အချို့မြို့များတွင် ကန့်ကွက်ဆန္ဒပြမှုများ ကြုံခဲ့ ရသည်။

ဦးစုကဲ့သို့သော အခြေခံဥပဒေကို ကြေညက်အောင် ဖတ်ရှုထားသူများနှင့်
တွေ့သောအခါ ဒုက္ခပင်ရောက်ရသေးတော့သည်။
ဒေါ်အောင်ဆန်း စုကြည်မပါပဲ ၈၈ ဦးဆောင်သည့် ဆွေးနွေးပွဲများတွင်လည်း
တက်ရောက်သူ နှစ်ထောင်ထက် မပိုခဲ့။ ပရိတ်သက်များခဲ့သည့် မန္တလေးတွင်လည်း
၁၈ နှစ်အောက် ကလေးများ ဖြစ်နေသဖြင့် လက်မှတ်မထိုးပဲ စာရေးကြဖို့
ဒေါ်အောင်ဆန်းစုကြည်မှ ပြောခဲ့ရသေးသည်။ ဤအခြေအနေမျိုးတွင် တစ်ရက်လျှင်
လက်မှတ် တစ်သိန်းရရှိသည်ဟု NLD ကြေညာခြင်းမှာ မှန်၏၊ မမှန်၏ မည်သူမဆို
ဆုံးဖြတ်နိုင်ပေသည်။
နောက်ဆုံး ထုတ်ပြန်ကြေငြာခဲ့သည့် လက်မှတ် ၅ သန်းတွင်လည်း သေဆုံးသူများ၊
၁၈ နှစ်အောက်ကလေးများ၊ လက်မှတ် ၂ ကြိမ် ၃ ကြိမ် ထိုးသူများ နှင့် အမှန်တကယ်
လက်မှတ်မထိုးသူများ ပါ/မပါ ကို NLD မှ လုံးဝ ချပြရဲခြင်းမရှိပေ။
NLD ရရှိထားသည့် လက်မှတ်များမှာ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ကို အမှန်တကယ်
နားလည်ပြီး တိုင်းပြည်အတွက် ရှေးရှုကာ ပြင်ဆင်လိုသည့် လက်မှတ်များ ဟုတ်/မဟုတ်
ဆိုသည်မှာ သံသယ ဝင်စရာဖြစ်တော့သည်။
ထို့အပြင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့်ပါတ်သက်၍ ပြည်သူလူထု၏ ထောက်ခံမှုကိုလည်း
NLD ပါတီ၏ စည်းရုံးရေးကောင်းသည့် ရန်ကုန်မြို့တွင်ပင် လက်မှတ် ရှစ်သိန်းခန့်သာ
ရရှိခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။
ရန်ကုန်အရှေ့ပိုင်းခရိုင် လက်မှတ်ရေးထိုးသူ ၂၃ဝဝဝဝ ကျော်
ရန်ကုန်အနောက်ပိုင်းခရိုင် လက်မှတ်ရေးထိုးသူ ၁၂ဝဝဝဝ ကျော်
ရန်ကုန်တောင်ပိုင်းခရိုင် လက်မှတ်ရေးထိုးသူ ၁၁ဝဝဝဝ ကျော်
ရန်ကုန်မြောက်ပိုင်းခရိုင် လက်မှတ်ရေးထိုးသူ ၃၂ဝဝဝဝ ကျော်

