Subscribe to our RSS Feed

တော်ရုံပဲ ကောင်းပါသည်။ (မီဒီယာများသို့) (ပေးစာ - ၈၁)

အခုတလော ဂျာနယ်တွေမှာ ဖတ်ဖတ်နေရတာလေးတွေ များလို့ ဒီ POST လေး
ရေးဖြစ်သွားပါတယ်။ ရေးခွင့်ရလာတယ်ဆိုတာနဲ့ အတင်း Pop ဖြစ်အောင်
ရေးကြတော့တာပဲ။ ဦးဇာဂနာ အကြောင်းလေး စပြောချင်ပါတယ်။ ဦးဇာဂနာက
ပြည်သူချစ်သော အနုပညာရှင်တဲ့ ဂျာနယ်တော်တော်များများက ရေးကြတာပါ။
ကျွန်တော်တို့ ပြည်သူတွေက ဦးဇာဂနာကိုတကယ်ရော ချစ်လို့ပါလား။
အမှန်အတိုင်း ဝန်ခံရရင် ကျွန်တော် ဦးဇာဂနာ သရုပ်ဆောင်တာတွေ
ပြက်လုံးတွေကို ကြိုက်ပါတယ်။ ချစ်လားဆိုတော့ မဟုတ်တော့။ ပြည်သူချစ်တဲ့
အနုပညာရှင်ဆိုတာက ပြည်သူတွေက သူထွက်သမျှ သူပါသမျှ အခွေတွေမလွတ်တမ်းကြည့်
သူ့ကို တခဲနက်အားပေး မိတ်ဆက်စကားတွေပြော ဒီလိုမျိုးဖြစ်ရမှာပါ။ ဥပမာ
နေတိုးတို့ ပြေတည်ဦးတို့ တတွေပေါ့။ ဦးဇာဂနာကို ကြိုက်လားလို့
မေးကြည့်ပါ သာမာန်ရုပ်ရှင်ကြည့် ပရိတ်သတ်အချို့ကတော့
မဆိုးပါဘူးလို့ပြောပါလိမ့်မယ်။ 5 Star အဖွဲ့လိုမျိုး
တခဲနက်အားပေးတာမျိုးမဟုတ်။ လက်ရှိ ဦးဇာဂနာကို အားပေးနေကြတာက
အနုပညာဆိုတာထက် သူ့ရဲ့ ထိမိတဲ့ ပြက်လုံးတွေနဲ့ နိုင်ငံရေးကို သတ္တိရှိရှိ
လုပ်နိုင်ခဲ့ လုပ်နိုင်ဆဲမို့လို့လေးစားတဲ့ စိတ်နဲ့ အားပေးကြတာပါ။
တနည်းပြောရရင် ဦးဇာဂနာက ပြည်သူချစ် အနုပညာရှင်မဟုတ်ပါဘူး။
ပြည်သူကလေးစားတဲ့ အနုပညာရှင်တစ်ဦးပါ။ နောက် သံဃာ့အာဇာနည်တဲ့။
ဘုရားရှင်လက်ထက်ကတည်းက သံဃာ့ အာဇာနည်ဆိုတာရှိခဲ့ပါတယ်။ သို့သော်
သတ်မှတ်ပုံခြင်းကတော့ မတူ သာသနာအတွက် အသက်ပေးခဲ့ကြတဲ့၊ သာသနာအတွက်
ကိုယ်ကျိုးစွန့်ခဲ့ကြတဲ့ သံဃာတော်တွေကို သံဃာ့အာဇာနည်လို့ခေါ်တာပါ။
အခုတော့ဒီလိုမဟုတ် လောကုတ်တရာ အားထုတ်ရမယ့် သံဃာတော်တွေက
လောကီအရေးတွေးမိကာ လမ်းပေါ်တက်လို့ တန်းစီဆန္ဒပြပြီး အဖမ်းခံခဲ့ရရင်
သံဃာ့အာဇာနည်တဲ့။ တကယ်တမ်း ရွှေဝါရောင်တော်လှန်ရေးက
ရင်နင့်စရာကောင်းခဲ့ပါတယ်။ သံဃာတော်တွေ သွေး မြေခခဲ့ရပါတယ်။ သူတို့ကို
