Subscribe to our RSS Feed

" နိုင်ငံကြီးသားပီသစွာ ယဉ်ကျေးသိမ်မွေ့စွာနဲ့ ဝေဖန်အကြံပြုပေးကြပါရန် ဖိတ်ခေါ်ပါတယ်" ~ ဦးရဲထွဋ် (ပြန်ကြားရေးဝန်ကြီး)

From : .. ဦးရဲထွဋ် ( ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး)


ကျွန်တော်ကို ယနေ့ သြဂုတ်လ ၁ ရက်နေ့မှာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန် ပေးအပ်ခြင်းကို ပြည်ထောင်စုလွှတ်တော်က သဘောတူခဲ့ပြီး နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၁၈/ ၂၀၁၄ နဲ့ ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။

ကျွန်တော့်ကို ယုံကြည်စွာတာဝန်ပေးအပ်တဲ့ သမ္မတကြီးနဲ့ တာဝန်ပေးအပ်မှုအပေါ် သဘောတူခဲ့တဲ့ ပြည် ထောင်စုလွှတ်တော်ကို ကျေးဇူးတင်ပါတယ်။ အဲဒီယုံကြည်မှုများနဲ့ ထိုက်တန်တဲ့ ပေးဆပ်မှုအဖြစ် သမ္မတကြီး၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ပါဝင်ထမ်းဆောင် သွားမည်ဖြစ်ကြောင်း ကတိပြုပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနမှာ ရာထူးအဆင့်ဆင့် တိုးမြှင့်တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလအတွင်း ကျွန်တော့် အထက် အကြီးအကဲများဖြစ်ခဲ့တဲ့ ပြည်ထောင်စုဝန်ကြီးဦးကျော်ဆန်း၊ ဦးအောင်ကြည်နဲ့ ညွှန်ကြားရေးမှူးချုပ် ဦးချစ်နိုင်တို့ရဲ့ သွန်သင်ဆုံးမမှုများဟာလည်း ယခု တာဝန်သစ်ကို အောင်မြင်စွာထမ်းဆောင်နိုင်ဖို့အတွက် ကြီးမားတဲ့ ပံ့ပိုးမှုများဖြစ်ပါတယ်။

အဲဒီလိုပဲ ဗိုလ်လောင်းဘ၀ကစပြီး ကျွန်တော်အမှုထမ်းသက်တစ်လျှောက် သင်ဆရာ၊ မြင်ဆရာများ၊ အတူလက်တွဲထမ်းဆောင်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်များ၊ အားပေးကူညီခဲ့တဲ့ မိဘ ညီ အကိုမောင်နှမများနဲ့ ကျွန်တော့်မိသားစုဟာလည်း ဒီတာဝန်ကိုထမ်းဆောင်နိုင်ဖို့အတွက် အထောက်အကူ များဖြစ်ပါတယ်။
ကျွန်တော့်အတွက် ရာထူးတိုးမြှင့်ခံရခြင်းဟာ အခွင့်အရေးကို တိုးမြှင့်ခံစားရန်မဟုတ်ဘဲ တာဝန်ကို ပိုမို ထမ်းဆောင်ရန် ဖြစ်တယ်လို့ပဲ ခံယူထားပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အရေးကြီးဆုံးဆောင်ရွက်ရမယ့်လုပ်ငန်းကတော့ အစိုးရ ဌာနများနဲ့ စာနယ်ဇင်းများအကြား တနည်းအားဖြင့် အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ စတုတ္ထမဏ္ဍိုင်ကြား ကျင့်ဝတ်နဲ့ အပြန်အလှန်လေးစားမှုကို အခြေခံတဲ့ ကောင်းမွန်တဲ့ မီဒီယာဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့ပဲဖြစ်ပါတယ်။


