Subscribe to our RSS Feed

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လုံးဝအနားယူသွားပြီဟု သမ္မတ၏ နိုင်ငံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်ပြောကြား

From : မာင်ကျော်
Ref: Nation (29.2.2012)



နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်၏ နိုင်ငံရေးဆိုင်ရာ အကြံပေးပုဂိ္ဂုလ် ဦးကို ကိုလှိုင်အား ထိုင်နိုင်ငံအခြေစိုက် နေရှင်း သတင်းစာ အယ်ဒီတာချုပ် ဆူသီချိုင်း ယွန်းက သီးခြားတွေ့ဆုံမေးမြန်းခန်းတစ် ရပ်တွင် နိုင်ငံတော်သမ္မတ၏ အကြံပေး ပုဂိ္ဂုလ်က လက်ရှိမြန်မာနိုင်ငံ၏ ဖြစ်ပေါ် ပြောင်းလဲမှုများကို ရှင်းလင်းပြောကြားခဲ့ ကြောင်းသိရသည်။ ထိုသို့ပြောကြားရာ တွင် ဦးကိုကိုလှိုင်က မြန်မာနိုင်ငံ၏ လက် ရှိ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများသည် နောက်ပြန်လှည့်မည့် ပြောင်းလဲမှုမဟုတ် ကြောင်း၊ နိုင်ငံတော်သမ္မတကြီးအနေဖြင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို ဖွဲ့ စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ စိတ်အားထက်သန်စွာ လုပ်ဆောင် လျက်ရှိနေပါကြောင်း၊ ယခုအခါမြန်မာ ပြည်သူများအနေဖြင့် ဒီမိုကရေစီအခွင့် အလမ်းများကို ထိတွေ့ခံစားနေကြရပြီ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ဖြစ်ပေါ် ပြောင်းလဲမှုအစဉ်သည် နိုင်ငံတကာက လိုလားတောင့်တနေသော လမ်းကြောင်း ပေါ်ဦးတည်လျှောက်လှမ်းနေပါကြောင်း ပြောကြားခဲ့သည်ဟုဆိုသည်။
ဆက်လက်၍ ဗိုလ်ချုပ်မှူးကြီးသန်း ရွှေ(ငြိမ်း)နှင့်ပတ်သက်၍နေရှင်းအယ်ဒီ တာချုပ်၏မေးမြန်းမှုကို ဦးကိုကိုလှိုင်က ပြောကြားရာတွင် ဗိုလ်ချုပ်မှူးကြီးသန်း ရွှေသည် စစ်သည်တော်တစ်ဦးဖြစ်သည် ကို အယ်ဒီတာချုပ်အနေဖြင့် ကောင်းစွာ သိပြီးဖြစ်ပါကြောင်း၊ဗိုလ်ချုပ်မှူးကြီးသည် စစ်သည်တော်တစ်ဦးဖြစ်သည့်အားလျော် စွာ ၎င်း၏တာဝန်ဝတ္တရားများကို ပြီး မြောက်အောင်မြင်စွာ ထမ်းဆောင်သွား ခဲ့ပါကြောင်း၊ ဗိုလ်ချုပ်မှူးကြီးသည် တိန့် ရှောက်ဖိန်မဟုတ်သလို၊ လီကွမ်းယူလည်း မဟုတ်ပါဘူး။ တရုတ်နိုင်ငံ ၀န်ကြီးချုပ် ဟောင်း တိန်ကျောက်ဖိန်၊ စင်ကာပူ ၀ါရင့်ဝန် ကြီးချုပ်ဟောင်း လီကွမ်းယူတို့ သည် ၎င်းင်းတို့၏ ရာထူးဌာနန္တရများက အငြိမ်းစားယူခဲ့ကြသော်လည်း နိုင်ငံ့ဥ သျှောင် နိုင်ငံ၏ထိပ်တန်းနိုင်ငံရေးခေါင်း ဆောင်အဖြစ် ဆက်လက်ရပ်တည်ခဲ့ကြ ပါကြောင်း၊ သို့သော်ဗိုလ်ချုပ်မှူးကြီးသန်း ရွှေသည် နိုင်ငံရေးလောကကလုံးဝအငြိမ်း စားယူသွားပြီး (Totally resign from politics) ဟုပြောကြားသွားခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ ပြောကြားရာတွင် ဦးကိုကိုလှိုင်က ဒေါ် အောင်ဆန်းစုကြည်သည်နေအိမ်အကျယ် ချုပ်ဖြင့် နှစ်ရှည်လများနေခဲ့ရကြောင်း၊ သူ့ဘ၀ဟာ အထီးကျန်ဆန်ခဲ့ကြောင်း၊ အခုသူလွှတ်လာတာ ဘာမှမကြာသေး ပါကြောင်း၊ သို့သော်သူ့အနေဖြင့် အခု အခါမှာတိုင်းပြည်၏ လက်ရှိဖြစ်ပေါ်နေ သော အခြေအနေများကို ကိုင်တွယ်ဖြေ ရှင်းနိုင်ရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိ သည်ကို တွေ့ရပါကြောင်း၊ နိုင်ငံရေး တည်ငြိမ်မှုအားနည်းခဲ့သဖြင့် ဆယ်စုနှစ် နှစ်စုခန့်ကြာညောင်းခဲ့ပါကြောင်း၊ ယခု ပြည်သူ့လွှတ်တော်တွင်လည်းတပ်မတော် က ချယ်လှယ်စိုးမိုးရန် ရည်ရွယ်ချက်မရှိ ပါကြောင်း၊ လွှတ်တော်တွင် တပ်မတော် က တစ်စိတ်တစ်ပိုင်းပါဝင်နိုင်ရန်အတွက် အမတ် ၂၅ ရာခိုင်နှုန်းမျှသာ နေရာယူ ထားကြောင်း အင်ဒိုနီးရှားနိုင်ငံတွင်မူ တပ်မတော်က ၄၀ ရာခိုင်နှုန်းအထိနေ ရာရယူထားသည်ကို တွေ့ရှရမည်ဖြစ် ပါကြောင်းစသည်ဖြင့် ပြောကြားခဲ့သည် ဟု ဖေဖော်ဝါရီ ၂၉ ရက်နေ့ထုတ်နေရှင်း သတင်းစာတွင် ”Reform in Burma is Irreversible, Says president Thein Sein’s Aide”ခေါင်းစဉ်ဖြင့် ရေးသား ဖော်ပြထားသည်ကို ထုတ်နှုတ်တင်ပြ လိုက်ရသည်။

