Subscribe to our RSS Feed

ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့မှ ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့သို့ တင်သွင်းထားသည့် ဆွေးနွေးရေးအဆင့်(၃)ဆင့်



၁။ ပြည်ထောင်စုသမ္မတမြန် မာနိုင်ငံတော်အစိုးရနှင့် ကေအိုင် အိုတို့သည် တိုင်းရင်းသားများ၏ အကျိုးငှာလည်းကောင်း၊ ပြည် ထောင်စုကြီး တည်ငြိမ်အေးချမ်း ရေးအတွက်သော်လည်းကောင်း ရှေးရှု၍ နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းရေးဆွေးနွေးသွားရန်ရည် ရွယ်သည်။
ထာဝရတည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန် အလို့ငှာ ပင်လုံကတိက၀တ်နှင့် ပင်လုံစာချုပ်ကို အခြေခံ၍ အမျိုးသားတန်းတူမှုနှင့် တိုင်းရင်းသား များ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင် ခွင့်များအပေါ်အခြေခံ၍ အလေး အနက်ထားဆွေးနွေးသွားမည်။
၂။ ထိုသို့ ဆွေးနွေးညှိနှိုင်းရာ တွင် အဆင့်(၃)ဆင့် ပိုင်းခြားကာ ဆွေးနွေးသွားမည်။
(က) ပထမအဆင့်
(၁) ပထမအဆင့်ဆွေးနွေးမှု သည် နိုင်ငံရေးအရ ညှိနှိုင်းဆွေး နွေးသွားမည့် အစီအစဉ်တစ်ခုလုံး အတွက် ပဏာမဆွေးနွေးခြင်းဖြစ် သည်။
(၂) နိုင်ငံတော်အစိုးရနှင့် ကေ အိုင်အိုတို့ နှစ်ဖက်လုံးမှ နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်သွားလို သောဆန္ဒရှိရမည်။
(၃) ပြည်သူအများသို့ မှန်ကန် သောသတင်းများကို ထုတ်ပြန်ရ မည်။
(၄) တစ်ဖက်နှင့်တစ်ဖက် ပုတ် ခတ်ပြောဆိုခြင်း၊ မတရားစွပ်စွဲ ခြင်းများကို ရှောင်ကြဉ်ကြရမည်။
(၅) ပြဿနာဖြစ်ပွားနိုင်သော ဒေသများရှိ နယ်ဖက်တပ်စခန်း များကိစ္စကို နှစ်ဦးနှစ်ဖက် သဘော တူညီမှုရသည်အထိ ဆွေးနွေးပြီး ရရှိပြီးသော သဘောတူညီချက် များကို ရက်သတ်မှတ်၍ဆောင် ရွက်သွားရမည်။
(၆) ဖမ်းဆီးထားသူများရှိပါက (နှစ်ဖက်) ပြန်လည်လွှတ်ပေးရ မည်။
(၇) လိုအပ်သောကိစ္စရပ်များ ညှိ နှိုင်းဆွေးနွေးဆောင်ရွက်နိုင်ရန် ဆက်ဆံရေးစခန်းများထားရှိမည်။
(၈) ကြေညာချက် ထုတ်ြပန်၍ ပြည်သူလူထုအား အသိပေးကြရ မည်။
(ခ) ဒုတိယအဆင့်
(၁) နိုင်ငံတော်အစိုးရနှင့် တိုင်း ရင်းသားခေါင်းဆောင်များ ပါဝင် သည့်(ပင်လုံတွင် ကျင်းပခဲ့ကြသ ကဲ့သို့) ညီလာခံတစ်ရပ်ကျင်းပ မည်။
(၂) နိုင်ငံတော်အစိုးရနှင့် တိုင်း ရင်းသားပြည်သူများအားလုံး၏ သဘောတူညီချက်တစ်ရပ်အတည် ပြုမှတ်တမ်းတင်မည်။
(၃) စစ်ရေးလှုပ်ရှားမှုများ ကြောင့် ပျက်စီးသွားသော ကျေး ရွာများကို ပြန်လည်တည်ဆောက် သွားမည်။
(၄) ဒေသတွင်းရှိ ပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး လုံခြုံ ကောင်းမွန်ရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်တိုးတက်စေရေးအတွက်

လိုအပ်သောပြုပြင်တည်ဆောက် ရေးလုပ်ငန်းများကို နှစ်ဖက် ညှိ နှိုင်းဆောင်ရွက်သွားမည်။
(၅) ဆက်လက်၍ ကျယ်ပြန့်စွာ ဆွေးနွေးရန်ရှိသည်များကို နှစ်ဖက် တွေ့ဆုံဆွေးနွေးညှိနှိုင်းသွားကြရ မည်။
(ဂ) တတိယအဆင့်
(၁) ဒုတိယအဆင့်တွင် မှတ် တမ်းတင်ထားသော နိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသားပြည်သူ များအားလုံး၏သဘောတူညီချက်

တွင်ပါရှိသည့်အတိုင်း နိုင်ငံတော် အစိုးရ၊ ပညာရှင်များနှင့် တာဝန် ပေးအပ်ခြင်းခံရသည့် တိုင်းရင်း သားခေါင်းဆောင်များမှ ဆက် လက်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်