ဒီလိုလုပ်ဆောင်တဲ့အခါမှာ ကျွန်တော့်ကို ယုံကြည်သူရှိသလို၊ မယုံကြည်သူ၊ လက်မခံနိုင်သူတွေလည်း ရှိမှာ ပါ။ မယုံကြည်သေးသူများလက်ခံလာအောင် ပူးပေါင်းဆောင်ရွက်လာအောင် အစွမ်းကုန်ကြိုးစားပါ့မယ်။ ကျွန်တော့် လုပ်ငန်းများကိုရိုးသားပွင့်လင်းစွာပဲဆောင်ရွက်မှာဖြစ်ပြီး အယူအဆအားလုံး အထူးသဖြင့် မတူ ကွဲပြားတဲ့အမြင် များကို ပိုပြီးအလေးထားနားထောင်ပါ့မယ်။
ကျွန်တော့်ရဲ့ Facebook စာမျက်နှာကိုလည်း ဆက်ပြီးဖွင့်ထားပါ့မယ်။

ဝေဖန်အကြံပြုလိုသူများကလည်း ဒီစာမျက်နှာကနေ နိုင်ငံကြီးသားပီသစွာ ယဉ်ကျေးသိမ်မွေ့စွာနဲ့ ဝေဖန်အကြံပြုပေးကြပါရန် ဖိတ်ခေါ်ပါတယ်။

.. www.MyanmarExpress.net
 

8 comments:

မ လေး ရှား ကို မြန် မာ တွေအ လုပ် မ လုပ် ရန် ဥ ပ ဒေ နှင့် ပိတ် ပေး ပါ

ဌာ န ဆိုင် ရာ လဒ် စား မူ ကြိး ထွား နေ ပါ သည်
အ ရေး ယူ ပေး ပါ

သူ ပုန် တွေ ကို ညှာ နေ ခြင်း သည် သူ ပုန် တွေ လက်နက် စု လူ စု အ ချိန် ပေး သ လို ဖြစ် နေ ပါ သည် ပြတ် သား စွာ အ ရေး ယူ ပါ

သမ္မတ လွှတ် တော် စစ် ဦး စိး ခူပ် တို့ လုပ် ရပ် ကြောင့် စစ် သား များ စ တေး ရ တာ များ လှ ပါ ပြိ အ မိ စစ် သား ခြောင်း မြောင်း ပစ် ခတ် အ သတ် ခံ အ ဖမ်း ခံ ရ လျင်
လျင် မြန် စွာ လက် တုံ့ ပြန် စေ ချင် သည်


စစ် သား တို့ တာ ဝန် သည် အ သက် ပင် သေ နိုင် ပါ သည် အ ခြား ဝန် ထမ်း တွေ ထက် လ စာ ပို ပေး ပါ ခံစား ခွှင့် ပြု ပါ

ကျ နော် သာ စစ် ဦး စိး ခူပ် ဖြစ် လျင်

အ မိ စစ် သား အ သတ် ခံ အ ဖမ်း ခံ ခြောင်း ပစ် ခံ ရ လျင် ပစ် သော သူ ပုန် အ ဖွဲ့ အား စစ် ကျေ ညာ ပြိး အ ပြတ် တိုက် ပစ် မည်

ပခက တာ တိး

အရင် ဝန်ကြီးလက်ထက်က ဌာနတွင်း ရာထူး တိုးမှာ စာမေးပွဲမူနဲ့ ပေးတော့ တကယ်အလုပ်မလုပ်ဘဲစာမေးပွစောင့်ဖြေနေတဲ့လူတွေဘဲရာထူးရသွားတယ် လုပ်ငန်းခွင်မှာ တကယ်လုပ်နေတဲ့ သူတွေနစ်နာခဲ့ရပါတယ် ဝန်ကြီသစ်အနေနဲ့ ဘယလိုဖြေရှင်း ပေးမှာလဲလို့ ဝန်ထမ်းအများစုက စောင့်ကြည့်နေပါတယ်ခင်ဗျ