Myanmar Express

9 comments:

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လောက်တော်တဲ့ လူမျိုး တခါမှမတွေ့ ဖူးပါဘူးဗျာ...တကယ်ပါပဲ ရွေတိဂုံဘုရားကြီးကို ဖြိုချပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေပုံကို ရုပ်ထုလုပ်ပြီး ထိုင်ကိုးကွယ်နေဖို့ ပဲကောင်းတော့တယ်....ကျက်သရေမင်္ဂလာအပေါင်း နဲ့ ပြည့်စုံတဲ့ရုပ်ရည်ပိုင်ရှင်မျိုးပါပဲ.....

haha..I agree with you..he should be god and we should worship him forever.

ကျွန်ုပ်တို့ အဘ လို့ နောက်တစ်ယောက် ပေါ်ထွန်းလာစေချင်ပါတယ်။ အဘ --ရယ် မြန်မာနိုင်ငံ ကြီးကို တည်ငြိမ်း အေးချမ်းပြီး ဖွင့်ဖြိုးတိုး တက်အောင် နှစ်ပေါင်းမနဲ လုပ်ဆောင်ခဲ့ လာခဲ့ပေးတာ ကျွန်တော်တို့ အဘကို ကျေးဇူးတင်လို့ မဆုံးပါဘူး။ အဘ ရယ် အခုံကျွန်တော်စိုးရိမ်တာ က နိုင်ငံ အဖျက်သမား NLD ကို ပါ။ တိုင်းပြည်ကိုဆူပူအောင်ပျက်စီးအောင် လုပ်တော့မှာ။ ဒီ NLD တွေကို အပျက်ခြေမှုန်း ကြဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ အဘ ချမှတ်ပေး ခဲ့တဲ့ လမ်းစဉ် အတိုင်းဘဲ သွားချင်ပါတယ်။

