Subscribe to our RSS Feed

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၁၅ / ၂၀၁၄)
၁၃၇၆ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက်
(၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်)

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (ဂ) နှင့် ပုဒ်မ ၂၆၁၊ ပုဒ်မခွဲ (ဂ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ (က)၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (က) တို့ပါ ပြဋ္ဌာန်းချက်များအရ ရခိုင်ပြည်နယ်
လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်အုန်းအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။


(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

2 comments:

ပြည်နယ်လုံခြုံရေးနှင့်ဖွံ့ဖြိုးရေးကို
အကောင်းဆုံးဆောင်ရွက်နိုင်ပါစေလို့
ဆုတောင်းလိုက်ပါတယ်။
ဗမာ ရခိုင် မခွဲခြားဘဲ ပြည်ထောင်စုစိတ်တတ်ဖြင့်
စွမ်းဆောင်နိုင်သူ အမျိုးသားကောင်း တပ်မတော်သား
တစ်ဦးဖြစ်သည့် အတွက် ဂုဏ်ယူလေးပါတယ်။
ပြည်နယ်သူ ပြည်နယ်သား ကြိုဆို အားကိုးလျှက်ပါ။

ကြိုဆိုပါတယ်။

ညှိနှိုင်းနေတာ တွေက ကြိုးရှင်းရင်းနဲ့ မိုးလင်းနေတာ။

ပြတ်သားစရာရှိရင် ပြတ်သားရမယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်