Subscribe to our RSS Feed

၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခိုင်းတဲ့ ဒေါ်စု အမြင်မှန်ရပြီး ကော်မရှင်ထံ ခစားဝင်ပြီ


၂၀၁၀ ရွေးကောက်ပွဲကျင်းပချိန်က ”မဲထည့်စရာ NLD မရှိရင် မဲမထည့်နဲ့” လို့ ပြောပြီး ရွေးကောက်ပွဲကို သပိတ်မှောက်ခိုင်းတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုတော့လည်း အမြင်မှန်ရပြီး ကော်မရှင်ထံကို ခစားဝင်နေပြီဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်က ပါတီ မှတ်ပုံတင်ဖို့ အကြိမ်ကြိမ်ပြောခဲ့ပေမယ့် ပေကပ်ပြီး မှတ်ပုံ မတင်ခဲ့ပါဘူး။ ၂၀၀၈ အခြေခံဥပဒေကို စစ်ကျွန်စနစ်ကို သွပ်သွင်းတဲ့ဥပဒေ၊ နွားတင်းကုပ် ဆိုပြီး ဝေဖန်ခဲ့ကြပြီး အခုတော့ NLD ကို ပါတီမှတ်ပုံတင်ဖို့ ဆိုပြီး ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ဦးစီးကာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဥက္ကဌ ဦးတင်အေးဦးစီးတဲ့ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ကို နေပြည်တော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ သွားပြီး ခစားနေပါတယ်။
ဒီဇင်ဘာလ ၂၃ရက် ဒီကနေ့ မနက် ၁၀ နာရီ ၁၀ မိနစ်လောက်က စတွေ့ကြတာဖြစ်ပြီး အမြင်မှန်ရလာတဲ့ သက်ကြီးရွယ်အိုများဖြစ်တဲ့ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဥာဏ်ဝင်း၊ ဦးခွန်သာမြင့်၊ ဒေါက်တာငယ်ငယ်တို့ ပါဝင်တယ်လို့ သိရပါတယ်။

ဒီနေ့ ဂွေးသီး မနက်ဖြန် ငှက်ပြောသီး NLD ၏ ရွေးကောက်ပွဲ သပိတ်မှောက်ခဲ့သည့် လှုပ်ရှားမှု တစ်ခု

4 comments:

အမြင်မှန်ရလာတာကို ကြိုဆိုပါတယ် အမေစု
ဒီအသက်အရွယ်မှ အမြင်မှန်မရလည်း သေဖို့သာရှိတော့တယ်
အမေစုအမြင်တွေမှားခဲ့လို့ ဒုက္ခရောက်ခဲ့ရတဲ့လူတွေလည်းအများကြီး၊ တိုင်းပြည်လည်းတိုးတက်မလာဘူး

I don't like the way you express Daw Su Kyi and NLD although I never support them.

နိုင်ငံရေး နဲ့  နိုင်ငံရေး သမား ဆိုတာ ဒီလိုပဲ သာကူး နဲ့  သာပေါင်းညာစားပဲရှိတယ်၊

အင်း... ကောင်းတော့ကောင်းနေပြီ၊ မြန်မာ့နိုင်ငံရေး က။
ှုwhy do our country still in undeveloped condition,although present of these guys who self-esteemed themselves as overbearing of wise man. something's wrong?

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်