ဒါပေါ့ဗျာ..........
ခင်များတို့ လိုသောက်သုံးမကျတဲ့ကောင်တွေရှိလို့ ပေါ့
ဘာဘဲပြောပြော အနှစ် 20 ကြီးတောင်နော်
ခင်များတို့ လည်းအော်လိုက်ကြတာ 20 ကြီးများတောင်
ဘာထိခရီးပေါက်သွားလဲမသိဘူးမေးလိုက်ချင်တယ်
ဒီမှာတင်ကွာပါတယ်....
ခုလည်းအော်ဦးမို့ လား
တော်ပါတော့ဗျာ.......အနားယူတဲ့လူလည်းယူသွားပြီ
20 နှစ်တောင်အော်လာတာမောသေးဘူးလား
ကြားဖူးလား..........ကြက်လည်းမောစေ ယာလည်းညက်စေဆိုလား
ခုတော့ခင်များတို့ လည်းမောလို့ 
ယာလည်းညက်သွားပြီ......ဟိဟိ
ဘာမှလျှောက်ပြောမနေနဲ့ဦး
အော်လေ...သောက်သုံးမကျမှန်းလူသိလေဘဲ..........
အစွမ်းစဆိုတာ အော်ပြောနေရတာမဟုတ်ဘူးဗျ
လက်တွေလုပ်ပြသွားရတာ.......တွေ့ တယ်နော်......
သူများတွေလုပ်သွားတာ.........
ခင်ညားကြီးတို့ ကတော့ ဒုံရင်းကဒုံရင်းဘဲ
အဲ့ကြောင့်လည်းသောက်ထင်ကိုမကြီးတာခင်ညားတို့ ဆို......
နာနဲ့နော်......အမှန်ပြောတာ......

ဆယ်စုနှစ်တစ်ခုစာ ကြိုတွေးထားနိုင်တဲ့ ဦးနှောက် ၊ အကွက်ကျကျ ချတတ်တဲ့ plan ၊ လုပ်ချင်ပြီဆို ဘယ်သူ့ စကားမှ နားမယောင်တဲ့ ခေါင်းမာတဲ့စိတ်ဓါတ် ... ဒီလို အရည်အသွေးနဲ့ လူ မြန်မာပြည်မှာ ခုထိ မရှိသေးဘူး .. မှီဖို့ မပြောနဲ့ တွေးတတ်အောင်လေးပဲ level လိုက်ညှိကြည့်ကြဦး

ဗိုလ်ချုပ်မှူးကြီးသန်း ရွှေသည် စစ်သည်တော်တစ်ဦးဖြစ်သည် ကို အယ်ဒီတာချုပ်အနေဖြင့် ကောင်းစွာ သိပြီးဖြစ်ပါကြောင်း၊ဗိုလ်ချုပ်မှူးကြီးသည် စစ်သည်တော်တစ်ဦးဖြစ်သည့်အားလျော် စွာ ၎င်း၏တာဝန်ဝတ္တရားများကို ပြီး မြောက်အောင်မြင်စွာ ထမ်းဆောင်သွား ခဲ့ပါကြောင်း၊ ဗိုလ်ချုပ်မှူးကြီးသည် တိန့် ရှောက်ဖိန်မဟုတ်သလို၊ လီကွမ်းယူလည်း မဟုတ်ပါဘူး။ တရုတ်နိုင်ငံ ၀န်ကြီးချုပ် ဟောင်း တိန်ကျောက်ဖိန်၊ စင်ကာပူ ၀ါရင့်ဝန် ကြီးချုပ်ဟောင်း လီကွမ်းယူတို့ သည် ၎င်းင်းတို့၏ ရာထူးဌာနန္တရများက အငြိမ်းစားယူခဲ့ကြသော်လည်း နိုင်ငံ့ဥ သျှောင် နိုင်ငံ၏ထိပ်တန်းနိုင်ငံရေးခေါင်း ဆောင်အဖြစ် ဆက်လက်ရပ်တည်ခဲ့ကြ ပါကြောင်း၊ သို့သော်ဗိုလ်ချုပ်မှူးကြီးသန်း ရွှေသည် နိုင်ငံရေးလောကကလုံးဝအငြိမ်း စားယူသွားပြီး (Totally resign from politics) ဟုပြောကြားသွားခဲ့ကြောင်း။ အားကျပါတယ် အဘရယ်။ မျိုးချစ်စိတ်ဓာတ်ကို နောက်လူတွေ အတုယူနိုင်အောင် လမ်းစဉ်တွေချပေးခဲ့တာ ဂုဏ်ယူပါတယ်။ ဦးကိုကိုနိုင်ကလည်း လီကွမ်းယုတို့နဲ့ သွားနှိုင်းသေးတယ်။ မသိလို့ပြောတာလား တမင်ပြောတာလား။

ဗိုလ်သန်းဟာမျိုးချစ်စိတ်ဓာတ်အားကြီးသူပါ

အဘဟာလူတော်ပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်