ဗိုလ်ချုပ်မောင်အောင်အုန်းကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ဒီကနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွတ်တော် အရေးပေါ်အစည်းအဝေးမှာ ကန့်ကွက်သူမရှိဘဲ သဘောတူခဲ့ကြပါတယ်။
ဗိုလ်ချုပ်မောင်မောင် အုန်း ကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့ သမ္မတဦးသိန်းစိန်က သ၀ဏ်လွှာပို့ခဲ့ပြီး တဲ့နောက် အရေးပေါ်အစည်း အဝေးခေါ်ယူပြီး အတည်ပြုခဲ့တာလို့ ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ စစ်တွေအမှတ် ၂ မဲဆန္ဒနယ်မြေ က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်က ပြောပါတယ်။
“၂၅ ရက်နေ့က ဗိုလ်ချုပ်မောင်မောင်အုန်းကို ၀န်ကြီးချုပ်အဖြစ် ခန့်အပ်မယ့်ဟာကို ကန့်ကွက်မယ့်သူ ရှိတယ်ဆိုရင် ကန့်ကွက်လွှာတင်နိုင်တယ်ဆိုပြီး ၂၇ ရက်နေ့ နောက်ဆုံးထား တင်ပါဆိုပြီး ပြောထားတဲ့ဟာက ၂၇ ရက်နေ့ထိ အဲလိုမျိုး ကန့်ကွက်လွှာတင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တယောက်မှ မရှိတဲ့အတွက်ကြောင့် ဒီနေ့ကျနော်တို့ လွှတ်တော်ကျင်းပတဲ့အချိန်မှာ ကန့်ကွက်မယ့်သူ မရှိတဲ့အတွက်ကြောင့် ရခိုင်ပြည်နယ်လွှတ်တော် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့ သဘောတူလိုက်တာပေါ့။ သဘောတူတယ်လို့ လွှတ်တော်ဥက္ကဋ္ဌကကြေညာပြီး လွှတ်တော်ကို ရုပ်သိမ်းလိုက်တာပေါ့။”
ဗိုလ်ချုပ်မောင်မောင်အုန်းက သူသာ ပြည်နယ်ဝန်ကြီးချုပ်တာဝန်ယူတဲ့အခါ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို တိတိကျကျအကောင်အထည်ဖော်မယ့်အကြောင်း။ သမ္မတက ပေးတဲ့ ထောက်ပံ့ကြေး ၁၅ ဘီလီယံကို ရခိုင်ပြည်နယ်အတွက် အကျိုးရှိရှိသုံးမယ့်အကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်ကိစ္စကို အကောင်အထည်ဖော်မယ့်အကြောင်း ကတိပြုထားတယ်လို့ ဦးအောင်မြတ်ကျော်က ပြောပါတယ်။
ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးလှဟန်ကလည်း ၀န်ကြီးချုပ်အဖြစ် သဘောတူတာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။
“သမ္မတက တာဝန်ပေးတယ်ဆိုတာက အကောင်းဆုံးအနေအထားကို စဉ်းစားပြီးတော့မှ သင့်တော်မယ်ထင်လို့ အကြီးအကဲနေရာ တင်လိုက်တယ်။ သူ့အနေနဲ့လည်း ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့ အတွေ့အကြုံလေးတွေ ရှိပါတယ်။ ရခိုင်ပြည်နယ်အကြောင်းကို နည်းနည်လေးသိနေတဲ့သဘောရှိပါတယ်။ ဒီမတိုင်ခင် ရခိုင်ပြည်နယ် ပဋိပက္ခကိစ္စမှာ သူလာပြီး ကိုင်တွယ်တာရှိတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်ဟာ သူ့အတွက် မစိမ်းဘူး။ သူကိုယ်တွယ်တဲ့အခါမှာလည်း လွယ်လွယ်ကူကူနဲ့ အဆင်ပြေနိုင်မယ်။”
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်တိုင်းရင်းသား မဟုတ်ခြင်း တပ်မတော်လာသည့် ဝန်ကြီးချုပ်ဖြစ်ခြင်းကို မေ့ထားရန် ရခိုင်အမျိုးသားပါတီမှ ဒု-ခေါင်းဆောင် ဒေါက်တာအေးမောင်က ဇွန် ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ပြည်နယ်လွှတ်တော်ရဲ့ ဒီကနေ့ အဆုံးအဖြတ်ကို သမ္မတထံပေးပို့ပြီးတဲ့အခါ လွှတ်တော်မှာ ထပ်မံအတည်ပြုပြီးမှ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆို တာ ၀န်ထမ်းဆောင်ဖို့ဖြစ်ပြီး သက်တမ်းအားဖြင့် ၁ နှစ်ခွဲဝန်းကျင် ထမ်းဆောင်ရမှာဖြစ်ပါတယ်။
.. www.MyanmarExpress.net

5 comments:
တကယ်တော့ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်ပိုင်းနေရာတွေဟာ
တပ်မတော်သားတွေနဲ့သာအသင့်တော်ဆုံး လို့ထင်ပါတယ်။
သူတို့က အောက်ခြေကနေ အရည်အချင်းအလိုက် အဆင့်ဆင့်တက်လာရတာ ဖြစ်လို့ ခံစားချက်နဲ့ တော်လှန်ဖို့စိတ်သာရှိတဲ့ နိုင်ငံရေးသမားတွေထက်စာရင် ပိုပြီး အောက်သက်လည်းကျေပါတယ်။ အုပ်ချုပ်ရေးပိုင်း နဲ့ ရုံးလုပ်ငန်းတွေမှာလည်း ပိုပြီးနိုင်နိုင်နင်းနင်း ရှိမယ်လို့ ထင်ပါတယ်ခင်ဗျာ။
ဒီလိုဒေသမှာ စစ်ရေးအတွေ့အကြုံက အရေးကြီးတယ်လေ။ လေနဲ့ပြစ်လို့ မရပါ။
he s
1-RAKKHINE IS MYANMAR.
2-CHIN IS MYANMAR.
3-KACHIN IS MYANMAR.
4-SHAN IS MYANMAR.
5-KARAN IS MYANMAR.
6-KAYAH IS MYANMAR.
7-MON IS MYANMAR.
8-ALL FAITHFUL CITIZEN ARE MYANMAR.
9-RAKKHINE PROBLEM IS OUR NATIONAL
PROBLEM.
10-ALL FAITHFUL MYANMAR STAY UNITED
AND DEFEND ALL STATES AND DIVISIONS
FROM COMMON ENEMIES.
11-FULLY BELIEVE THE NEWLY APPOINTED
PRIME MINISTER FOR RAKKHINE STATE WILL
FULFILL THE REQUIREMENTS OF RAKKHINE.
12-PLEASE CREATE COAST GUARDS.
13-THE WHOLE COUNTRY INCLUDING
SIX STATES AND NINE DIVISIONS ARE NEED
TO SUPPORT RAKKHINE STATE BECAUSE
RAKKHINE SECURITY AND PEACE AND WELFARE ARE SO IMPORTANT TO THE WHOLE COUNTRY
AND ALL FAITHFUL CITIZENS.
14-BEST WISHERS TO PRIME MINISTER
U MAUNG MAUNG OHN.
မင်းအမေ မင်းလိုး မင်းအဖေကြတော့ ထောက်ခံတယ် ဟုတ်လာ အသာရဲ့
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်