အသိအမှတ်ပြုရမှာက မြန်မာပြည်ကောင်းစားမှာကို လိုလားတဲ့
မြန်မာပြည်ကိုချစ်တဲ့ မြန်မာပြည်အတွက် အသက်ပေးရဲတဲ့ သူတို့တွေက
မြန်မာပြည်သားကောင်းတွေ အဖြစ်နဲ့ပါ။ နောက် ပြည်သူချစ်သော ကျောင်းသား
သူရဲကောင်းများ။ သူတို့သည် အမျိုးဘာသာ စာပေတိုးတက်အောင်လုပ်ခဲ့သလား။
ဒါမှမဟုတ် တိုင်းပြည်တိုးတက်အောင်ပဲ ကိုယ်ကျိုးစွန့်ခဲ့သလား။ လမ်းပေါ်ထွက်
ဆန္ဒပြပြီး အဖမ်းခံရရုံနဲ့ သူရဲကောင်းမဖြစ်နိုင်ပါဘူး။ သူရဲကောင်းဟူသည်
တိုင်းပြည်အတွက် အသက်စတေးပြီး တိုင်းပြည်တိုးတက်အောင်
ဖော်ဆောင်နိုင်ခဲ့သူတွေကိုသာ သူရဲကောင်းဟုခေါ်နိုင်ပါသည်။
ဦးမင်းကိုနိုင်တို့ ဦးဋ္ဌေးကြွယ်တို့ အပါအဝင် လက်ရှိလူသိများတဲ့
၈၈မျိုးဆက်ကျောင်းသားများဟူသည် ဆန္ဒပြလိုက် ထောင်ကျလိုက်၊ ပြန်လွတ်လာပြီး
ဆန္ဒပြလိုက် ထောင်ပြန်ကျလိုက်နဲ့ပဲ အနှစ်၂၀ကျော်ကို ကုန်ဆုံးခဲ့ရတာပါ။
သူတို့အခုထက်ထိ တိုင်းကျိုးပြည်ပြုလုပ်ငန်းတွေ မလုပ်နိုင်သေးသလို
နောက်လုပ်မလုပ်ကတော့ စောင့်ကြည့်ရဦးမှာပါ။ တနည်းဆိုရသော်
သူရဲကောင်းဖြစ်ဖို့လမ်းစပေါ် တင်လိုက်ပါပြီ သူရဲကောင်းဖြစ်မဖြစ်
စောင့်ကြည့်ဖို့ လိုပါသေးတယ်ဟု ပြောရမည် ထင်ပါတယ်။ လက်ရှိအချိန်အထိ
သူတို့လဲ မြန်မာပြည်သားကောင်းများ အဆင့်သာရှိပါသေးသည်။ ထို့အတူ သူတို့ကို
ပြည်သူတွေက ချစ်တာမဟုတ် ပြည်သူတွေက သူတို့စိတ်ဓာတ်ကို
လေးစားခြင်းသာဖြစ်ပါသည်။ အကယ်၍သာ သူတို့ကို သူရဲကောင်းဟု ခေါ်မယ်ဆို
အရေးအခင်းတုန်းက အသက်ပေးလိုက်ရတဲ့ ကျောင်းသားတွေကိုဆို တင်စားစရာ
စကားလုံးတောင်ရှိမည်မဟုတ်။ နောက် အန်တီစုပုံတွေ အန်တီစုသည်
ပြည်သူချစ်သော် ခေါင်းဆောင်တစ်ယောက်ဖြစ်သည်။ အန်တီစုပုံကို အခုလို
နေရာတကာသုံးနေဖို့ မသင့် အခုတော့ ဘာမဟုတ်တဲ့ သတင်းတစ်ခုတောင်
တစ်မျက်နှာပြည့်အောင် ပုံတွေ ထည့်နေကြသည် ဂျာနယ်ရောင်းကောင်းဖို့ အရေး
အတင်းစွတ်ထည့်နေကြသည်။ နောက် ကာတွန်းလေးတစ်ခုထဲမှာပြောထားသလိ

