Subscribe to our RSS Feed

မြန်မာပြည်သူတွေဦးနှောက်ရှိစေလို.....(ပေးစာ - ၂၁၄)

From : Mg Moe Htet


ကျွန်တော်တို့နိုင်ငံတော်ဟာ အားလုံးသိတဲ့အတိုင်း ဒီမိုကရေစီနိုင်ငံတော်ဖြစ်ဖို့အတွက် လမ်းကြောင်းမှန်ပေါ်ရောက်အောင် အားလုံးကြိုးစားနေပါသည်......အခုလက်ရှိသမ္မတကြီးဦးသိန်းစိန်က နိုင်ငံတော်ကောင်းကျိုးတွေကို အဆက်မပြတ်လုပ်ဆောင်ပေးနေပါသည်.......ဟိုယခင်ကတော့ ပြည်သူလူထုက 

သမ္မတကြီးဦးသိန်းစိန်ကို တပ်မတော်အစိုးရက ဦးသန်းရွှေတင်ပေးသွားလို့ သိပ်ပြီး သဘောမကျပါဘူးဒါပေမယ် ယခုအခါမှာ သမ္မတကြီး၏ ပြည်သူတွေအပေါ်ထားသော မေတ္တာဓာတ်ဟာ ပြည်သူတွေ၏ အထင်လွဲမှားမှု့  ကို အနိုင်ယူသွားနိုင်ခဲ့ပါတယ်...ယခုအခါ သမ္မတကြီးကို ပြည်သူတွေက အားပေးထောက်ခံလာကြပါတယ်....သမ္မတကြီးဟာ ၂၀၁၀ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ဖွံဖြိုးရေးပါတီကနေ သမ္မတဖြစ်လာသူပါ...သမ္မတကြီးကို ခေါင်းဆောင်ကောင်းဟုမြင်သူတွေရှိသလို...ကြံ့  ဖွတ်က အမျိုးယုတ်လို့ ဆဲနေသူများလည်းတွေ့ရပါသည်(တကယ်စိတ်မကောင်းဖြစ်ရပါသည်)

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချူပ်အောင်ဆန်း၏ သမီး ဒေါ်စုကြည်( NLD ပါတီ)  ၀င်ရောက် ယှဉ်ပြိုင်ပါသည်။မဲဆန္ဒနယ် ၄၇နေရာတွင် ၄၅ခန့်ဝင်ရောက် အရွေးခံပါသည်။ပြည်သူတွေသည် လွတ်လပ်ရေးဖခင် ဗိုလ်ချူပ်အောင်ဆန်း၏ သမီးဟုသော အသိဖြင့် NLD ပါတီကို မဲပေးကြရာ နေရာတိုင်းတွင် မဲအပြတ်အသတ်အနိုင်ရခဲ့ပါသည်။ရှမ်းပြည်နယ်တွင်သာ ကျားဖြူပါတီနှင့် နောက်ဆုံးထိအပြိုင် ဖြစ်ခဲ့ပါသည်။ ဒေါ်စု၏ ပါတီသည်.....ရွေးကောက်ပွဲ မတိုင်ခင် မဲဆွယ်စည်းရုံးပါသည်(ဒေါ်စုကိုယ်တိုင် ကျွန်တော်တို့ မန္တလေးနားက အောင်ပင်လယ်ကန်တွင် မဲဆွယ်ခဲ့ပါသည်)။လူထုအများလာရောက်အားပေးခဲ့ကြပါသည်။NLD ပါတီဝင်များ နိုင်ငံအနှံအများအပြား တိုးများလာပါသည်။သိုသော် ဒေါ်စုကြည်နှင့် အပေါင်းအပါများ လွတ်တော်ထဲ ရောက်သောအခါ အချိုးပြောင်းကုန်ပါသည်။နောက်တစ်ကြိမ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲသည် ၂၀၁၅တွင် စတင်မည် ဖြစ်သည်။ဒေါ်စုကြည်၏ တစ်ကိုယ်ကောင်းဆန်သော သမ္မတဖြစ်ချင်စိတ်များ ပေါ်ပေါက်လာသည်။

 
 Myanmar Express 

1 comments:

အင်း တစ် ၀က် တစ် ပျက် ပဲ ရောက် သွား တာ ကိုး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်