ဆက်လုပ်ပါ ထောက်ခံပါတယ်

လေးစားပါတယ်အဘ

သမ္မတ လွှတ် တော် စစ် ဦး စိး ခူပ် တို့ လုပ် ရပ် ကြောင့် စစ် သား များ စ တေး ရ တာ များ လှ ပါ ပြိ အ မိ စစ် သား ခြောင်း မြောင်း ပစ် ခတ် အ သတ် ခံ အ ဖမ်း ခံ ရ လျင်
လျင် မြန် စွာ လက် တုံ့ ပြန် စေ ချင် သည်
Mr, President. We earnestly urge you to revise your policy of peace at all costs.

1-THANK VERY MUCH TO THE INFORMATION
MINISTER U YE HTUT FOR HIS WELCOME
INVITATION OF DECENT COMMENTS AND SUGGESTIONS
MAINLY AIM FOR THE MYANMAR NAING GAN TAW AND THE PEOPLE.
2-REQUEST KINDLY TAKE EFFECTIVE ACTIONS
IF THOSE COMMENTS ARE RIGHT AND BENEFIT
TO MYANMAR AND THE PEOPLE.
REQUEST TO PUT UP TO AUTHORITY IF THOSE
COMMENTS AND SUGGESTIONS ARE RIGHT
AND BENEFIT TO MYANMAR NAING GAN TAW.
3-NOTICED MANY OCCASIONS MINISTER
U YE HTUT DONE GREAT JOB AND FULL CONTROL FOR DEALING WITH ALL; LOCAL MEDIA
AND INTERNATIONAL MEDIA.

ONCE AGAIN THANK YOU

နိုင်ငံကြီးသားကတော့ ဘယ်သူမှမပီသဘူး ၀န်ကြီးရေ
လမ်းပေါ်ရောက်တာနဲ့ ကွမ်းတံတွေးနဲ့ထွေးခံရဖို့ပြင်ထား
မီးစိမ်းလို့လဲရဲရဲမမောင်းနဲ့မီးနီဖြတ်လာတဲ့ကောင်ကဖြတ်
တိုက်သွားမယ်
မှန်တာကိုယဉ်ယဉ်ကျေးကျေး FB မှာရေးရင်လဲဆဲနည်းပေါင်းများစွာရရရှိမှာသေချာတယ်
မြန်မာလူမျိုးတွေ (၈၈)နောက်ပိုင်းတော်တော်ယဉ်ကျေးမှုပျက်ယွင်းသွားပြီ
အထူးသဖြင့် နစ်နေမန်း တို့ ခွန်ဒီယမ်းတို့ဆိုတာသူတို့ရေးတာဘယ်လောက်မှန်မှန် ရိုင်းလွန်းအားကြီးလို့မဖတ်တော့ဘူး
အဲဒီတော့ဗျာ လူတိုင်းကိုRespect မလိုသေးပါဘူးလုပ်စရာရှိတာရဲရဲလုပ်ပါ

၃ ရက် သြဂုတ် ၂၀၁၄ နေ့က နေပြည်တော်ဗဟိုဘဏ်ကို ရောက်ပါတယ် နိုင်ငံတော်ရဲ့ စံပြ ဘဏ် ဦးဆောင်ဘဏ် တစ်ခုအနေနဲ့ သန့်ရှင်းဖို့လိုပါတယ် ဝင်သွားလိုက်တော့ နာခေါင်းပိတ်ပြီးတော့ ဝင်ရတယ် နံဆော်နေတာပဲ အထဲ မှာအလုပ်လုပ်နေတဲ့သူတွေ နာခေါင်း မပါတဲ့အတိုင်းပါပဲ အဲနေရာမှာ နိုင်ငံခြားသားသာဆိုရင် တော့ ဘယ်လိုမြင်မှာလဲ တွေးကြည့်ပါဗျာ ကောင်စေချင်လို့ပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်