အမေးအဖြေဆောင်းပါးကအစ အယ်ဒီတာ အာဘော်တွေ ထည့်ရေးကြသည်။ တချိန်ကျရင်
ငါအဲ့အချိန်တုန်းက အဲ့လိုပြောခဲ့တာ ခုဖြစ်လာပြီမဟုတ်လားဆိုတဲ့
အနေအထားမျိုးလိုချင်စိတ်နဲ့တဲ့။ ဟုတ်နိုင်ပါသည် သူတို့
အာဘောတွေပဲဖတ်နေရတော့တယ်။ ပြောရရင် ကိုယ်ချစ်တဲ့
ကိုယ့်ခေါင်းဆောင်တစ်ယောက်ရဲ့ပုံကို အမြဲပေါပေါလောလောသုံးနေဖို့ မသင့်။
အရေးကြီးတဲ့ သတင်းများမှသာ တန်ဖိုးထားဖော်ပြသင့်တယ်လို့
ကျွန်တော်မြင်ပါတယ်။ ပြောရရင် မီဒီယာများခင်ဗျာ
အလွန်အကျွံချီးမြှောက်ဂုဏ်တင်ပြီး ရေးမယ့်အစား အရှိကိုအရှိအတိုင်း
အမှန်ကို အမှန်အတိုင်းပြောသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ အစ်ကိုတို့
ပြောပြောနေတဲ့ မီဒီယာဆိုတာက အစ်ကိုတို့ လုပ်နေတဲ့ ပုံနဲ့
ကွာခြားနေပါပြီ။(အကုန်လုံးဟု မဆိုလိုပါ အချို့အချို့သော မီဒီယာများကို
ဆိုလိုပါသည်)။ ဒါကြောင့် ကျွန်တော် ပြောချင်တာက အစ်ကိုတို့ရယ် တော်ရုံပဲ
ကောင်းပါတယ်။



.

7 comments:

ကောင်းလိုက်တာဗျာ အန်တီစုနဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ လုပ်စားနေကြတဲ့ ဂျာနယ်လစ်တွေဖတ်ဖို့ကောင်းပါတယ်။
လမ်းဘေးခြေနင်းဖတ်မှချပြီး ဗိုလ်ချုပ်ပုံရောင်းစားလိုက်၊ သမီးပုံရောင်း စားလိုက်နဲ့ လုပ်စားတာတွေလဲ တော်လောက်ပါပြီ။

အမှန်တစ်ကယ်လေးစားတယ်ဆိုရင် တန်ဖိုးတော့ထားသင့်တာပေါ့

အကိုပြောတာ မှန်တယ် အမှန်တစ်ကယ်လေးစားမြတ်နိုးတယ်ဆိုရင် တန်ဖိုးထားသင့်တယ် အဲဒီလိုမျိုးဆင်ဖြူတော်မှီပြီုးကံစုပ်နေတာတော့ မကောင်းဘူး

သိပ်ကောင်းတဲ့ ထင်မြင်ယူဆချက်လေးပဲ!!!
သိပ်ကြိုက်တယ်....
တစ်ချို့ဂျာနယ်တွေက တရားလွန် လုပ်လွန်းသလို တစ်ချို့လူတွေကလည်း တရားလွန် လုပ်တာကို ဒီအတိုင်းငြိမ်ခံနေကြတယ်။ အသုံးချခံတွေဖြစ်မှန်းမသိ ဖြစ်ကုန်ကျတာပေါ့-----
တရားကျစရာကောင်းလိုက်တာ

တော်ရုံပဲ
ကောင်းပါတယ်။

I think you all are the best of the best of myanmar, keep it up!

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်