၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကန့်ကွက်ခဲ့ကြပြီး ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့ကြတဲ့ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ ဝင်လုပ်မယ့် အဒဖ ပါတီနဲ့ အခြားပါတီများဟာ အခုတော့ ရှေ့မျက်နှာ နောက်ထားပြီး အပြိုင်အဆိုင် မှတ်ပုံတွေ တင်နေကြပါပြီ။ အစိုးရသတင်းစာတွေကို အားကိုတကြီးနဲ့ ၎င်းတို့ရဲ့ အလံတွေ၊ တံဆိပ်တွေကိုလည်း ကန့်ကွက်နိုင်ကြောင်းလည်း ဖော်ပြနေပါပြီ။
အဒဖ ပါတီဟာ အမြင်မှန်ရလာပြီး လွှတ်တော်ရဲ့ ပြင်ပမှာ နေခြင်းကို မိုက်မဲခြင်း လို့ သိရှိလာကာ လွှတ်တော်ထဲကို ဝင်နိုင်ဖို့ ကြိုးစားနေပေမယ့်လည်း ပါတီတံဆိပ်ရော အလံရောကတော့ တိရစ္ဆာန် သံသရာထဲကနေ မထွက်နိုင်သေးပါဘူး။
ရုရှားနိုင်ငံရောက် အဆင့်မြင့် ပညာသင်တစ်ဦးကတော့ "သူ့ဘာသူ ခွပ်ဒေါင်းပဲဖြစ်ဖြစ်၊ က ဒေါင်းပဲဖြစ်ဖြစ်... တိရစ္ဆာန်က တိရစ္ဆာန်ပဲ... အဲဒီ တိရစ္ဆာန်ကို အလံထောင် လွှင့်ပြီး လူတွေက ဦးညွတ်အလေးပြုနေကြမှတော့.. အဲဒီလူတွေက တိရစ္ဆာန်လောက် မမြင့်မြတ်လို့ပေါ့..." လို့ပြောခဲ့ဖူးပါတယ်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်