စုစုပေါင်း ၇၉ဝဝဝဝ ကျော်
အရေအတွက်အနေနှင့် ကြည့်မည်ဆိုလျှင် များပြားသည်ဟုထင်စရာရှိသော်လည်း
လက်ရှိ ရန်ကုန်တိုင်းတွင် ခန့်မှန်းခြေ လူဦးရေက ခြောက်သန်း ခွဲလောက်ရှိပြီး
ထိုအထဲတွက်မှ မဲပေးနိုင်တဲ့ အရေအတွက်သည် လေးသန်းကျော်ဖြစ်သည်။
NLD ပါတီ၏ စည်းရုံးမှုအားကောင်းသည့် ရန်ကုန်လိုမြို့ကြိးတွင်ပင်
လူဦးရေ ခြောက်သန်းခွဲကျော်မှာ လက်မှတ် ရှစ်သိန်းနီးပါးသာ ရရှိခဲ့ခြင်းမှာ ပုဒ်မ ၄၃၆ အား မပြင်ဆင်လိုသူ မည်ရွေ့မည်မျှ ရှိနေသည်ဆိုသည်ကို ဖော်ညွန်းပြလိုက်သလိုပင်ဖြစ်သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း ဆောင်ရွက်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုတွင် လက်မှတ်ရေးထိုးသူ ငါးသန်းနီးပါး ရရှိပြီဟုဆိုကာ ကြေညာခဲ့သော်လည်း ယင်းငါးသန်းဆိုသည်မှာ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် နှိုင်းယှဉ်လျှင် အလွန်အင်မတန်နည်းသည့် ပမာဏသာဖြစ်သည်။
တကယ့်တကယ်တော့ အစိုးရအနေဖြင့် သာရွေ့ပင်ကောင်းသေးသည်။
မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၆၀ ရှိသည်။ ယခုအခါ NLD ပါတီမှ ၄၃၆ အား ပြင်ဆင်ရန်အတွက် လက်မှတ်ထိုးသူ ငါးသန်းရှိသည်ဟု ကြေငြာလိုက်သဖြင့် အခြေခံဥပဒေပုဒ်မ ၄၃၆ အားမပြင်ဆင်လိုသူမှာ ၅၅ သန်းကျော် ရှိကြောင်း အစိုးရမှ ကြေညာချက်လေး ထိုင်ထုတ်နေရုံပင်ဖြစ်သည်။
မည်သို့ပင် ဖြစ်စေ ဇူလိုင် ၁၉ ရက် မတိုင်ခင် လက်မှတ် ၁၆ သန်း မရရအောင် ကောက်ရ မည်ဟု ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင်မှ ညွန်ကြားထားသဖြင့် NLD ပါတီဝင်များ လော်စပီကာများဖြင့် ပြည်သူများကို အတင်းအကြပ် လိုက်အော်သူအော်၊ လမ်းပေါ်တွင် ယဉ်မောင်းများကို ကားအတွင်းအထိ လက်မှတ် ကောက်သူ ကောက်နှင့် ပါတီဝင်တွေလည်း အကြပ်ရိုက်၊ ပြည်သူတွေလည်း အနှောက်ယှက် ဖြစ်ခဲ့ကြရသော်လည်း သတ်မှတ်ထားသည့် လက်မှတ်အရေအတွက်အား သုံးပုံ နှစ်ပုံပင် ပြည့်မှီအောင် ကောက်ခံရရှိခဲ့ခြင်းမရှိဘဲ နောက်ဘုရားပွင့်မှသာ ပြည့်ကောင်းပြည့်နိုင်မည်ဖြစ်တော့သည်။

4 comments:
ဒေါ်အောင်ဆန်းစုကြည်သည် အခြေခံဥပဒေ ၅၉ (စ)လုံး အရ မြန်မာပြည်တွင် သမ္မတ မဖြစ်နိုင်ကြောင်း ထောက်ပြ ပြောဆိုသူများ ရှိနေသည်။
ဒေါ်အောင်ဆန်းစုကြည် အနေနှင့် မြန်မာပြည်တွင် သမ္မတ မဖြစ်နိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်တွင် မင်းဖြစ်နိုင်သော အခြေခံ အကြောင်းအရာများနှင့် ပင်ကိုဘုန်းကံများ မပါကြောင်း၊ မီဒီယာနှင့် နိုင်ငံတကာမှ အားပေး ထောက်ခံမှု အားများကြောင့်သာ ယခု အခြေအနေထိ ရောက်ရှိလာခြင်း ဖြစ်ပြီး ယင်းထောက်ခံမှုရှိရုံဖြင့် သမ္မတ မဖြစ်နိုင်ကြောင်း၊ အကယ်၍ သမ္မတ ဖြစ်ခဲ့လျှင်လည်း တိုင်းပြည်ကို နိုင်နင်းစွာ ကိုင်တွယ်နိုင်မည် မဟုတ်ကြောင်း၊ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ကဲ့သို့ ဇာတ်သိမ်းမလှ ဖြစ်သွားနိုင်ကြောင်း ဘဲလားလေဘာတီ (Astro-Political Scientist) က ဆိုသည်။
ကလေးတွေလိုက်ပြီးလက်မှတ်ထိုးခိုင်းလိုက်ပါပြည့်သွားပါမည်
တကယ်မဟုတ်ဘဲ ကျွန်တေိာတို့နာမယ်တွေထည့် လက်မှတ်ထိုးတာတွေဘယ်ကို တိုင်ရပါသလဲ
အသံချဲ့စက်တွေ အကျယ်ကြီးဖွငိ့ လမ်းမတွေပေါ်တဲထိုးတဲ့ စည်းကမ်းမဲ့ nld ကိုဟဥပဒေနဲ့အညီ အရေးယူပေးပါ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်