
အမေရိကန် ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဂျိမ်းစ်ဖိုလေကို အစ္စလာမ္မစ်စစ်သွေးကြွ IS အဖွဲ့က ခေါင်းဖြတ်သတ်လိုက်ကြောင်း သတင်းထွက်ပေါ်လာ၍ အိုကေတို့ သတင်းထောက်လောက လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။တချို့က တောက် ခေါက် ကြသည်။ တချို့က ဖောက်သောက်ကြသည်(ဒေါသထွက်ပြီး စိတ်လှုပ်ရှားလွန်း၍ ရေသန့်ဗူးသောက်ခြင်း)။ အားလုံးက IS အဖွဲ့၏လုပ်ရပ်ကို လက်မခံကြ။ ဟုတ်တယ်လေ။ ဘယ်နိုင်ငံက သတင်းထောက်ဖြစ်ဖြစ် အားလုံးက မီဒီယာသမားများဖြစ်၍ မြန်မာပြည်က သတင်းထောက်များကလည်း ဘ၀တူတွေလို သဘောထားကာ အမေရိကန်သတင်းထောက်ဘက်က နာကြသည်။ ခံပြင်းကြသည်။ဒါ မီဒီယာဖိနှိပ်မှုတောင်...